Thursday, May 31, 2012

ယနေ့ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေး

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု-၀န်ကြီးချုပ်တို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။ - ရွေ့ပြောင်းမြန်မာလုပ်သားများ၏ ကလေးများ ထိုင်းကျောင်းများသို့ တက်ခွင့်ရရေး - လက်မှတ်မရှိသော ရွှေ့ပြောင်းလုပ်သားများကိစ္စ - အလုပ်ရှင်များက လုပ်သားများ၏ ပတ်စပို့စ်များကို သိမ်းထားခြင်း ကိစ္စ - အလုပ်ရှင်များမှ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိပါက တာဝန်ယူကုသပေးရန် အစရှိသည်တို့ကို ဆွေးနွေးပြောကြားသွားကြောင်း အတူလိုက်ပါနားထောင်ခွင့်ရခဲ့သည် ထိုင်း သတင်းထောက် Natty Tangmeesan က သတင်းပေးပို့ပါသည်။
Nobel Peace Prize winner Aung San Suu Kyi and Deputy Prime Minister of Thailand ... Police Captain Dr. Chalerm Yubamrung discuss about Burmese migrant workers & refugees issues and how to improve their lives, during that meeting Chalerm said ASSK: children of migrant workers can enter Thai schools. Chalerm promises to DASSK to do his best to help Burmese migrant workers. Thai duty prime minister explain that, Burmese migrant workers in TH are around 2 millions but only 800,000 documented. The government approved 30 baht health fund & 300 baht daily minimum wage for documented migrant workers. ASSK: asked what about the undocumented workers? Chalerm answered MM govt needs to verify 1.2 mil undocumented ones. ASSK: told Chalerm : problems are 1. employers take migrant's passports 2. if injured while working, employers don't pay for doctors. ASSK: asked Chalerm to make sure that employers take care of their migrant employees.

quoting cover conversation by Thai Reporter (Natty Tangmeesan)
Infinity Power face book မှ ဖေါ်ပြပါသည်

Wednesday, May 30, 2012

ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ အား အံ့ မခမ်းလောက်အောင်ကြိုဆိုကြသော မြင်ကွင်းဓါတ်ပုံတွေပါ



ထိုင်းနိုင်ငံရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကြိုဆိုနေကြသူများကို တွေ့ရစဉ်

ထိုင်းနိုင်ငံ မဟာချိုင်မြို့  မှာ မြန်မာပြည်သူပြည်သား များကို မိန့် ခွန်ပြောကြားနေသော အမေစု


ထိုင်းရဲတတ်ဖွဲ့ မှ လူထုခေါင်းဆောင်အားဤကဲ့ သို့ လုံခြုံရေးယူထားပေးသည်ကို တွေ့ မြင်ရတဲ့ အတိုင်းပါဘဲ ..

လေဆိပ် အရာရှိတစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရ လက်ဆောင်ပေးအပ်စဉ်








facebook စာမျက်နှာပေါ်မှ ဓါတ်ပုံများအား ပြန်လည်တင်ပြထားပါသည်။

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို

ထိုင်းနို်င်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အခု မနက်ပိုင်း မြန်မာအလုပ်သမားတွေ အများစု အလုပ် လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတဲ့ ဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံ၊ နေ ထိုင်မှု ဘ၀ တွေကို မျက်မြင်တွေ့လိုတာကြောင့် သူတို့ရဲ့ အလုပ်ခွင်ထဲအထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း ဆက်ပြီး တင်ပြပေးထားပါတယ်။

မနေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာတော့ ထိုင်းအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူပေးထားပါတယ်။ လေဆိပ်အထွက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းရောက် မြန်မာ တွေရော ထိုင်းလူမျိုးတွေရော စိတ်လှုပ်ရှားတကြီး ကြိုဆိုခဲ့ကြပါတယ်။

အလုပ်သမတဦး။ ။ “အရမ်းလည်းဝမ်းသာမိတယ်၊ ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ စိတ်ထဲ အရမ်း လှုပ်ရှားတယ်။ ဘယ်အချိန်လာမလဲ၊ နာရီကိုခဏခဏလည်းကြည့်တယ်။ ထိုင်းနိုင်ငံမှာရောက်ရှိလာ တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေပေါ့နော်- တရားမျှတမှုရှိအောင်- ထိုင်းအစိုးရတွေကို ပြေပြေလည်လည်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်တယ်။”

အလုပ်သမားတဦး။ ။ “ကျနော့်ရင်ထဲမှာ အတိုင်းအဆမရှိအောင် ပျော်ပါတယ်ခင်ဗျ။ ဒီနေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုပြီး ကျနော်လာတာ။ ၈ နာရီလောက်ကတည်းက ဒီကိုရောက်နေ တာ။ ဒီနေ့ကတော့ ကျနော့်ဘဝမှာအပျော်ဆုံးနေ့လို့ ပြောလို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စိတ်လှုပ်ရှားတကြီး စောင့်နေတဲ့ထဲမှာ ထိုင်းလူမျိုးတွေလည်း အတော်များများပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံကို အရင်ဆုံးရောက်လာတဲ့အပေါ် သူတို့က အင်မတန်ကို ၀မ်းသာခဲ့ကြပါတယ်။

“ကျမ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ပြီးခဲ့တဲ့ သတင်းကြားရတုန်းက သူ နော်ဝေးသွားမယ်လို့ သိရ တာပါ။ ပထမဆုံး ပြည်ပခရီးစဉ်က နော်ဝေးသွားမယ်လို့ ဟိုတုန်းကတည်းက သူမကလည်း ပြောခဲ့တာပါ။ အခုတော့ မဟုတ်ဘူး. ဒီကို ပထမဆုံးရောက်လာပြီလေ။ အခုဆို မြန်မာပြည်ပခရီးစဉ်က ပထမဆုံး ထိုင်းနိုင်ငံဖြစ်တယ်လေ- ၀မ်းသာလွန်းလို့ ကျမ ပြောစရာ စကားတောင်မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်တင်မက အခြားကမ္ဘာအသီးအသီးက အမျိုးသမီးတွေ အတွက်ပါ စိတ်ခွန်အားဖြစ်စေတယ်လို့ အဲဒီ ထိုင်း အမျိုးသမီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ မနက်ပိုင်း ၈ နာရီခွဲမှာတော့ ဘန်ကောက်အနီးက မြန်မာအလုပ် သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ဒေသကို သွားမှာပါ။ ရေလုပ်ငန်းတွေရှိတဲ့ မဟာ ချိုင်ဒေသမှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မြန်မာ အလုပ်သမားတွေလည်း စိတ်လှုပ်ရှားတကြီး ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။

“သူနဲ့တွေ့ချင်တာက - အခု ကျနော်တို့အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာ၊ ဖြစ်ပျက်နေရတဲ့ အတွေ့ အကြုံတွေကို အကုန်လုံးသိသွားအောင် - ထိုင်းအစိုးရရော၊ ဗမာအစိုးရရော အကုန်လုံး သိသွားအောင် ပြောပြစေချင်တယ်။”

အလုပ်သမားရေးလှုပ်ရှားသူ Andy Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအလုပ်သမားတွေရဲ့ တန်ဘိုးကို သဘောပေါက်နားလည်တာကြောင့် အခုလို အရေးတယူ လာရောက်တာဖြစ်တယ် လို့ ပြောပါတယ်။

“ဒီ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာစီးပွားရေးအတွက် အတော်လေး အထောက်ကူဖြစ်စေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆမယ်လို့ ထင် တာ။ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က လူဦးရေ ရဲ့ ၁၀ % ရှိပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ ပဋိ့ပက္ခတွေကြောင့်ဖြစ်စေ အကြောင်းအမျိုးမျှိုးနဲ့ ပြည်ပ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၅ သန်း - ၆ သန်းလောက်ဟာ အရေးပါတဲ့ အင်အားစုဖြစ်ပါတယ်။ သူတို့ဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ ဒီလူတွေ တိုင်းပြည်အတွက် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုလိုတယ်၊ သူတို့နဲ့ တွေ့ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်အနေနဲ့ ထိုင်းနိုင်ငံတွင်း က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ဘ၀တွေကို မြင်တွေ သိရှိလိုတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်း ၉ နာရီကျော်မှာ မဟာချိုင်မှာရှိတဲ့ ပုစွန်ဈေးကို ရောက်မယ်လို့ သိရပါတယ်။ အဲဒီကနေ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိသလို စက်ရုံတခုမှာ နေလည်စာစားမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ၂၀၁၂ ခုနှစ်၊ World Economic Forum on East Asia အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဇွန်လ တစ်ရက်နေ့မှာ အဲဒီ ညီလာခံမှာ မိန့်ခွန်းပေးဖို့ရှိပါတယ်။ ဒီနောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

Credit: VOA Burmese (ကိုသားညွန့်ဦး)

"""ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ"""


Wall Photos

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း နေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန် ထုံးတမ်းများကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။
သူ လျှောက်နေသော လမ်းမှာ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုပုံစံ မတူသော်လည်း သူ့ရှေ့က နိုဘယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား လျှောက်လှမ်းခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။

သူကလည်း ဒီမိုကရေစီပန်းတိုင်ကို အကြမ်းမဖက် လမ်းကြောင်းဖြင့် သွားလိုသည်။ နယ်လ်ဆင် မင်ဒဲလားကလည်း လူဖြူလူမဲ ခွဲခြားမှု စနစ်ဆိုးကြီးကို ထိုသို့ပင် အကြမ်းမဖက် ပုံစံဖြင့် သွားလိုခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူ့အနေဖြင့် နယ်လ်ဆင် မင်ဒဲလားလို သြဇာမျိုး၊ အောင်မြင်မှုမျိုး ရနိုင်ပါ့မလားဆိုသည်မှာမူ ပြောဘို့ရန် စောပါသေးသည်။
ငြင်း၍ မရသည့် အချက်မှာ ကမ္ဘာနှင့် အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ အရေးပါမှုနှင့် သူ့နိုင်ငံရေးစန်း၊

စေ့စပ်ကြေအေးလိုသည့် စိတ်ဓါတ်တို့က နယ်လ်ဆင် မင်ဒဲလားကို ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင် အဆင့်အတန်းသို့ တွန်းတင်ပေးခဲ့သည်။ ပရီတိုးရီးယားရှိ အစိုးရကလည်း မင်ဒဲလား၏ စန်းနှင့် ကမ္ဘာ့ထောက်ခံမှုကို အမြော်အမြင်ရှိရှိ အသုံးချကာ နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချနိုင်ခဲ့သည်။ ၂ဝ၁ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် သာမက ဂျီ ၂ဝ အုပ်စု အစည်းအဝေးတွင်လည်း တောင်အာဖရိက နိုင်ငံ ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးနှင့် ဘရစ်(BRICS)ဟု ခေါ်သော ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက

နိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားစုကြီး တရပ် ပေါ်ထွက်လာရေးတို့တွင်လည်း မင်ဒဲလားက အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။
အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ခွင့်လွှတ် ကြေအေးလိုသော သဘောထား တို့ကြောင့် ပထမဆုံး တောင်အာဖရိက လူမဲသမ္မတကြီးသည် ကမ္ဘာ့ ရောက်လေရာ နေရာတိုင်း၌ ချီးကျူးဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။ တိုင်းပြည်အတွက် နိုင်ငံတကာ၏ စာနာထောက်ခံမှုကို အရယူ ပေးနိုင်ခဲ့သည်။

ထိုအတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသည်လည်း တက်လာနေပါသည်။ သူသည်လည်း
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် သူ၏ စန်း၊ သူ၏ ငြိမ်းငြိမ်း ချမ်းချမ်း ဒီမိုကရေစီတိုက်ပွဲဝင်ရေး လမ်းစဉ်တို့ကို သယ်ဆောင်ကာ ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ နှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီး လှည့်လည်ပါလိမ့်မည်။

"""သူ၏ ထိုင်းခရီးစဉ်မှာ အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေပါသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှာ ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အတိုက်အခံ တိုင်းရင်းသားအဖွဲ့များ အခြေစိုက်ရာ နေရာလည်း ဖြစ်နေပါ သည်။ လူနည်းစု လူမျိုးစုများနှင့် အောင်မြင်သည့် ရင်ကြားစေ့ရေး အစီအစဉ်တရပ် ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏ထောက်ခံမှုကို လိုအပ်ပါလိမ့်မည်။"""

ထို့ပြင် ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့စီးပွါးရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့နှစ်ဦးလုံးတက်ရောက်လာခြင်းကလည်း မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအပေါ်နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို တိုး၍ ရရှိစေပါလိမ့်မည်။

သူတို့ နှစ်ဦးအကြား တဦးနှင့်တဦး ယုံကြည်မှု ရှိနေသမျှ တချိန်က အစွန့်ပယ်ခံနိုင်ငံအပေါ် စိတ်စေတနာကောင်း ထားမှုများကို မပျက်သွားရအောင် ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သော်ငြားလည်း ထိုပုဂ္ဂိုလ်နှစ်ဦးက မြန်မာနိုင်ငံကိုဒေသတွင်းနှင့် ကမ္ဘာ့ အသိုင်းအဝိုင်း အကြား ဝင်ဆံ့အောင် လုပ်နိုင်ခဲ့ကြပါသည်။

ဘန်ကောက် ခရီးစဉ်အပြီးတွင် သူ ဥရောပခရီးစဉ် ဆက်လက်ထွက်ခွါသွားပါလိမ့်မည်။ သူ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထင်ရှားမှုကို ပိုမိုရရှိစေပါလိမ့်မည်။ ဂျီနီဗာရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၌ မိန့်ခွန်းပြောခြင်း အပြင် ဇွန်လ ၁၆ ရက်နေ့၌ နိုဘယ်ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီက အော်စလိုတွင် ပြုလုပ်မည့် ဆုပေးပွဲ အခမ်းအနားသို့လည်း သူ တက်ရောက်ပါလိမ့်မည်။ ၁၉၉၁ နှစ်က ထိုဆုကို ရရှိအပြီး ၂၁ နှစ်ကြာမှ ထိုအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

ထိုအချိန်က သူသည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး နိုင်ငံခြားသို့ ခရီးထွက်ခွင့် မရှိခဲ့ပါ။ နော်ဝေပွဲ အပြီး၌ သူသည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောပြီး အိုင်ယာလန် နိုင်ငံသို့ ရက်တိုခရီးစဉ် ဆက်လက် ထွက်ခွါမည်ဖြစ်ပါသည်။ ပထမဆုံး အာဆီယံနိုင်ငံ တနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်တဦး အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အထူးတလည် လိုအပ်နေသော ဒီမိုကရေစီ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်မျှော်မှန်းချက်များကို ရရှိရေးအတွက် စွမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံလိုပင် တချိန်က ဒီမိုကရေစီရေး၌ အနိမ့်ကျဆုံး ဖြစ်ခဲ့ရာမှ အဖွဲ့ကြီး၏ အဓိက မောင်းနှင်အား ဖြစ်ခဲ့သလိုပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံ၏ အနေအထားကို အာဆီယံအ ဖွဲ့ကြီး အတွင်းသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကြား၌လည်း ဂုဏ်သတင်း မွှေးပျံ့အောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မည်။
အကောင်းဆုံးရလဒ် ထွက်ပေါ်လာရေးအတွက်ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ လက်သုံးစကားကို ငှါးရမ်းသုံးစွဲရမည် ဆိုပါက ဒေသတွင်းနိုင်ငံများနှင့် သန်းပေါင်း ၆ဝဝ မျှသော ထိုနိုင်ငံသားများနှင့် “ဆက်သွယ်မှု”ကို သူ ကြိုးစား တည်ဆောက်ရပါဦးမည်။ ယခု လောလောဆယ်တွင်တော့ သူသည် အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက် ထုံးတမ်း စဉ်လာများနှင့်သာ အသားကျနေပါသေးသည်။ အချိန် ကြာလာသည်နှင့်အမျှ တချိန်က သူ့ကို စွန့်ပစ်ထားခဲ့သော
ဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးစပ် လာပါလိမ့်မည်။

တဘက်တွင် ရီစရာကောင်းသည်မှာ အာဆီယံအဖွဲ့ကြီးသည် တချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံသွင်းပုံဖော်နိုင်မည့် အဖွဲ့အစည်း အမျိုးအစားတခု ဖြစ်နေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရသည့်အခါ နေပြည်တော်ရှိ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အနေဖြင့် သူတို့သာဆန္ဒရှိလျှင် အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပွင့်လင်းမှု တို့အတွက် တာဝန်ကို ထမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ သူ၏ နိုင်ငံရေး အနာဂါတ် ယခုအတိုင်း ဆက်လက် ပွင့်လန်းနေဦးမည် ဆိုလျှင် နိုင်ငံ၏ အနာဂါတ် ခေါင်းဆောင်တဦးလည်းဖြစ်လာနိုင် ပါသေးသည်။ ထိုသို့ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ ရှေ့လုပ်ငန်းစဉ်များကို သူကိုယ်တိုင် ချမှတ်လာနိုင် ပါလိမ့်မည်။သူသည် တဖြေးဖြေးနှင့် အာဆီယံ၏ လူကြိုက်အများဆုံး အထင်ရှားဆုံး နိုင်ငံရေး သမားတဦး ဖြစ်လာနေပါသည်။

လွန်ခဲ့သောနှစ် သြဂုတ်လ သမ္မတ ဦးသိန်းစိန်နှင့် သူတွေ့ဆုံပွဲ အပြီးကတည်းက အာဆီယံ အဖွဲ့ကြီးသည် သူ၏ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုထောက်ခံလာခဲ့ပါသည်။ ၁၉၉ဝ နှင့် ၂ဝ၁၁ အကြား ကာလတွင် သူနှင့် အာဆီယံခေါင်းဆောင်များ အကြား ဆက်ဆံရေးမှာ အတော် ဆိုးရွားခဲ့ပါသည်။ ရန်ကုန် အခြေစိုက် အာဆီယံနိုင်င်ငံများမှ သံတမန်များနှင့် သူ တွေ့ဆုံရန် စီစဉ်ထားခဲ့သော ၁၉၉၅ ဂျူလိုင်ပွဲ ပျက်သွားပြီးကတည်းက နှစ်ဘက်လုံးက မတွေ့ဘဲ ရှောင်နေခဲ့ကြသည်။ ထိုအချိန်က အာဆီယံ အဖွဲ့ကြီးသည် မြန်မာအစိုးရ၏ ဖိအားကြောင့် အထီးကျန် အတိုက်အခံခေါင်းဆောင်နှင့် တွေ့မည့် အစီအစဉ်ကို အစိုးရအလိုကျ ဖျက်သိမ်းခဲ့သည်။ယခုနှစ် ဖေဖော်ဝါရီလကျမှ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် နှင့် တွေ့ဆုံကာ နှစ်ဘက်အကြားအေးခဲနေခဲ့သော ဆက်ဆံရေးကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည် နွေးထွေးလာအောင် လုပ်နိုင်ခဲ့သည်။ ဒေါ်စုနှင့်
တွေ့ပြီးကတည်းက ဒေါက်တာ ဆူရင် တယောက်ကတော့ ဒေါ်စု၏ အခန်းကဏ္ဍအပေါ် ချီးကျူးခန်း ဖွင့်နေခဲ့သည်။

“သူသည် မြန်မာတနိုင်ငံလုံး လူထုကို နိုးကြွလာအောင် လုပ်နိုင်သည့်သူဖြစ်ပြီး အာဆီယံ အဖွဲ့ကြီး အတွင်းရှိ ပြည်သူ များ၊ အထူးသဖြင့် အပယ်ခံ အောက်ဆုံးအလွှာအတွက် မျှော်လင့်ချက်လည်း ဖြစ်ပါသည်။”

ထိုအချိန်ကတည်းက စ၍ ဒေါ်စုကလည်း အာဆီယံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်သဘောထားများကို ထုတ်ဖော် ပြောဆို
နေခဲ့ပါသည်။
အာဆီယံ အခြေစိုက် ထိပ်တန်း စီးပွါးရေးသမားများနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံစဉ်က သူ၏ “ရိုးရှင်းသော ရည်မှန်းချက်” ဖြစ်သော မြန်မာနိုင်ငံ ထပ်မံဖွံ့ဖြိုး တိုးတက်လာပြီး နောက် ၁ဝ နှစ်အတွင်း အာဆီယံ
နိုင်ငံအချို့ကို ကျော်တက် သွားသည်ကို မြင်လိုကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ လက်ရှိ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်မလှည့်ဘူး ဆိုလျှင်၊ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း အတိုင်း ဆက်သွားနေမည်ဆိုလျှင် အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ထိထိရောက်ရောက် ပြန်လည် ရုပ်သိမ်းလိုက်မည်ဆှိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အိပ်မက် အမှန်တကယ် အကောင်အထည်
ပေါ်လာပါလိမ့်မည်။

နောက်ကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင် အာဆီယံခေါင်းဆောင်အချို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လည်တောင်းပန်ဘို့ လိုပါသည်။ ယခုလက်ရှိ သူ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို ထောက်ထားလျှင် သူ အကျယ်ချုပ်ကျနေစဉ် သူ့အပေါ် တချိန်က ပြောဆိုခဲ့သော ခြိမ်းခြောက်သည့် သဘောဆောင်သည့် မှတ်ချက်များ အတွက် တောင်းပန်ရန် လိုအပ်ပါသည်။ သူ မလွတ်မီကဆိုလျှင် အာဆီယံ ခေါင်းဆောင်များသည် သူနှင့်တွေ့ဆုံရန် ကိစ္စကို ရှောင်ရှားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ချွမ်လိပိုင် တဦးတည်းသာလျှင် သူ၏ ဝန်ကြီးချုပ်သက်တမ်း ၁၉၉၇ မှ ၂ဝဝဝ ခုနှစ်အတွင်း သူ့ကို ဒေါ်စုနှင့် တွေ့ခွင့်မပြုသည့် အတွက်ဆိုကာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန်ငြင်းဆန်ခဲ့သည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ် ဖြစ်ပါသည်။ ၁၂ နှစ် ကြာပြီးမှသာ ချွမ်လိပိုင်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်မှ ရန်ကုန်တွင် တွေ့ဆုံနိုင်ခဲ့ပါသည်။

အခက်အခဲနှင့် ပြဿနာများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ် အားဖြင့် သူသည် အသွင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နိုင်သော ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းအတိုင်းသာ လုပ်တတ် သူတဦးဖြစ်ကြောင်း၊ ရန်ဘက်များအပေါ် ရန်မလိုဘဲ စေ့စပ် ကြေအေးလို စိတ်သာရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။ သူသည် အခြား အာဏာ ဆာလောင် မွတ်သိပ်နေသော အာဆီယံခေါင်းများနှင့်မတူ တမူခြားနားသူ ဖြစ်ပါသည်။ ထိုခေါင်းဆောင်များက မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအခွင့်အလမ်း ပိတ်ပင်မှုများ ပြုလုပ်လေ့ ရှိကြပြီး မိမိတို့ တင်းတင်းကြပ် ကြပ်ချုပ်ကိုင်ထားသော အာဏာကို စီးပွါးရေးဖွံ့ဖြိုးမှုဖြင့် ကာကွယ် ထိန်းသိမ်းထား လိုသူများ ဖြစ်ကြပါသည်။

အာဆီယံ အဖွဲ့ကြီး၏ ဦးစီးပဲ့ကိုင် ခေါင်းဆောင်တဦးကို ဒေသတွင်းနိုင်ငံများ မြင်တွေ့ခွင့် ရမရ ဆိုသည်မှာမူ အခြေအနေများကို သူဘယ်လောက် လေ့လာနိုင်စွမ်းရှိသည် သူ၏ အခန်းကဏ္ဍကို နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ တည်ဆောက်ထားနိုင် မနိုင်ဆိုသည့် အချက်များပေါ်တွင် မူတည်နေပါသည်။

မည်သို့ပင်ဖြစ်စေ အတိုက်အခံ ခေါင်းဆောင်တဦးအနေဖြင့် သူ့ အဓိက လုပ်ကိုင်ရမည်မှာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းကို တကယ် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး သူ၏ နိုင်ငံသားများအတွက်လည်း စားဝတ်နေရေး ဖူလုံမှုကို ဆောင်ကြဉ်းပေးနိုင်ရမည် ဖြစ်ပါသည်။
ထိုမှတဆင့်တက်၍သာ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများအတွက် သူ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။ ။

""ကာဝီ ချုံကစ်တာဝုန် သည် အာရှရေးရာနှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဖြစ်သည်""

(ကာဝီချုံကစ်တာဝုန်)

Monday, May 28, 2012

အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစတင်


အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာတရားဝင်ခရီးစဉ်ကို ဒီနေ့ စတင်လိုက်ပြီး သူ့ခရီးစဉ်အတွင်းကုန်သွယ်ရေးနဲ့သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

၁၉၈၇ ခုနှစ်နောက်ပိုင်း အိန္ဒိယ၀န်ကြီးချုပ် တစ်ဦးရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီးသူဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာအိန္ဒိယအစိုးရဟာ မြန်မာစစ်အစိုးရနဲ့အေးတိအေးစက်ဆက်ဆံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်းထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ဝန်ကြီးချုပ်ManmohanSinghဟာမြန်မာနိုင်ငံပေါ်ထားရှိတဲ့မူဝါဒကို တဆစ်ချိုး ပြောင်းလိုက်ပြီးစစ်ခေါင်းဆောင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေကို၂၀၁၀မှာအိန္ဒိယနိုင်ငံကိုဖိတ်ခေါ်ခဲ့ပါတယ်။

အခု ခရီးစဉ်မစခင်မှာလည်း အိန္ဒိယ၀န်ကြီးချုပ်က မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အားကောင်းရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး၊ connectivityလို့ခေါ်တဲ့ နှစ်နိုင်ငံချင်း ဆက်သွယ်မှု တိုးတက်ရေးနဲ့ လူသားစွမ်းရည်နဲ့ စွမ်းဆောင်နိုင်ရည် တည်ဆောက်ရေး ကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားပြီးဆိပ်ကမ်းတွေနဲ့ မြန်မာနိုင်ငံက လမ်းတံတား၊အဆောက်အဦးစတဲ့အခြေခံကျတဲ့စီမံချက်တွေမှာအိန္ဒိယကုမ္ပဏီတွေပါဝင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
(ဓာတ်ပုံ- AFP- ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ကြိုဆိုနှုတ်ဆက်နေသည့် မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။)

Friday, May 25, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံ မေရီလန်ပြည်နယ်မှာရှိတဲ့ Johns Hopkins တက္ကသိုလ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်လိုက်ပါတယ်။

မေလ၂၄ရက်နေ့မနက်ကကျင်းပတဲ့JohnsHopkinsတက္ကသိုလ်ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ကမ္ဘာ့စီးပွားရေးနိုဘယ်လ်ဆုရှင်AmartyrSenနဲ့စုစုပေါင်း၅ဦးကိုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခဲ့တာပါ။

အခမ်းအနားဖွင့်လှစ်ပြီးမကြာခင်မှာပဲကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကနေတဆင့်ဘွဲ့နှင်းသဘင်ကိုတက်ရောက်ကြတဲ့ ထောင်ချီတဲ့ ပရိသတ် ကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

"ဒီဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုချီးမြင့်လိုက်ခြင်းဟာလူသားတွေအကျိုးအတွက်တာဝန်ထမ်း ဆောင်ဖို့ မျှော်လင့်ပြီး ပေးအပ်လိုက်တယ်လို့ ကျမခံယူပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားဖို့ အတွက် ကျမရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ ဘွဲ့လို့လည်း ခံယူပါတယ်။ လူ့အခွင့်အရေး ရရှိရေးအတွက် ကျမတို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှု ရခါစ ကနဦးကာလတွေလို့ လက်ရှိ မြန်မာနိုင်ငံကအခြေအနေကို ပြောနိုင်ပါတယ်။" လို့ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် တက်ရောက်ကြတဲ့ ပရိသတ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားJohnsHopkinsတက္ကသိုလ်Bloomberg ပြည်သူ့ကျမ္မာရေး စောင့်ရှောက်မှုကျောင်းကနိုင်ငံတကာ အေအိုင်ဒီအက်စ် ရောဂါဆိုင်ရာ သုတေသနဌာန အကြီးအကဲ ပါမောက္ခ Dr. Chris Beyrer က ပါရဂူဘွဲ့ကို လက်ခံယူခဲ့ပါတယ်။

JohsHopkinsတက္ကသိုလ်ကDr.ChrisBeyrerဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အန်အယ်လ်ဒီရုံးချုပ်မှာHIV/AIDS ပညာပေးရေးအလုပ်ရုံ ဆွေးနွေးပွဲတခုကို ပြုလုပ်ပေးခဲ့ဖူးပြီးအဲဒီလိုလုပ်ငန်းတွေကြောင့်လူငယ်အတော်များများဟာ HIV/AIDSပညာပေးရေးနဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ရေးမှာအားတက်သရောပါဝင်လာကြတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာဘွဲ့ရအလုပ်လက်မဲ့တွေများနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ်ပညာရေးဟာလူငယ်တွေအလုပ်ရအောင်အာမခံချက် ပေးနိုင်တဲ့ပညာရေးစနစ်အဆင့်မဟုတ်သေးကြောင်းလည်း ပြောပါတယ်။

ပညာရေးနဲ့လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့အနာဂတ် ဖြစ်တာကြောင့်JohnsHopkinsလိုနာမည်ကြီး ကျောင်းတွေမှာ မြန်မာနိုင်ငံသား လူငယ်တွေအတော်များများပညာသင်ကြားနိုင်မယ့်အနာဂတ်ကိုကျမအနေနဲ့ မျှော်လင့်ပါတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။

Thursday, May 24, 2012

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်မည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သီတင်းပတ်အတွင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ဖို့ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ဟိုဘက်က အစီအစဉ်တော့မသိပါဘူး။ ဒီကနေ ၂၈ ရက်နေ့ ထွက်မယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်မှာပါ” လို့ ပြောပါတယ်။

၂၁ ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေ ၃၀ ကနေ ဇွန် ၁ ရက်အထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။

ဒီအစည်းအဝေးပွဲမှာ အာဆီယံနဲ့ အာရှဒေသက အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ အာရှစီးပွားရေးကို ဦးဆောင်နေတဲ့ ကုမ္ပဏီအကြီးအကဲတွေ တက်ရောက်ဖို့ရှိပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်း အလဲတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့အကြောင်းအရာကို “မြန်မာရဲ့ ကတိက၀တ်နဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထိုင်းနိုင်ငံခရီးစဉ်မှာဘယ်နှရက်ကြာမယ်ဆိုတာမသိရသေးတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံ ပြန်လာပြီးမှ ဇွန်လလယ်လောက်မှာသွားဖို့ စီစဉ်ထားတဲ့ဥရောပခရီးစဉ်တွေထွက်ခွာမယ်လို့အန်အယ်လ်ဒီပါတီက ပြောပါတယ်။

ဒါဟာ နှစ်ပေါင်း၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ဖွယ်ရှိပြီး ပြည်ပမှာကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှာ ပထမဆုံး ပါဝင်တက်ရောက်မှုလည်း ဖြစ်ပါတယ်။

ပီတာအောင် DVB

Sunday, May 20, 2012

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်.......


ဓါတ်ပုံ Robert aung

အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်....... ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန
်းစုကြည် အား ကျွုနုပ်တို့  မှ အမေ ဒေါ်အောင်ဆန်းစုကြည် အားဝမ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊အမျိုးသားရေးဦးတည်ချက်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင် ကျွုနုပ်တို့ ရပ်တည်ချက် သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။ အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှုမရှိသေးသောအရည်အချင်းများကိုအမေစုအားသိစေလိုပါသည်။ထိုအကြောင်းအရာများကို စစ်အစိုးရကယနေ့ ထက်တိုင်အောင် အင်မတန်မှကြောက်ရွံ့ နေပါတယ်။ ၁.အမှန်တရားအတွက် အမေစု ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး ၂. မေတ္တာ၊ ၃. နူးညံ့သိမ်မွေ့မှု၊ ၄ .လူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့် ၅.လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့ သူပါ။ မြန်မာနိုင်ငံမှာ အမှန်တရားအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာအမေ့မှာရှိနေတဲ့ အမေ့ရဲ့  ပင်ကိုယ် အရည်အသွေးမျာနှင့်ခေါင်းဆောင်မှုကိုပေးဆပ်နိုင်တာဟာ အမေတယောက်ဘဲရှိတယ်လို့  သားတိုယနေ့ ထက်ထိမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ရန်အတွက် ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟုလူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။ ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ကျွုနုပ်တို့  မှ တခဲနက် ကြိုဆိုထောက်ခံအပ်ပါသည်။ မင်္ဂလာရှိတဲ့ မနက်တိုင်းမှာ ရေးထိုးကြရမယ့် ကျွန်တော်တို့ တတွေရဲ့ သမိုင်းတွေ အစဉ်အမြဲလှပနေဖို့ အတွက် လူအချင်းချင်း ချစ်ခင်ကြဖို့  လေးစားကြဖို့  ချစ်ခင်စွာ ပေါင်းသင်းကြဖို့ ကို ညှာတာသနားပြီး စာနာမှုများစိတ်ကလေးတွေတဲ့ အမေ့ခေါင်းဆောင်မှုကိုခံယူပြီး အကြင်နာ လက်ကလေးများနှင့်အမေသွားမဲ့ နိုင်ငံခြား ခရီးစဉ်မှာ မုဒိတာနှလုံးသားများပွားများပြီးအမေ့ကို ထာဝရထောက်ခံသွားကြရင်း နှလုံးကောင်းသွင်းကြပြီး ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကာ ကြိုဆိုကြစေလိုကြောင်းရေးသားတင်ပြအပ်ပါတယ်။ ကိုထွန်းဝေ ဂျပန်
အမေ့ ကိုစေတနာတွေ ပေးဆပ်ကြရအောင်....... ကျွန်တော်တို့ အားလုံးရဲ့  ပြည်သူ့ အမေ ရှေ့ဆောင်လမ်းပြ မီးရှူးတဆောင် အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန
်းစုကြည် အား ကျွုနုပ်တို့  မှ အမေ ဒေါ်အောင်ဆန်းစုကြည် အားဝမ်းပန်းတသာ ကြိုဆိုနှုတ်ခွန်းဆက်သ အပ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီ သမိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဦးဆောင်မှု၊အမျိုးသားရေးဦးတည်ချက်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ဦးဆောင်မှုများအောက်တွင် ကျွုနုပ်တို့ ရပ်တည်ချက် သည် ဦးလည်မသုန် အခိုင်အမာ နာခံလျှက်ရှိပါသည်။ အမေစုရဲ့ မည်သူတဦးတယောက်မျှ ပိုင်ဆိုင်မှုမရှိသေးသောအရည်အချင်းများကိုအမေစုအားသိစေလိုပါသည်။ထိုအကြောင်းအရာများကို စစ်အစိုးရကယနေ့ ထက်တိုင်အောင် အင်မတန်မှကြောက်ရွံ့ နေပါတယ်။ ၁.အမှန်တရားအတွက် အမေစု ဟာ ကြောက်ရွံ့ ခြင်းမှကင်းဝေးရေး ၂. မေတ္တာ၊ ၃. နူးညံ့သိမ်မွေ့မှု၊ ၄ .လူသားဆန်မှု၊ လွတ်လပ်ခြင်းရဲ့ အနှစ်သာရနှင့် ၅.လူသားအားလုံးရဲ့ချစ်မြတ်နိုးမှုကို ကိုင်စွဲထားနိုင်တဲ့ သူပါ။ မြန်မာနိုင်ငံမှာ အမှန်တရားအတွက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီထွန်းကားရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ရာမှာအမေ့မှာရှိနေတဲ့ အမေ့ရဲ့  ပင်ကိုယ် အရည်အသွေးမျာနှင့်ခေါင်းဆောင်မှုကိုပေးဆပ်နိုင်တာဟာ အမေတယောက်ဘဲရှိတယ်လို့  သားတိုယနေ့ ထက်ထိမြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ရန်အတွက် ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟုလူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။ ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ကျွုနုပ်တို့  မှ တခဲနက် ကြိုဆိုထောက်ခံအပ်ပါသည်။ မင်္ဂလာရှိတဲ့ မနက်တိုင်းမှာ ရေးထိုးကြရမယ့် ကျွန်တော်တို့ တတွေရဲ့ သမိုင်းတွေ အစဉ်အမြဲလှပနေဖို့ အတွက် လူအချင်းချင်း ချစ်ခင်ကြဖို့  လေးစားကြဖို့  ချစ်ခင်စွာ ပေါင်းသင်းကြဖို့ ကို ညှာတာသနားပြီး စာနာမှုများစိတ်ကလေးတွေတဲ့ အမေ့ခေါင်းဆောင်မှုကိုခံယူပြီး အကြင်နာ လက်ကလေးများနှင့်အမေသွားမဲ့ နိုင်ငံခြား ခရီးစဉ်မှာ မုဒိတာနှလုံးသားများပွားများပြီးအမေ့ကို ထာဝရထောက်ခံသွားကြရင်း နှလုံးကောင်းသွင်းကြပြီး ခေတ်သစ်ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကာ ကြိုဆိုကြစေလိုကြောင်းရေးသားတင်ပြအပ်ပါတယ်။

ကိုထွန်းဝေ ဂျပန်

Friday, May 18, 2012

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ


မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားတဲ့ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့တားမြစ်ထားတွေကိုလျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန် သမ္မတ က မနေ့က ကြေညာချက်
ထုတ်ပြန် လိုက်ပါတယ်။

နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူပေါင်းဆက်ဆံရေးလမ်းပွင့်လာတာဟာ မြန်မာအစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေကိုအထောက်အကူ ပြုနိုင်ဖို့အတွက်အဓိကအရေးပါကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အခုလိုအမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးအခန်းကဏ္ဍသစ်ဖွင့်လှစ်လိုက်တာနဲ့ပတ်သက်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်တို့ပူးတွဲသတင်းစာရှင်းလင်းပွဲမနေ့ကကျင်းပခဲ့ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေတားမြစ်ထားတာကိုဆိုင်းငံ့လိုက်ပေမဲ့ ပြောင်းလဲတိုးတက်မှုတွေ
နောက်ပြန်လှည့် လာတာမျိုး မရှိအောင်၊ ပိတ်ဆို့မှု ဥပဒေတွေကတော့ ဆက်လက်ထားရှိမှာ ဖြစ်တယ် လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့ပြင် အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေထဲက သင့်တော်တဲ့ အချက်တွေကို ဆက်ပြီးထိန်းထားအုံးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပေမဲ့ အရပ်သား အုပ်ချုပ်ရေးစနစ် အပြည့်အ၀ အကောင်အထည် မဖေါ်နိုင်သေးတာကြောင့် လက်နက်ရောင်းဝယ်တာတွေကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲ
ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုးရီးယားနဲ့စစ်ရေးအရဆက်ဆံမှုတွေကိုရပ်ဆိုင်းမှာဖြစ်တယ်လို့သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကိုလည်း
ကျေနပ်အားရမိတယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA-Burmese

Thursday, May 17, 2012

ကိုဇာဂနာ အင်တာဗျူး နောက်ဆုံး ရုပ်ရှင် ရိုက်ကူးမှူ။ ရုပ်/သံ



ကိုဇာဂနာ အင်တာဗျူး နောက်ဆုံး ရုပ်ရှင် ရိုက်ကူးမှူ။ နိုင်ငံရေး အကျဉ်းသား ကူညီမှူနဲ့ သမတ က ပြည်ပရောက်တွေနဲ့ ပြည်တွင်း နိုင်ငံရေး အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဘို့ ကိုဇာဂနာမှ တောင်းဆိုလိုက်။

by;DVB TV News

Tuesday, May 15, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့တောင်ကိုရီးယားသမ္မတတို့တွေ့ဆုံ..ရုပ်/သံ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်နဲ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ ဆီဒိုနားဟိုတယ်မှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်ဆိုတာကို မြန်မာအစိုးရအနေနဲ့ နားလည်မယ်လို့ မျှော်လင့်ကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်နေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် နှစ်ဆတိုး ထောက်ခံသွားမှာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ပြောကြားခပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို လိုချင်သလို ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုတို့ကိုပါ လိုအပ်ကြောင်း ပြည်သတွေရဲ့ လုပ်ပိုင်ခွင့်ရရှိမှုဟာ် စစ်မှန်တဲ့ဒီမိုကရေစီအတွက် အရေးကြီးကြောင်း၊ ပြည်သတွေအနေနဲ့ အနာဂတ်ဟာ ပြည်သူတွေရဲ့ လက်ထဲမှာသာရှိနေတယ်ဆိုတာကိုနားလည်ဖို့ အခုချိန်မှာ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။


by Burma VJ Media Network's

Saturday, May 12, 2012

ဦးမိုးကောင်း၏ လက်ရာများ ကာတွန်း

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး အဖြစ် သူတာဝန်ရှိတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံပြည်သူတွေရဲ့ အခက်အခဲကို ဒီကနေ့ လက်တွေ့ ကွင်းဆင်း လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံအုပ်ချုပ်ရေးမှူးတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိတဦး ဖြစ်တဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။

"ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းကို သွားရောက် ဖူးမျှော်အပြီးကော့မှူး ကျေးရွာပေါင်းစုံမှာ ရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ် ၁၅၀ခန့်ကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ
သူတို့ ဖြစ်စေချင်တာတွေကို မေးမြန်းခဲ့ပါတယ်။

ခရစ်ယာန်၊မူဆလင်၊ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံပြီးဘာသာေ၇းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။
ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်ဒါ့အပြင် ကော့မှူးမြို့နယ်ထဲမှာ ရေရှားပါးလို့ ရေရရှိရေး ပြုလုပ်ပေးနေကြတဲ့ပညာရှင်များ၊အလှူရှင်များနဲ့ဆွေးနွေးပါတယ်။အဲဒီနောက် မြို့နယ် ဆေးရုံ
မြို့နယ်ဆရာဝန်ကြီးနဲ့ တွေ့ပြီးကျန်းမာရေးအတွက်ဘာတွေ ဖြည့်ဆည်းပေးဖို့လိုသလဲလို့ မေးပါတယ်။အခု လောလောဆယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့စကားပြောနေပါတယ်။"
ဖို့ လိုသလဲလို့ မေးပါတယ်။အခု လောလောဆယ်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စကားပြောနေပါတယ်။"

အခုလို ကော့မှူးဒေသခံတွေနဲ့တွေ့ဆုံပြောဆိုခဲ့ရာမှာ အထူးသဖြင့် လက်ရှိ အခက်အခဲ (၂) မျိုး တွေ့ရတယ်လို့ ဦးခွန်သာမြင့် က ပြောပါတယ်။

အဲဒါတွေကတော့ အလုပ်လက်မဲ့ ပြဿနာနဲ့ လယ်သမားတွေရဲ့ အခက်အခဲဖြစ်ပြီး ကျန်အခက်အခဲတွေကတော့ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်မှာ မိဘမဲ့ ကျောင်းတကျောင်းနဲ့ မူကြိုကျောင်း တကျောင်းကိုလည်း ဝင်ရောက်ကြည့်ရှုပြီး နှုတ်ဆက်စကား

ပြောခဲ့ပါတယ်။

Tuesday, May 8, 2012

ဦးသိန်းစိန် ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့စည်းပြီ။ -----------------------------------------------------------------



လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ှပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း က ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ၀န်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအ၀င် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားကြောင်း သမ္မတ ရုံး အသိုင်းအ၀ိုင်းမှ သတင်းရသည်။ ယခုကဲ့သို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ပြင်ဆင်၍ အသစ်ပြန်လည် ဖွဲ့စည်းခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ “အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှစ်ခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ထာဝရငြိမ်းချမ်း ရေးရတဲ့အထိ အစိုးရသက်တမ်းမကုန်ခင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု သမ္မတရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ပထမဆင့်အနေနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ သတ်မှတ် နေရာများအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော် သည့်နေရာများတွင် လက်နက်မပါဘဲ ထားရှိရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့်နေရာ ညှိုနှိုင်းရေးများကို လုပ်ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။ ယခင်က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသေးပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင်း ဦးအောင်သောင်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။ အစိုးရက ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည်ဖြင့် ၁၀ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

by Kyaw Swar Myint

ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်.....။


ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့် သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့်ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။

"အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာ တင်မယ်ပေါ့ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှပဲရမယ် အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၀ိုင်ပီအိုင်သို့ ပြောသည်။

အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း " ဒေါ်စု တင်မယ်ဆိုရင် ဒု-သမ္မတက စစ်ရေးအမြင်ရှိရမယ် ဆိုတာပါနေတယ် နောက် သူ့သားတွေခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး "ဟုဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ၏ အ ရည်အချင်းများတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ထိုတရား ၀င်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ်ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟုပါရှိသည်။

နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်း တင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်း ထားသူ ဖြစ်သည်။
ထို့ကြောင့် ၎င်းနှုတ်ထွက်ပါက ယင်းတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည် ရွေးချယ်တင်သွင်းရမည်ဖြစ်သည်။

"တပ်မတော်သားကိုယ်စားလှယ်တွေက စစ်တပ်က လာတဲ့သူတယောက်ယောက် ကိုပဲဖြစ်ဖြစ် ၊ဒေါ်စုကို ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကိုရွေးချယ် တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်းသူ့သား တွေနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲကို ပြုတ်ကျသွားနိုင်ပါတယ် "ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

ဒု-သမ္မတမှာဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိဒု-သမ္မတများမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ (၁)ဖြစ်၍ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှာ (၂)ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒ အရနှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။
အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာလစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတ တစ်ဦးရွေးချယ်တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီး အမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟုပါရှိသည်

ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတဧ။်အကြောင်းကြားစာရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ က ဒုတိယသမ္မတ တစ်ဦး ကို ရွေးချယ်တင်မြောက်ရေး အတွက်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟုပါရှိသည်။

ကျန်းမာရေးအကြောင်းကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင် ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။

ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာနအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။

၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယ သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည် ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။ ။

Yangon Press International

သန်းရွှေကြီး ရဲ့ မြုပ်ကွက်


ပေါတာကြီးသန်းရွှေဟာ ဗမာပြေကို အမေရိကန် နဲ့ တရုပ်တို့ ရဲ့ အားပြိုင်မှုထဲရောက်အောင်တွန်းပို့ လျက်ရှိပါတယ် ၊စီးပွားရေးဖွံ့ဖြိုးလာမှု နဲ့ လိုက်လျောညီထွေမရှိတဲ့ နိုင်ငံရေးစနစ်တို့ ကြောင့် သောကရောက်နေတဲ့ တရုတ်အစိုးရဟာ အမေရိကန်နဲ့ အနောက်အုပ်စုတို့ရဲ့ အာရှဒေသအပေါ် အာရုံစိုက် အရေးတယူဆောင်ရွက်မှုများ အပေါ် စိုးရိမ်းတကြီးရှိနေပါတယ် ၊စစ်အင်အားတိုးချဲ့တာဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ တဖွဖွပြောခဲ့တဲ့ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ကျွန်းစု ပိုင်ဆိုင်ခွင့် အငြင်းပွားမှုမှာ ပတ်ဝန်းကျင်နိုင်ငံများကို စစ်အင်အားပြခြိမ်းခြောက်ခဲ့ပါတယ် ၊

ကျောက်မီးသွေးလောင်စာအပေါ် ရှစ်ဆယ်ရာခိုင်နှုန်း မှီခိုနေရတဲ့ တရုတ်နိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံတွေက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ ရေနံစိမ်းနဲ့ ရေအားလျှပ်စစ်တို့ကို အငမ်းမရ လက်ဝါးကြီးအုပ်ဖို့ ကြိုးစာနေပါတယ် ၊
တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ အနောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းပြည်နယ်တွေရဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွေက ထွက်ရှိတဲ့ အရည်အသွေးမမှီတဲ့ကုန်ပစ္စည်းများကိုလည်း အရှေ့တောင်အာရှ နဲ့ တောင်အာရှ နိုင်ငံများသို့ လျော့ဈေးပေါ်လစီနဲ့ တင်ပို့ ကာရောင်းသူဈေးကွက်ဖြစ်လာအောင် လက်ဝါးကြီး အုပ်ထားခဲ့ပါတယ် ၊တရုတ်ပြည်တွင်းမှာလည်း တင်းမာတဲ့စည်းမျဉ်းများနဲ့ ပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်မှုကြောင့် တရုတ်ပညာတတ်အများအပြားရဲ့ ဆန့်ကျင်ကန့်ကွက်မှု နဲ့ နိုင်ငံအတွင်းမှ နည်းမျိုးစုံနှင့်ထွက်ခွာသွားမှုကို နှစ်စဉ်ကြုံတွေ့နေရပါတယ် ၊တရုပ်ပြည်ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေ အပေါ် သြဇာလွှမ်းလိုမှု ထိန်းချုပ်ထားလိုမှုတွေဟာ တနေ့တခြား သိသာထင်ရှားလာနေပါတယ် ၊
ဗမာပြေပြည်သူများ နိုးကြားလာမှု ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံခေါင်းဆောင်များ ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးရှိမှု ၊ ဗမာ့နိုင်ငံရေးဖြစ်စဉ်များကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အသိအမှတ်ပြု အားပေးလာမှု တွေက ယခင်သန်းရွှေခေတ်တုန်းကရရှိထားတဲ့ တံခါးမရှိဓါးမရှိ ဗမာနိုင်ငံအပေါ် ၀င်ထွက်သွားလာ စီပွားဆောင်ရွက်ခွင့်တွေအတွက် တရုတ်အစိုးရ စိုးရိမ်မှု ဖြစ်လာခဲ့ပါတယ် ၊ရခိုင်ကမ်းလွန် ကျောက်ဖြူကျွန်းစုက သဘာဝဓါတ်ငွေ့ နဲ့ ရေနံစိမ်းပိုင်လိုင်း သွယ်တန်းမှု အပေါ် ဗမာပြေလုံး ဆန့်ကျင်ကန့်ကွက်မှု ပြင်းထန်လာမှု အပေါ်လည်း တရုတ်တို့ ဦးနှောက်ခြောက်စရာဖြစ်လာပါတယ် ၊ဒေါ်အောင်ဆန်းစုကြည်မှလည်း ဗမာပြေကို တရုတ်တို့ ဘာရောင်းရောင်း ၀ယ်တဲ့ ဈေးဝယ်နိုင်ငံအဆင့်အဖြစ် မမြင်စေလိုကြောင်း ပြောထားမှုကလည်း တရုတ်တို့လောဘကို ချပြသကဲ့သို့ ဖြစ်ခဲ့ပါတယ် ၊ဒီလို ဟ ချက်တွေက သန်းရွှေအတွက် အခွင့်အလမ်းတွေဖြစ်စေပါတယ် ၊

သူမသေခင် ကျန်ရှိနေတဲ့ နှစ်များအတွင်း အာမခံချက်ရရှိစေဖို့အတွက် ဗမာပြေကို အမေရိကန်နဲ့တရုတ် တို့ ရဲ့ အားစမ်းပွဲအတွင်း ဆွဲထည့်ဖို့ သန်းရွှေကြီးကြိုးစားနေပါတယ် ၊ဒီမြုတ်ကွက် ဟ ကွက်ကို ကျနော်တို့ ဂရုတစိုက် သုံးသပ်ဖို့ လိုပါတယ် ၊ တကယ်အရေးကြီးပါတယ် ၊

Ref: Facebook

Monday, May 7, 2012

မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ သတင်းထုတ်ပြန်ဖွယ်ရှိ



မြန်မာ ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်စာတင်သွင်းတဲ့ကိစ္စ အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးမှာ ဒီနေ့ တနင်္လာနေ့မှာ အစည်းအဝေးတရပ် ကျင်းပပြီး သတင်းထုတ်ပြန်ပေးဖွယ် ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောကြောင်း ဦးတင်အောင်မြင့်ဦးဟာ ပြုပြင် ပြောင်းလဲရေး မလိုလားသူ၊ သဘောထားတင်းမာသူ၊ စီးပွားရေးလုပ်ငန်းတွေမှာ လက်သင့်ရာဦးစားပေးသူ အဖြစ် နံမည်ကြီးပြီး၊ သူ့ရဲ့ နှုတ်ထွက်မှုဟာ မြန်မာအစိုးရအတွက် ထူးကဲတဲ့ဖြစ်စဉ်တရပ် ဖြစ်တယ်ဆိုတဲ့ ရန်ကုန်သံတမန် သတင်းရပ်ကွက်ကို ကိုးကားပြီး မေလ ၆ ရက်နေ့ထုတ် Financial Times သတင်းစာမှာလည်း ဖော်ပြထားကြောင်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ထွက်ဖို့ စာတင်ထားတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်းက မနေ့က ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါကြောင်း ဒီသတင်းနဲ့ပတ်သက်ပြီး စုံစမ်း သိရှိရသမျှတွေကို တင်ပြပေးထားပါကြောင်း
မကြာခင်ရက်ပိုင်းကမှ စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူပြီး မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနေ နှုတ်ထွက်ဖို့ စာကို မေလ ၃ ရက်နေ့မှာ သမ္မတဆီ စာတင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ပြောကြောင်း ဒီသတင်းကိုလည်း ဗွီအိုအေ မြန်မာပိုင်းက စနေနေ့ညပိုင်း အစီအစဉ်မှာ ထုတ်လွင့်ခဲ့ပြီး ဖြစ်ပါကြောင်း

ဒီကနေ့ ထပ်မံ စုံစမ်းသိရသလောက်ကတော့ နှုတ်ထွက်စာထဲမှာ ကျန်းမာရေးကြောင့် မပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကျန်းမာရေးလည်း သိပ်မကောင်းသလို့ လည်ချောင်းမှာ ကင်ဆာလို၊ အဖုအကြိတ်မျိုး စစ်ဆေး တွေ့ရှိခဲ့တာကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာ တင်ထားတာ ဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောကြောင်း သူရဲ့ နှုတ်ထွက်စာကို လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ သမ္မတ ဦးသိန်းစိန်အပေါ်မှာ မူတည်တယ် လို့လည်း ပြောကြောင်း ဦးတင်အောင်မြင့်ဦးဟာ အခု မှော်ဘီက ဘုန်းကြီးကျောင်းတကျောင်းမှာ ရဟန်းခံထားတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေကြောင်း

တခါ ဒီသတင်းနဲ့ ပတ်သက်လို့ သမ္မတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်ကိုလည်း ကျမ ဆက်သွယ် မေးကြည့်တော့ လက်ရှိ ဒီကနေ့ထိတော့ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်မယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာမှမသိရသေးဘူးလို့ ဖြေကြောင်း

"ကျနော်တို့တော့ ဘာမှ မသိသေးပါဘူးခင်ဗျ။ ကျနော်တို့လည်း နေပြည်တော်က မေလ ၁ ရက်နေ့က ပြန်လာတာပေါ့လေ။ အဲဒီအချိန်ထိတော့ ဘာမှ မကြားခဲ့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘာမှတော့ ပြောသံ ဆိုသံ မကြားမိပါဘူး။ ဒီလိုပဲ ၀က်ဘ်ဆိုက်တွေမှာရော၊ တခြား နေရာတွေမှာရော သတင်းတွေကတော့ ပြန့်နေတာပါပဲ။ ဒါမျိုး သတင်းတွေလည်း ပေါ်ပေါ်လာတတ်တာ ရှိတယ်။ ဟို . . . အတည်ပြုလို့လည်း မရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှတော့ ရေရေရာရာ မသိပါဘူး။"

တကယ်တော့ မြန်မာနိုင်ငံမှာ ဒီလို သတင်းမျိုးတွေကို အတည်ပြုချက်ရဖို့ အတော် ခက်ခဲပါတယ်။ နိုင်ငံတော်သမ္မတရုံးတွေ၊ အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမဲ့လည်း အတည်ပြုချက် မရသလို ဘာမှ မသိရသေးဘူးလို့သာ ဖြေကြပါတယ်၊။ ဒီလို သတင်းမျိုးတွေကိုလည်း အုပ်ချုပ်သူ အစိုးရဘက်က ကြိုတင်အသိပေး ထုတ်ပြန်တဲ့ အစဉ်အလာလည်းမရှိခဲ့ပါဘူး။

ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ အခု အစိုးရအဖွဲ့ထဲမှာ သဘောထား တင်းမာသူ တဦး ဖြစ်တယ်လို့ အများသုံးသပ်ထားတာမို့ ဒီသတင်းကို အတော်များများက စိတ်ဝင်စားနေကြတာလည်း ဖြစ်ကြောင်း ဦးတင်အောင်မြင့်ဦးနဲ့ တပ်မမှူး၊ တိုင်းမှူးဘ၀မှာ ဆုံခဲ့ဖူးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာနေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ သူသိတဲ့ ဦးတင်အောင်မြင့်ဦးရဲ့ စိတ်နေ သဘောထားတွေကို အခုလို ပြောပြကြောင်း

"သီဟသူရ ဦးတင်အောင်မြင့်ဦး အနေနဲ့ ဒီအစိုးရထဲမှာတော့ နံပါတ်တစ် သဘောထား တင်းမာဆုံးလို့ ပြောရပါမယ်။ သူဟာစစ်တပ်ထဲမှာ နေစဉ်တုန်းကလည်း အင်မတန်မှ သဘောထား တင်းမာတဲ့သူ။ ကျနော်တို့ စစ်တပ်ထဲမှာတော့ အပြောအဆိုလည်း ကြမ်းတယ်။ အခုလည်း ကင်ဆာဖြစ်တယ်လို့ ကြားတာပဲ။ အခု ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ၀င်ဖို့ မ၀င်ဖို့ ကိစ္စတွေ၊ နောက် ၂၀၀၉ ခုနှစ်က ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ မလွှတ်ဖို့ကိစ္စ၊ နောက် မစ္စတာယက်တောနဲ့ ပြန်ဖမ်းတဲ့ ကိစ္စတွေ ရှိတယ်ဗျာ၊ နောက် ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာ ဒါတွေဟာ သူတို့ပယောဂတွေ မကင်းပါဘူး ခင်ဗျ။
၂၀၁၁ ခုနှစ်လောက်က ကျနော် သိရသလောက်ပေါ့လေ အခု လက်ရှိသမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် တော်တော်လေး စိတ်ခံစားပြီးတော့မှ အစည်းအဝေး ခန်းကနေပြီးတော့မှ ဆွဲခေါ် ထုတ်သွားခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတွေ ကြားခဲ့ရပါတယ်။ အဲဒီချိန်ခါတုန်းကတော့ ဦးတင်အောင်မြင့်ဦးအနေနဲ့ ကျန်းမာရေး ကောင်းပြီးတော့မှ aggressive ဖြစ်တဲ့အချိန်ပေါ့လေ။ အထူးသဖြင့်တော့ မြစ်ဆုံ Dam (ဆည်) ကိစ္စတွေ ဖြစ်တဲ့အခါမှာ ဖြစ်ပါတယ်။"

ဒါကတော့ အမေရိကားမှာ နေတဲ့ စစ်သံမှူးဟောင်း ဦးအောင်လင်းထွဋ် ပြောပြခဲ့တာပါ။ ဦးတင်အောင်မြင့်ဦးဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၂) ကျောင်းဆင်း တဦးဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ တာဝန်ယူခဲ့သူ ဖြစ်ကြောင်း အခု အရပ်သားအစိုးရ တရပ် ဖွဲ့စည်းခဲ့တဲ့ အထဲမှာတော့ စစ်တပ်ရဲ့ ထောက်ခံမှု အပြည့်နဲ့ ဒုတိသမ္မတ ဖြစ်လာတာလို့လည်း ပြောဆိုကြတာတွေ ရှိကြောင်း သိရသည်။

ဒုသမ္မတ ဦးတင်အောင်မြင့်ဦး ထွက်စာတင်

ခေါင်းမာဂိုဏ်းသားဟု အများက ယူဆကြသည့် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ မေလ ၃ ရက်နေ့တွင် ထွက်စာတင်လိုက်ကြောင်း သိရသည်။ VOA မြန်မာပိုင်း သတင်းကို ကိုးကား၍ Reuters သတင်းဌာက ဖော်ပြသော်လည်း အတည်ပြုချက် မရသေးဟု ရေးသားထားသည်။ စုံစမ်းသိရှိချက်အရ အသက် ၆၁ နှစ်အရွယ်ရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်မြင့်ဦးသည် စင်ကာပူ၌ ဆေးစစ်ရာတွင် ကင်ဆာလက္ခဏာ တွေ့ရပြီး၊ မျက်လုံးအမြင်အာရုံလည်း ချွတ်ယွင်းနေကြောင်းသိရသည်။

လွင်ပြင်ဝိုင်းတော်သားများ

Sunday, May 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းက လက်တွေ့ နိုင်ငံရေး ကျင့်စဉ်ကို ထင်ဟပ်....။


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက် အုပ်ချုပ်သူများ၏ သံလက်သီးကို နှစ်ပေါင်း ၂ဝ ကျော် အာခံခဲ့သော်လည်း ကျင့်ဝတ်ကို ဘေးဖယ်သည့် သဘော သက်ရောက်သည့် တိုင်အောင် အလျှော့ပေး ညှိနှိုင်းမှုကို အားသန်လျက် ရှိသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေပါ စကားလုံးကို အစပိုင်းတွင် အငြင်းပွားခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ ဗုဒ္ဓဟူးနေ့တွင်မူ လွှတ်တော်တက်၍ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်သည်။

ယင်းသို့ အလျှော့ပေးမှုက "အံ့အားသင့်စရာ အပြောင်းအလဲဖြင့် ဒီမိုကရေစီလမ်းဆီ တရွေ့ရွေ့ ချဉ်းကပ်နေသော မြန်မာနိုင်ငံတွင် အလျှော့ပေး ညှိနှိုင်းမှုသည် ပစ္စုပ္ပန် အထူးလိုအပ်ချက် ဖြစ်သည်"ဟု ညွှန်ပြနေသည်။

သို့သော် ယင်းကဲ့သို့ လွှတ်တော်တက်ရန် နှောင့်နှေးမှုကြောင့် တနင်္လာနေ့က လွှတ်တော်တွင် ကုလအကြီးအကဲ ဘန်ကီမွန်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ ပျက်ကွက်မှုကို သိသိသာသာ ပေါ်လွင်စေခဲ့သည်။

"ရထား လွတ်သွားတော့မည် ဟူသော အတွေးကို NLD က နောက်တစ်ကြိမ် ထပ်ပေးခဲ့သည်" ဟု University of Hong Kong မှ မြန်မာ့ရေးရာ အကဲခတ်တစ်ဦး ဖြစ်သူ ရီနော့ အီဂရပ်တူက ဆိုသည်။ နာမည်ပျက်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် မျှမျှတတ ကျင်းပပေးခဲ့သော ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် လွှတ်တော် တက်ခြင်းကိုသူမအပေါ် ထောက်ခံသူများကလည်း ကြိုဆိုကြပါလိမ့်မည်။

သို့သော် NLD ပါတီတွင်းတွင် တပ်မတော်နှင့် လက်တွဲမည့် လက်တွေ့အုပ်စုနှင့် လက်တွဲရန် မလိုလားသော ခေါင်းမာသူ အုပ်စု ဟူ၍ နှစ်ခြမ်း ကွဲနေသော လက္ခဏာ ရှိသည်ဟုလည်း ယင်းက ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ခေါင်းမာသူတွေ ဆီကနေ နောက်ဆုံးမှာ လွတ်မြောက်လာတာကို ကျွန်တော်တို့ မြင်ရမှာပါ။ ဒါပေမဲ့ NLD အန်ကယ်ကြီးတွေဟာ အများလေးစားမှုကိုတော့ ခံယူနေရတုန်းပါပဲ။ မြန်မာ့ ယဉ်ကျေးမှုမှာ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အာဏာကို မေးခွန်းထုတ်ဖို့ မလွယ်ကူပါဘူး" ဟု အီဂရက်တူက မှတ်ချက် ပေးသည်။

တပ်မတော်၏ အာဏာကို အာမခံချက် ပေးထားသော ၂ဝဝ၈ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အမတ် ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သယံဇာတ ကြွယ်ဝ၍ ဆင်းရဲသော နိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသော ကျယ်ပြန့်သည့် ကိစ္စရပ်များကို ယင်းဥပဒေဘောင်ထဲမှပင် ဆောင်ရွက်သွားရတော့မည် ဖြစ်သည်။

သို့သော် အမတ်နေရာ ၁ဝ% သာ ရှိသေးသော အနေအထားကြောင့် အခြားကိစ္စများတွင် အနိုင်ရရန် အချို့ကိစ္စများတွင် အလျှော့ ပေးရလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယင်းသို့ အပေးအယူ လုပ်ရသည့် အခြေအနေသည် သူမ၏ ၈၈ ခုနှစ်က ရဲရဲတောက် မိန့်ခွန်းများနှင့် များစွာ ကွာလှမ်းသွားပြီလည်း ဖြစ်သည်။

နှစ်ပေါင်း ၂ဝ ကျော် ကိုယ်ကျိုးစွန့်၍ ခိုင်မာစွာ ရပ်တည်မှုကြောင့် သူမအား နိုင်ငံတကာက ခြိမ့်ခြိမ့်သဲ ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း မြန်မာတပ်မတော်အစိုးရကမူ ခေါင်းမာစွာ ငြင်းဆန်တတ်သူဟု သူမကို သိက္ခာချ စွပ်စွဲခဲ့သည်။

(Peninsula မှ 4 May 2012 ရက်စွဲပါ Suu Kyi's move hints at political pragmatism ကို yangonchronicle ဘာသာ ပြန်ဆိုသည်

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်ပြီ


ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးမှ နှုတ်ထွက်သွားပြီပာု Reuters သတင်းဌာန၏ သတင်းအရ သိရှိရသည်။

စင်္ကာပူ နိုင်ငံမှ ဆေးကုသခံယူပြီးအပြန် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ အနားယူလို ကြောင်း မေလ ( ၃ ) ရက်နေ့ကထဲက..သက်ဆိုင်ရာသို့တင်ထားကြောင်းလည်း သိရပါသည်။ YANGON (Reuters) - A former top general close to Myanmar's retired dictator Than Shwe has resigned as vice-president, Burmese media reported, ending the hardliner's role in the reformist government.
Tin Aung Myint Oo, 61, submitted his resignation on May 3 for health reasons after returning from Singapore for medical treatment, the Myanmar language service of Voice of America reported on Sunday.
The report could not be immediately confirmed.
Tin Aung Myint Oo, a former four-star general, was one of two vice-presidents and considered a leader among hardliners in the year-old military-backed government that replaced the often-brutal junta who ruled for half a century.
Tin Aung Myint Oo graduated from the Defense Services Academy in 1970, becoming northeastern military commander near the Chinese border late 1990s.
He was promoted to Secretary-1 of the former junta in 1997, a year when the army rounded up hundreds of pro-democracy activists in Aung San Suu Kyi's National League for Democracy to prevent them from attending a party congress.
Suu Kyi and 42 other members of her party took their seats in parliament last week following a historic by-election in a year of dramatic reforms in the former British colony also known as Burma.
In 2009, Tin Aung Myint Oo was appointed military advisor to then-Senior General Than Shwe. He was elected to the lower house a year later as a candidate for the army-backed Union Solidarity and Development Party, and was quickly nominated as vice president by military delegates.

