Saturday, February 12, 2011

အနာဂတ်မျှော်ရည် ပင်လုံညီလာခံဆီ

ကြယ်ငါးပွင့် အနီရောင်ရင့်ရင့်နှင့်

ခွပ်ဒေါင်းအလံကြယ်ဖြူတစ်ပွင့်

မာန်ဝံ့ချီလေမှာလွှင့်ကာပေါ့

ရဲဝင့်လို့ရှေ့ ဆက်လှမ်းခဲ့ပြီ

ခေတ်သစ်ရည်မျှော်တွေးသစ်တွေနှင့်

ပြတ်သားစွာတောင်းဆိုဖို့လာပြီ

ပြည်သူတွေဘ၀င်အေးစေဘို့

ပြည်သာယာစဉ်သာတိုးစေပေါ့

ဘ၀င်ရှုး အာဏာရှုးတွေနှင့်

ပြည့်ဘဏ္ဍာလွဲသုံးစားတို့ကို

အမြစ်ပြတ်ချေမှုန်းသုတ်သင်ဘို့

ခွပ်ဒေါင်းကဥဒါန်းကျူးရင့်သီ

နှစ်ထောင့်ရှစ်ဖွဲ့စည်းပုံသစ်နဲ့

နှစ်ထောင့်တစ်ဆယ်ရွေးကောက်ပွဲအား

ပြတ်သားစွာဆန့်ကျင်မှု့တွေနဲ့

ရှေ့တန်းကမားမတ်စွာရပ်တည်

ကမ္ဘာတခွင်

ဒို့မြန်မာ ရင်ဘောင်တန်းစေဘို့

ပြည်ထောင်အမှန်သာယာလှစေ

စုပေါင်းကာ တိုင်းရင်းသားတွေနှင့်
့
ညီညွတ်စွာလက်တွဲကာမျှော်ရည်

နှစ်ထောင့်ဆယ့်တစ်

ဖေဖေါ်ဝါရီဆယ့်နှစ်မှာဖြင့်

သမိုင်းတခေတ်ပြောင်းလဲစေမည့်

ပင်လုံညီလာခံ ပြန်ကာအသက်သွင်းမည်မို့

ဝါးစည်းပြေပြည်ထောင်သားတို့ရယ်

ညီညွတ်စွာပေါင်းစည်းကြစို့လား ၊၊

လူသစ် (အမရပူရ)
13/12/2010

0 ယောက် အကြံပြုထားပါသည်:

Post a Comment