Saturday, April 9, 2011

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) တတိယအကြိမ် ညီလာခံကျင်းပပြီး

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)၏ တတိယအကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညီလာခံ ကျင်းပနေစဉ် (ဓါတ်ပုံ - ရိုးမ ၃)

ညီလာခံ ကျင်းပနေစဉ်

ဧပြီလ (၄) ရက်နေ့မှ စတင်ကာ (၈) ရက်နေ့အထိ (၅)ရက်ကြာ ပြုလုပ်ခဲ့ပြီး အဆိုပါညီလာခံမှနေ၍ မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက်နှင့် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့သည်။

မဟာဗျူဟာလုပ်ငန်းစဉ် ရည်မှန်းချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းရန်ကို ချမှတ်ခဲ့သည်။

မဟာဗျူဟာလုပ်ငန်းစဉ်များအဖြစ် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုအား ကျစ်လစ်ခိုင်မာပြီး စွမ်းဆောင်ရည်မြင့်သော နိုင်ငံရေးအင်အားစု တရပ်အဖြစ် စုစည်းတည်ဆောက်သွားရန်၊ မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အောင်မြင်ရန်အတွက် ပြည်တွင်း/ပ အင်အားစုများ၏ စုစည်းမှုနှင့် ဦးဆောင်မှုကို တည်ဆောက်သွားရန်၊ လူထုတိုက်ပွဲများ ပေါ်ပေါက်လာရေးအတွက် ဦးတည်ကြိုးပမ်းသွားရန်၊ စစ်တပ်/ရဲစသည်တို့အား ပြည်သူ့ဖက် ပါဝင်လာစေရေးအတွက် စည်းရုံးသွားရန်နှင့် ရန်သူ့ ယန္တရား မတည်မငြိမ်ဖြစ်အောင်/မခိုင်မာအောင် လုပ်ဆောင်သွားရန်၊ မိမိတို့၏ ဒီမိုကရေစီ ဖေါ်ဆောင်ရေး လမ်းကြောင်းကို ထောက်ခံပံ့ပိုးစေရန်နှင့် စစ်အုပ်စုအား ဖိအားပေးရန်အတွက် နိုင်ငံတကာအား စည်းရုံးလှုံ့ဆော်သွားရန်တို့ကို ချမှတ်ခဲ့သည်။

ယခုအကြိမ်ညီလာခံမှနေ၍ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ ဒေါ်နိုးနိုးထက်စံအား ရွေးချယ်ခဲ့ပြီး အဆိုပါ ညီလာခံသို့ ကိုယ်စားလှယ် (၃၅) ဦးနှင့် လေ့လာသူ (၄) ဦး တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု အဖွဲ့ကို အဖွဲ့ဝင် အဖွဲ့အစည်း (၇)ဖွဲ့နှင့် တသီးပုဂ္ဂလများဖြင့် ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရိုးမ မှ ကူးယူဖေါ်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment