Tuesday, April 5, 2011

စရန်ဘန်း ပြည်နယ် လင်းကင်း လဝက ထိန်းသိမ်းရေးစခန်းမီးလောင်

မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့် ထိန်းသိမ်းခံနေရသည့် မလေးရှားနိုင်ငံ စရင်ဘန်း seranban ပြည်နယ်အတွင်းမှာ ရှိနေသည့် နိုင်ငံခြားသား များအား ထိန်းသိမ်းထားသည့် လဝက ထိန်းသိမ်းရေးစခန်းတွင် ယနေ့ည ၉ နာရီ ၁၅ မီးနစ်မှ မီးစတင်လောင်နေကြောင်း သိရှိရပါသည်။

မီးလောင်ရခြင်း အကြောင်းအရင်းမှာ.. လင်းခေ လဝက ထိန်းသိမ်စခန်းတွင်းမှာ လက်ရှိရှိနေသည့် ကိုထက်အောင်အား ဆက်သွယ်မေးပြန်ရာတွင် ...အစားအသောက် လုံလောက်စွား မကျွေးခြင်း၊ UN မလာရောက်ခြင်းနှင့် တပတ်လောက်အတွင်းမှ ထားရှိလာသော (လေလာ)အဆောင့်များအား သဘောမကြသောကြောင့် မီးရှိုမှူဖြစ်ပွားကြောင်း ပြောပြပါသည်။

စခန်းတွင်း မြန်မာနိုင်ငံသား ၄၅၀ အပါအဝင် အကျဉ်းကျနေသူ ၁၃၀၀ ကျော်ရှိပြီး A, B, C, D ဟူ၍ ၄ဆောင် ခွဲထားကြောင်း၊ D အဆောင်တွင် အကျဉ်းကျများ မထားရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကိုထက်အောင်က (A) အဆောင်ကနေ စတင်ပြီး မီးစလောင်ကြောင်းနှင့် လက်ရှိအကျင်းသား ၁၀၀ကျော် လောက် ထွက်ပြေးလွတ်မြောက်သွားရာမှ မလေးရှားရဲ၊လေလာ၊ထောင်ရဲ၊အထူးရဲ
(ခေါ်)ထောင် UKP ရဲနှင့် စစ်တတ်များရောက်လာ၍ ထွက်ပြေးသွားသူများအားလိုက်လံဖမ်းစီရာ
၄၀ လောက်ပြန်ဖမ်းမိကြောင်းလဲ သူကဆက်လက်ပြောပြပါသည်။

လက်ရှိလင်းခေ လဝက ထိန်းသိမ်းရေး စခန်းတွင် ၁ နှစ်နဲ့၆လအထိကြာမြင်နေ့တဲ့ UNHCR မှ
လက်မှတ်ထိုးထားသော မြန်မာများလဲ ရှိနေကြောင်းနှင့် လက်ရှိအချိန်တွင် UNHCR မှ လင်းခေ လဝက အကျင်းစခန်းအား လာရောက် ခြင်းမရှိတာ ၂ပိုင်းကစလို့ ယနေ့ထိ လာရောင်ခြင်းမရှိကြောင်းလဲပြောပြပါသည်။

“ဒီမှာ နှစ်တွေကြာပေမယ့် ဘယ်သူမှ လာမထုတ်ဘူး၊ ဘယ်ကိုမှလဲ အကြောင်းကြားမပေးဘူး၊ တချို့က မြန်မာပြည် ပြန်လို့မရတဲ့သူတွေပါတယ်၊ အဲဒါကြောင့် မပြန်ကြဘူး၊ ဒီမှာပဲ UNHCR ကို စောင့်နေတာ၊ UNHCR ကလဲ လာမထုတ်ဘူး၊ ပြီးတော့ အစာရေစာလဲ ဝဝလင်လင်မရှိဘူး၊ တခြားဘာမှလဲ အခွင့်အရေးမရှိဘူး” ဟု ကိုထက်အောင်က ဆက်လက် ပြောပြပါသည်။

လင်းခေး လဝကထိန်းသိမ်းရေးအကျင်းစခန်းတွင် မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊နီပေါ၊ ဘင်္ဂလား နိင်ငံသားနှင့်အာဖရိကတိုက်မှ လူးမည်းများ ရှိသည့်အဆောင်မှ ဆန္ဒ္ဒပြသည့် အနေဖြင့်မီးရှို့ကြပြီး A အဆောင်နှင့်B အဆောင်မှ အကျဉ်းသားများ ပိတ်မိနေကြောင်း ကိုထက်အောင်က ပြောပြပါသည်။

မလေးရှာနိုင်ငံ လဝကထိန်းသိမ်းရေးအကျင်းစခန်းများအား ဖောက်ထွင်းလို့ သော်၎င်း မီးရှို၍သော်၎င်း ထွက်ပြေးလို့ မလွတ်မြောက်ဘဲ ပြန်ဖမ်းမိသော အကျင်းသားများအား သေးလုမျောပါးအထိရိုက်နက်ခံရ၍ မလေးရှားနိုင်ငံ တည်ဆဲ ဥပဒေအရလဲ ရုံတင်၍ ထောင်တန်များလဲ ထပ်ကြဖွယ် ရှိပါသည်။

ကိုကိုကျော်မှ ဆက်သွယ်မေးမြန်း သတင်းအဖြစ်တင်ပြလိုက်ရပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment