Sunday, December 12, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၂ )

ဒုဗိုလ် ချုပ်မှုးကြီး မောင်အေး ဟာ စစ်တပ် ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လို နိုင်နိုင်နင်းနင်း အုပ်ချုပ် နိုင်ပေမယ့်နိုင်ငံကို အုပ်ချုပ်မှု ပိုင်းမှာ တော့ ဘယ်တော့ မှ အစွမ်းရှိ မှာ မဟုတ်ကြောင်း တရုတ် သမ္မတ ကျန်ဇီမင်းက ၁၉၉၅ ခုနှစ် ကတည်းက သုံးသပ် ခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး မောင်အေးက တစ်နေ့ ဗိုလ်သန်းရွှေ ကို လုပ်ကြံလိမ့် မည် (သို့ မဟုတ်) အာဏာသိမ်းလိမ့် မည် ၊ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လည်း ဗိုလ်ချုပ် မောင်အေး ကိုဖြုတ်ချ လိမ့် မည် စသဖြင့် ကောလ ဟာလ များ သတင်းစကား များ ထွက် ရှိလာ ခဲ့သော်လည်း အတိုက်အခံနှင့် မြန်မာ ပြည်သူ တို့ ၏ ထို အိပ်မက်သည် ဘယ်တော့ မျှ ဖြစ်မလာခဲ့။

သို့ ဆိုလျှင် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ရာနှုန်းပြည့် သစ္စာ စောင့်သိသူ တစ်ယောက် ဖြစ်ပါသလား……

၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်းပြီးနောက် ပိုင်း နှစ်စဉ် သင်္ကြန် တိုင်း တွင် အရက်မူးနေ လေ့ရှိသည့် ဒုတိယ ဗိုလ်ချုပ် မှုးကြီးမှာ ဒီနှစ် သင်္ကြန်တွင် တော့ ထူးထူးခြားခြား ပင် ရန်ကုန် မှ ထူးခြား ဖြစ်စဉ် များ ကို သူ့ ဆီ စက္ကန့် နှင့် မလပ် သတင်း ပို့ နေရန် ရန်ကုန် တိုင်းမှုး ဗိုလ်မှုးချုပ် ၀င်းမြင့် အပါအ၀င် ၊ စစ်ဒေသ မှုးများကို ဧပြီလဆန်း ထဲ မှ ညွှန်ကြားချက် ပေးထားသည်။ အရေးကြီးလျှင် ကြီး သလို သူ၏ ကိုယ်ရေး အရာရှိ ကိုကျော်၍ သူ့ ကိုယ် တိုက်ရိုက် ဆက်သွယ် နိုင်ရန် အက္ခရာ ဂဏန်း သုံးလုံး ဖြင့် တည်ဆောက်ထားသည့် ဂဏန်း ကိုး လုံးပါ ဖုံးနံပါတ် ကို ပေးထားသည်။

သင်္ကြန် အကြတ်ရက် မနက် တွင် တော့ ရန်ကုန် တိုင်း တိုင်းမှုး နှင့် စစ်ဒေသ များ ကို သူက ထပ်မံပင် အမိန့် ပေးလိုက်သည် ၊ လုံခြုံရေး အထူး ဂရုပြုရန် ၊ သင်္ကြန်ကာလ လုံခြုံရေးတာဝန်ယူထား သည့် ရဲဘော်များ ကို ဒန်ပေါက် ထမင်း ၀ယ်ကျွေးရန် တို့ ဖြစ်သည်။ပထမ ရက်များ တွင်ထူးထူးခြားခြား မရှိ သော် လည်း၊ သင်္ကြန် အကြတ်နေ့ တွင် ညနေ လေးနာရီ ခန့် တွင်တော့ ခေါ်ဆိုမှု တစ်ခု ရှိနေကြာင်း အချက်ပေးသံ မည် လာပါသည်။ ဗိုလ်ချုပ်မှုး ကြီး မောင်အေးသည် ရုတ်ချည်း ဆိုသလို ပင် ထိုဖုန်း ကို ကောက်ကိုင်လိုက် သည်။ ဖုန်းထဲ မှ အသံကား “အဘရေ ….ကျွန်တော်တော့ ထိသွားပြီ ….မနေရတော့ ဘူး ထင်တယ်” ဟူ ၍ ဖြစ်သည်။ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး တွေ ဝေ သွား သည် ။ ချက်ခြင်း ဆို သလို ပင်….

