Monday, May 16, 2011

ပီနန်တွင် ရွှေစေတီဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲ

မလေးရှားနိုင်ငံ ပီနန်မြို့ဓမ္မိကာရာမ ကျောင်းတိုက်ကြီးအတွင်း မနေ့ကနှင့်ယနေ့  ၂ရက်ဆက်တိုက်
ကျင်းပခဲ့သောရွှေစေတီကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်

ဘုရားကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနားကိုနိုင်ငံတကာမှ ဆရာတော်ဘုရားကြီး၏ တပည့်ရဟန်းသံဃာ အပါး
၂၀၀ကျော်အပါအဝင် နိုင်ငံတကာမှ လာရောက်ကြသော ဒါကာ၊ ဒါကာမအပေါင်းနှင့် စည်ကား သိုက်မြိုက်စွာ
ကျင်းပခဲ့ပါသည်။
ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနား
ကို အစီအစဉ် (၇)ရပ်ဖြင့်ကျင်းပသွားပါသည်။
ပထမဦးစွာ ကြွရောက်လာသော ရဟန်းသံဃာတပည့်ဒါကာဒါကာမများက နမောတဿ-သုံးကြိမ် ရွတ်
ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပါသည်။ ထိုနောက်ကြွရောက်လာသော တပည့်သံဃာတော်များနှင့် ဧည့်ပရိ သတ်များမှ သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့၍ ဆရာတော်ဘုရားကြီးထံမှ ငါးပါး သီလခံယူကြပါသည်။ ဆက်လက်၍၊ ဦးနန္ဒသီရိ(ကနေဒါ) ရေးစပ်ပူဇော်ထားသော ဆရာတော်ဘုရားကြီးအား ချီးကျူး ဂုဏ်ပြုသော ဂါထာကို ထိုင်ဝမ်ဆရာတော်ဘုရားကြီးမှ ရွတ်ဖတ်ပူဇော်ပါသည်။ အဆိုတော် နီနီဝင်းရွှေနှင့်အတူ အမေ့ရင်သွေး ဦးထွန်းရင်တို့မှ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီးအား ဂုဏ်ပြု ပူဇော်ထားသော "ရွှေတောင်ကြီး ဟီးလို့ပမာ" သီချင်းဖြင့် ဂုဏ်ပြုသီဆို ကန်တော့ကြပါသည်။ ၎င်းနောက် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီးထံမှ ဘဝတစ်သက်တာ အမှတ်ရစရာ သြဝါဒကထာ မိန့် စကားများ မှတ်သားနာယူကြပါသည်။ ကြွရောက်လာသော တပည့်သံဃာတော်များ ကိုယ်စား ထိုင်ဝမ်ဆရာတော်မှ ကျေးဇူးတော်ရှင်ကမ္ဘာ့ဗုဒ္ဓသာသနာပြုပီနန်ဆရာ
တော် ဘုရားကြီးအား အာမိသပူဇာဖြင့် ပူဇော်ကန်တော့ပါသည်။ ထို့နောက် နိုင်ငံတကာမှ ကြွရောက်လာသော ရဟန်းသံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကို နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။















0 ယောက် အကြံပြုထားပါသည်:

Post a Comment