Saturday, March 5, 2011

ရန်ကုန်တိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းမှ ကျောင်းသားလူငယ်များအင်အားစုမှ အာဏာရှင်စနစ် ဆန့် ကျင်ရေးလှုပ်ရှားဆောင်ရွက်မှုတစ်ခုပြုလုပ်ခဲ့ကြ။

မနေ့ ညနေ မတ်လ (၄) ရက်နေ့  သောကြာနေ့  မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အတွင်း၌ ဒီမိုကရေစီ အရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေကြသော ကျောင်းသားလူငယ်များအင်အားစုများမှ စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေးလှုပ်ရှားဆောင်ရွက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


ဒီမိုကရေစီအရေး တက်ကြွစွာ ဆောင်ရွက်နေသော ရန်ကုန်တိုင်းအတွင်းမှ ကျောင်းသားလူငယ်များအင်အားစု၏ ကျောင်းသားလူငယ်များသည် မနေ့  နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းအတွင်ရှိ မြိုနယ်များဖြစ်ကြသော ကြည့်မြင်တိုင် လသာ အလုံမြို့နယ်များတွင် အောက်ဖေါ်ပြပါ အချက်သုံးချက်ပါရှိသော စာရွက်စာတမ်းများအား ဖြန့် ဝေခဲ့ကြကြောင်း သိရှိရပါသည်။

"စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ... ဒိုအရေး"

"စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး … ဒို့ အရေး"

"အမျိုးသားတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး … ဒို့ အရေး"

အစရှိသော စာရွက်ငယ်များကို ဖြန်ဝေခဲ့ကြကြောင်း သိရှိရပါသည်။






































အဆိုပါ ဒီမိုကရေစီအရေး တက်ကြွစွာ ဆောင်ရွက်နေသော ရန်ကုန်တိုင်းအတွင်းမှ ကျောင်းသားလူငယ်များအင်အားစု၏ ဦးဆောင်လူငယ်တစ်ဦးဖြစ်သော ကိုရန်နိုင်မှ ပြေားကြားရာတွင်"ဒီတစ်ခေါက် ကျွန်တော်တို့ လှုပ်ရှားမှူပုံစံကို အခြေအနေအရ ပြောင်းပြီးတော့ လုပ်ရတယ်၊ ဘာကြောင့်လည်းဆိုတော့ ရန်ကုန်တိုင်းတစ်တိုင်းလုံး လုံခြုံရေးအထူးတင်းကြပ်ထားလိ့ ဘဲဖြစ်တယ်။ ကျွန်တော်တို့က ဆန့် ကျင်စာတွေကို လမ်းဘေးဝဲယာမှာ ရပ်ထားတဲ့ ကားတွေပေါ်မှာ စာရွက်တွေကို လိုက်ပြီးတော့ တင်ထားလိုက်တယ်။ အဲဒီကားတွေ မောင်းထွက်သွားတဲ့အခါကြတော့ လေတိုက်ပြီး လမ်းမများပေါ် ဖြန့် ကြဲပြီးသား ဖြစ်သွားတယ်။ အဲဒီလို ပုံစံမျိုးနဲ့လှုပ်ရှားသွာတာပါ" လို့  ကိုရန်နိုင်မှ ပြောကြားသွားပါတယ်။






























ကိုရန်နိုင်မှ ဆက်လက်ပြောကြားရာတွင် ၄င်းတို့ အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားသွားပါတယ်။ပြည်သူလူထုအနေဖြင့်လည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အာဏာရှင်စနစ် ချူပ်ငြိမ်းသည်အထိ အတူတိုက်ပွဲဝင်သွားကြဖို့  လိုကြောင်း ပြောကြားသွားပါတယ်။

(ပေးပို့ လာသော မိတ်ဆွေအား အထူးကျေးဇူးတင်ရှိပါသည်)။

0 ယောက် အကြံပြုထားပါသည်:

Post a Comment