(Reporting by Aung Hla Tun; Writing by Jason Szep; Editing by Jeremy Laurence)

Friday, May 4, 2012

ကြံ့ ဖွတ်ပါတီက သူရဦးရွှေမန်းကို ကြံ့ ဖွတ်ပါတီကရော ပြည်သူ့ လွှတ်တော်ကရော နှုတ်ထွက်ရန် ဖိအားပေးတောင်းဆိုခံရ။























ပြီးခဲ့တဲ့ရက်ပိုင်းက သူရဦးရွှေမန်းကို ကြံ့ ဖွတ်ပါတီက ဖိအားပေးပြီး နုတ်ထွက်ခိုင်းခဲ့တယ်လို့ သိရှိရပါတယ်။ ကြံ့ ဖွတ်ပါတီကနေရော ပြည်သူ့  လွှတ်တော်ကနေရော ထွက်ခိုင်းခဲ့တယ်လို့ ဦးရွှေမန်းနဲ့  ရင်းနှီးတဲ့ စစ်အစိုးရ၀န်ကြီးဟောင်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲရှုံးနှိမ့်မှုကနေစပြီး ကြံ့ခိုင်ရေးပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ကြီးမားလာပြီး၊ ဥိးသိန်းစိန် ဦးရွှေမန်းတို့ နဲ့  ကြံ့ ဖွတ်ပါတီတို့ အကြား မကြေလည်မှုတွေ ဖြစ်ခဲ့တယ်လို့  သိရှိရပါတယ်။

ကြံ့ ဖွတ်ပါတီကနေ ဖိအားပေး နှုတ်ထွက်ခိုင်းမှုအပေါ် စစ်ဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းအနေနဲ့ လည်း သန်းရွှေရဲ့  နအဖလက်ထက်က ထုံးစံအတိုင်း ကိုယ်ကျိုးစီးပွားများအနေနဲ့  သားအကြီးဖြစ်သူ အောင်သက်မန်းရဲ့  ဧရာရွှေဝါလုပ်ငန်းအုပ်စု၊ သားအငယ်ဖြစ်သူ တိုးနိုင်မန်းနဲ့  ၄င်းရဲ့  ယောက္ခမ ဦးခင်ရွှေတို့  ပေါင်းလုပ်နေသော စီးပွားရေးလုပ်ငန်းများအား ထိခိုက်လာနိုင်တဲ့အတွက် ယခုလို ဖိအားပေးမှုကို လွန်ဆန်နိုင်ပါ့မလားဟု စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သန်းရွှေ ဦးဆောင်ခဲ့တဲ့ နအဖလက်ထက် အခွင့်အရေးရခဲ့တဲ့ ကိုယ်ကျိုးသမား စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ယနေ့  ပြည်သူ့  လွှတ်တော်ရဲ့  ဆောင်ရွက်ချက်များကြောင့် အာဏာမက်မောနေဆဲဖြစ်တဲ့ ဌာနဆိုင်ရာဝန်ကြီးများနဲ့  ပေါင်းပြီး ရိုက်မည့် ဂွင်များပျက်သဖြင့် မကျေနပ်နေကြကြောင်း သိရှိရပါတယ်။

လတ်တလော အခြေအနေအချိန်မှာလည်း သမ္မတ ဦးသိန်းစိန်ရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကလည်း အမေရိကန်အခြေစိုက် စီးပွားရေး သတင်းစာ Bloomberg ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့  နိုင်ငံရေးမှ အနားယူဖွယ်ရှိကြောင်း ပြောဆိုလိုက်တဲ့ အခြေအနေနဲ့  တိုက်ဆိုင်နေပါတယ်။ ထို့ အတူ ဒုသမ္မတဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ လက်ရှိရာထူးကနှေ နုတ်ထွက်သွားကြောင်း ကောလာဟလသတင်းများ ရန်ကုန်မြို့ မှာ ပျံ့နှံ့လျက် ရှိပါတယ်။

အခြားသော အနေအထားကတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ရဲ့  အနေအထား ဖြစ်ပါတယ်။ တိုင်းပြည်အတွက် ကာကွယ်ရေးလုပ်ငန်းတွေကိုသာ အဓိကတာဝန်ယူထမ်းဆောင်ရမယ့် တပ်မတော်အနေနဲ့  တိုင်းပြည်ရဲ့  အုပ်ချူပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်နေတာတွေဟာ နိုင်ငံတစ်နိုင်ငံအတွက် မသင့်တော်တာမို့  ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အပါအ၀င် တပ်မတော်သားတိုင်းဟာ ဂုဏ်သိက္ခာရှိစွာနဲ့  မိမိနဲ့  သက်ဆိုင်တဲ့ တိုင်းပြည်ကို ပြည်ပရန် ကာကွယ်မှုမှအပ တိုင်းပြည်အုပ်ချုပ်ရေးပိုင်းမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်များရဲ့  တာဝန်လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကျော်လွန် ပါဝင်တာမဖြစ်ဖို့  တိုင်းပြည်နဲ့ လူမျိုးအပေါ် ညှာတာထောက်ထား စေတနာစစ်မှန်တယ်ဆိုရင် နားလည်မှု အထူးရှိကြဖို့  လိုပါတယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်တွင်းရန်ထက် ပြည်ပရန်ဆိုတာ ပိုအရေးကြီးပါတယ်။ တိုင်းပြည်နဲ့  လူမျိုးကို ချစ်မြတ်နိုးကြတယ်ဆိုရင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့သူ အားလုံး သစ္စာရှိကြဖို့  လိုပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့  တပ်မတော်အတွင်း မြန်မာနိုင်ငံတော်အတွင်းမှာ အချင်းချင်း တိုက်ခိုက်နေကြတာတွေကို ရပ်တန့် ကြပြီး၊ မည်သူမဆို အမိမြန်မာပြည်ကို ၀ိုင်းဝန်းကာကွယ် တိုးတက်အောင် လက်တွဲဆောင်ရွက်ပေးကြဖို့  အထူးမေတ္တာ ရပ်ခံလိုပါတယ်။

by niknayman fb မှပြန်လည်တင်ပြပါသည်။

Thursday, May 3, 2012

မေလ ၂ ရက်နေ့တွင် NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို

ပြည်သူ့ဆန္ဒအရ လွှတ်တော်တက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား မေလ ၂ ရက်နေ့တွင် NLD ပါတီမှ ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်၌ ကျမ်းသစ္စာကျိန်ဆို PDF Print

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ယနေ့(မေလ ၂ ရက်နေ့)၌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်
Photo: AFP

မဲဆန္ဒရှင်ပြည်သူလူထု၏ ဆန္ဒနှင့် မဟာမိတ်များဆန္ဒအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်သို့ တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

554a

ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် မေလ ၂ ရက်နေ့တွင် လွှတ်တော်၌ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြကြောင်းလည်း သိရသည်။ အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါဇယား ၄ ၏ ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပါဝင်သည့်စာသားများအတိုင်းသာ ကျိန်ဆိုသွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ . . .

ဧပြီလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရေးမတက်ရေးနှင့် ပတ်သက်၍ ''အဖြေရပြီဆိုတော့ ဒါကိုမြန်မြန်ပဲ ပြောလိုက်ပါမယ်။ မနေ့က ဒေါက်တာအေးမောင် လာတွေ့ပါတယ်။ တိုတိုပြောရရင် ကျွန်မတို့ကို လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေတင် မကဘူး။ တစညလည်း ပါတယ်။ နောက်ပြီးတော့ တခြားပါတီတွေလည်း ပါတယ်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါတယ်။ အားလုံးကနေ စုပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ နောက်ပြီးတော့ လွှတ်တော်ထဲမှာမှ ပြောင်းလဲစေသင့်တာတွေ ပြောင်းလဲ စေချင်ပါတယ်ဆိုပြီးတော့ မေတ္တာရပ်ခံပါတယ်။ အင်မတန်မှ မဟာမိတ် သဘောတရား ဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက် ချင်တဲ့ အခြေအနေကို တင်ပြထားတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပေးတဲ့စာကလည်း တိုင်းရင်းသားပါတီတွေနဲ့ တခြားတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အားလုံးပေါင်း လက်မှတ်ထိုးထားတာက လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပြောင်းလဲချင်တဲ့ကိစ္စတွေ ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်တဲ့စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာကိုလည်း ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေ အားလုံးကို သဘောထားကြီးကြီးနဲ့ လိုက်လျောသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ လွှတ်တော်အတွင်း ကနေပြီးတော့ တခြားအဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ ဆန္ဒအများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်။ ဒီလွှတ်တော်တက်တဲ့ ကိစ္စကို အမြန်ဆုံး လုပ်လိုက်မယ်။ တချို့က မေးမှာပေါ့။ အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ စကားလုံးကို လက်မခံဘူး။ အခုကျတော့ ဘာလို့ လက်ခံလဲဆိုပြီးတော့၊ ဒါလက်ခံရတဲ့ အကြောင်းက ကျွန်မက အကြမ်းဖျင်းအားဖြင့် ပြောရင် နံပါတ်တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရပါ။ ကျွန်မတို့ကို မဲဆန္ဒရှင်များက၊ ကျွန်မတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျွန်မတို့ကို လွှတ်တော်ထဲကို ရောက်သွားတာ အင်မတန်မှ မြင်ချင် ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူလူထု အသံကို နားထောင်နေပါတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲကို ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ မဟာမိတ်တွေဖြစ် တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ လွှတ်တော်ထဲကနေပြီးတော့ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင်ချင်ပါတယ်လို့ ပြောထားတဲ့ မေတ္တာရပ်ခံချက်ကို ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ အလေးထားပါတယ်။ အဲဒါကြောင့်မို့ပါ''ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပါတီမှတ်ပုံတင် ဥပဒေနှင့်ရွေးကောက်ပွဲ ဥပဒေပါ စာသားများကို ပြင်ဆင်ရန် ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားများကိစ္စကို တစ်ချိန်တည်း မဆောင်ရွက်နိုင်သည့်ကိစ္စနှင့် ပတ်သက်၍ သူမ၏ လစ်ဟင်းမှုသာဖြစ်ကြောင်းနှင့် တာဝန်ယူကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။


554b
သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် စကားလုံးများနှင့် ပတ်သက်၍လည်း ထောက်ပြခဲ့ပြီး စကားလုံး အငြင်းပွားမှု ပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်အောင် လုပ်ခြင်းမဟုတ်ဘဲ ဥပဒေကိစ္စရပ်တစ်ခုအနေနှင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေနှင့် ပါတီမှတ်ပုံတင်ခြင်း ဥပဒေများကို ပြင်ဆင်ပေးမှုအတွက် သမ္မတကြီး၏ လိုက်လျောမှုကို မမေ့ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
554c
''အားလုံးကို ခြုံငုံပြီးတော့ နံပါတ်တစ်အနေနဲ့ ပြည်သူရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ်ဆိုတဲ့မူဝါဒကို ကျွန်မတို့ အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

554d

Eleven media group မှဖေါ်ပြပါသည်။