Sunday, April 10, 2011

ဒေါ်စု အဖွဲ့ချုပ်လူငယ်များကို ရဟန်းခံပေး

ရဟန်းအစ်မ ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အဖွဲ့ဝင် ၅ ဦးကို အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ရဟန်းခံ မင်္ဂလာ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ရွှေတောင်ကုန်းရပ်ကွက် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့က ဦးဆောင်၍ သံဃာတော်များကို ယနေ့ မနက် ၉နာရီက သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကျွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်းသိရှိရပါသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမလုပ်ပြီးတော့ ၅ ပါး၊ ကျန်တဲ့ အလှူရှင်တွေက ၃၅ ပါး ပေါင်းပြီးတော့ သံဃာအပါး ၄၀ ရဟန်းခံပေးခဲ့ပါတယ်။ သိမ်တက် တရားနာပြီးတော့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အဖွဲ့ချုပ်ဝင်တွေ၊ တခြား ရဟန်းဒကာ ဒကာမတွေနဲ့ ဆွေမျိုးသားချင်းတွေက သိမ်ဆင်းလောင်းခဲ့သည်။

အဖွဲ့ချုပ်ဝင် လူငယ်များအနက်မှ ၅ ဦးကို ဒုလ္လဘမဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကိုသီဟန်၊ ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊ ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့် ရခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်သွားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Airs) သင်္ကြန်ကာလအတွင်း ဒုတိယအကြိမ် လာရောက်ပြီး ရဟန်းခံရန် စီစဉ်ထားသော်လည်း ရောက်ရှိမလာသေးကြောင်းသိရှိရပါသည်။

ပြည်တွင်းမှ ပေးပို့လားသော မေးထဲမှတင်ပြပါသည်။

0 ယောက် အကြံပြုထားပါသည်:

Post a Comment