နတ်ရေကန်တေဇနဲ့ အတူတွေ့ရတဲ့ ကြံ့ဖွတ်လွင်မိုး... ဘာကြောင့် ကြံ့ဖွတ်ကို ထောက်ခံတယ် ဆိုတာတော့ ပြောစရာမလိုတော့ပါဘူး.. ဒီယုံမြင်လို့ ဒီခြုံထွင်တာလေ...
နတ်ရေကန်တေဇနဲ့ ကြံ့ဖွတ်လွင်မိုးတို့ ပျော်စံရာ အိမ်တော်မှ နတ်ရေကန် တေဇ၏ ဟန်ပန်..
နတ်ရေကန် ရှာပုံတော် ဖွင့်ရာမှာ သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဥက္ကဋ္ဌကြီးတေဇအား ဤသို့
ပြည်သူ့ချဉ်ဖတ် ဖြစ်လာတော့မယ့် ကြံ့ဖွတ်လွင်မိုး..
အဖေခြေရာနင်းမယ့် သား ပြည့်ဖြိုးတေဇ...
ဒီသတင်းပုံကတော့ ဆက်လက်ဖော်ပြပေးပါမယ်..
ပူတာအိုသို့ ရောက်ရှိပြီး ဆေးစစ်မှု ခံယူနေသော ဥက္ကဋ္ဌအား ဒုဥက္ကဋ္ဌမှ အားပေးနေစဉ်တဲ့
ယခုနတ်ရေကန် တေဇမှ ဤသို့

နအဖဗိုလ်ချုပ်တွေရဲ့ တစ်ဦးတည်းသော လက်ရုံး တေဇနဲ့ ကြံ့ဖွတ်ပါတီကို တရားဝင်ထောက်ခံခဲ့တဲ့ ကြံ့ဖွတ် လွင်မိုး တို့ကို ၎င်းတို့ပျော်စံရာ စံအိမ်တော်မှာ တွေ့ရတဲ့ ပုံတွေပါ...။
နတ်ရေကန်တေဇဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကချင်ပြည်နယ် မြောက်ဖျား မဒွယ် ရေခဲတောင်ကို သွားရောက်ခဲ့ပါတယ်..။ စင်ကာပူနိုင်ငံသား ရဟတ်ယာဉ်မှုးအပါအဝင် ပေါင်း(၆)ဦးနဲ့ အတူ သွားရောက်ခဲ့ရာမှာ ၎င်းရဲ့ မှတ်တမ်းစာအုပ်ပါ ရေးသားချက်များအရ မဒွယ်ရေခဲတောင်ပေါ်မှာ ရှိတဲ့ နတ်ရေကန်ကို သွားရောက် ရှာဖွေခဲ့တာပါ..။ ဘယ်သူ့အတွက် ဘာအကြံနဲ့ သွားတယ် ဆိုတာကတော့ စဉ်းစားစရာပါပဲ..။ ရှေးကံမကုန်သေးတဲ့ အတွက် သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် အဆိုပါ နတ်ရေကန် ရှာဖွေရေးအတွက် သွားရောက်ခဲ့တဲ့ သတင်းဟာ တပ်ချုပ်ကြီး မိသားစုနဲ့ ပတ်သက် ဆက်စပ်နေကြောင်း ၎င်းတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရှိရပါတယ်..။ အထက်ပါ ပုံတွေကတော့ တေဇနဲ့ ကြံ့ဖွတ်လွင်မိုးတို့ရဲ့ အရေခြုံ၊ သိက္ခာ သမာဓိတွေကို မြင်ရတွေ့ရမှာပါ။
ကြံ့ဖွတ်လွင်မိုးကတော့ အများသိတဲ့ အတိုင်း ပြီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတုန်းက လျှက်တပြက် ဂျာနယ်နှင့် အင်တာဗျူးရာမှာ "ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့က ကျွန်တော့ ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ"ဟု ဗြောင်ကျကျပြောဆိုခဲ့ပြီး ကြံ့ဖွတ်အမတ် ဦးခင်ရွှေ၏ မဲဆွယ် စည်းရုံးပွဲတွင်လည်း "ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခု အချိန် မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာ ပေါ့လေ" ဟု သူက ပြောဆိုကြောင်း ဧရာဝတီ သတင်းဌာနက ရေးသားခဲ့ပါသည်။ အထက်ပါ ပုံတွေကို ကြည့်ချင်းအားဖြင့် လွင်မိုးဒီယုံ မြင်လို့ ဒီချုံထွင်တာ ဆိုတာသိသာ ထင်ရှားနေပါတယ်.။ နောက်(၅)နှစ်ကြာရင် အမတ်ပဲဖြစ်မလား ချဉ်ဖတ်ပဲ ဖြစ်မလားဆိုတာကတော့ သာကူးလွင်မိုး သမိုင်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်..။

ဒီမိုဝေယံ..
0 ယောက် အကြံပြုထားပါသည်:
Post a Comment