ထိုသတင်းပေး ပို့ မှုကား အမှတ် (၄) စစ်ဒေသမှုး ဗိုလ်မှုးကြီး အုံးချိုပင် ဖြစ်သည်။ သူကား ဗုံးပေါက်ကွဲမှု ကြောင့် ၀မ်းဗိုက် ပေါက်သွားခဲ့ပြီး မသေမရှင် ကျန် ခဲ့သူများ တွင် အခြေအနေ အဆိုးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
ဗိုလ်ချုပ် မှုးကြီး မောင်အေး ၏ လူရင်း လည်း ဖြစ်သည်။ ဗိုလ်ချုပ် မောင်အေး ၏ ညီမ ဖြစ်သူ လာဗင်ဒါ ၏
ရန်ကုန် ရှိ စီးပွားရေး လုပ်ငန်းများ နှင့် ဗိုလ်ချုပ် မောင်အေး သမီး ၏ ယခင် ဗားကရာ လမ်း မှ Queen Star
ကွန်ပျုတာ ကုမ္ပဏီ ၏ လုံခြံရေး ကို ယူထားရ သူ လည်း ဖြစ်သည်။
(နောက်တော့ ဗိုလ်ချုပ် မောင် အေး ကား ဗိုလ်မှုးကြီး အုံးချိုကို စင်္ကာပူ တွင် ဆေးသွား ကုဖို့ ပိုက်ဆံ ထုတ်
ပေး ပါသည်)
ထို ဗုံးပေါက်ကွဲမှု သည် နေရွှေ သွေးအောင် ထို မဏ္ဍပ် သို့ ရေကစားရန် အလာ မိနစ် ပိုင်းခန့် အလိုတွင်
ဖြစ်သည်။ ဗုံးပေါက်ကွဲရာ နေရာတွင် အခြား သင်္ကြန် နေ့ များ ထက် လုံခြုံရေးကပို များ နေသည် ဗိုလ်မှုး
ကြီး အုန်းချို ၊ မင်္ဂလာတောင်ညွန့်  မယက ဥက္ကဌ အပါအ၀င် စစ်သား နှင့် အရာရှိ အယောက် လေးဆယ်
ထက်မနည်းရှိ သည်။
ဗိုလ်ချုပ်ကြီး မောင်အေး ကတော့ သူ့ မျက် စေ့ရှေ့ တွင် ပင်ကြီးလာသည့် ထို ကလေး ကို ယခုကဲ့သို့ 
ဗုံးခွဲ ၍ လုပ်ကြံမည် တော့ မဟုတ်ပါ။သို့ ဆိုလျှင် မည် သို့ သော အစီအစဉ် များရှိ ၍ ယခုမှ ရန်ကုန်
တစ်မြို့ လုံးမှာ ပင် လျှင် ကန်တော်ကြီး စောင်း ၏ လုံခြုံရေး ကို ပို၍ အာရုံထားနေပါ လိမ့် ဆိုတာစဉ်း
စား၍ မရ ဖြစ်လိမ့်မည်။

အမှန်တော့ လက်လွန် ချေလွန် ဖြစ်နေသည့် ခမည်းခမက် ဦးအောင်သောင်း ၏ အကြံအစည်ကို တတ်နိုင်
သမျှ ဟန့် တားလိုခြင်းသာ ဖြစ်သည်။ သားသမီး မြေးမြစ် တို့  အချိန် တန် အရွယ်ရောက် ထိုက်သင့်
သည့် စီးပွားဥစ္စာ များ လည်း စုဆောင်း မိပြီ ဖြစ်သည့်  ဦးအောင် သောင်းသည် မိမိ နှင့် မိမိ ၏
တစ်မိသား စု လုံးကို ဗိုလ်နေ၀င်းသား သမီးများ ဖြစ်သလို ၊ ဗိုလ်တင်ဦး နှင့် ဗိုလ် ကျော်ဘ သား
သမီး များ ဖြစ်သလို ၊ ဗိုလ်ခင်ညွန့် သားသမီး များ ဖြစ်သလို မိမိရှေ့ မှောက်မှာ ပင် ကံကြမ္မာမျက်
လှည့် ပြသလို ရုတ်ချဉ်း ပြောင်းလဲ သွား တာ ကို သူ မကြံချင်တော့ပါ ။ တစ်ချိန် တွင် မိမိ ၏ သား
သမီး များ နှင့် ငြိလာ နိုင်သူမှာ နေရွှေသွေးအောင် ပင် ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ကြီး သီဟသူရ
တင်အောင် မြင့်ဦး တို့ ၏ ဇနီးမောင် နှံ ကို ပင် ထုတ်ဖော်ပြောခဲ့ဖူးသည်။

စစ်သား လည်း ဖြစ် စက်မှု ၁ ၀န်ကြီးလည်း ဖြစ်သည့် ဦးအောင်သောင်းအတွက် လက်ပစ်ဗုံး သုံး
လေးငါးလုံး လုပ်ရတာ ဘာမှ ခဲယဉ်းသည့် ကိစ္စ မဟုတ်ချေ။

Monday, December 6, 2010

ဦးအောင်သောင်း ၏ အာဏာသိမ်းရန် ကြံစည်မှု (အပိုင်း ၁)

တပ်မတော် အရာရှိဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန် အကြံအစည်ကို စတင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည်ကို စတင် သိရှိကတည်းက ဖြစ်သည်။

စက်တာဘာလ နှောင်းပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်း ဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ်ကို အ၀င်အထွက်ရှိ ပေမယ့် သူကိုယ်တိုင် အာဏာသိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကိုနိုင် အကြံပေး ခြင်း ဖြစ်သည်။) သူအကြံအစည် အတွက် ဦးဆောင် ဦးရွက် ပြုနိုင်မည့် သူများကိုချဉ်း ကပ်ခဲ့ရာမှာ နောက်ဆုံးတွင် နေ့စဉ် ယမကာ မှီဝဲသော သူနှင့် ခမည်းခမက် တော်စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး အား မချဉ်းကပ်ခင်မှာ ဗိုလ်ချုပ်မှုးကြီး မောင်အေး ရဲ့ ညီမ ၊ ဇနီး နဲ့ သူမ ချွေးမ ဖြစ်သူတို့ကို အရင် ချဉ်းကပ်ကာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အသက်လည်းကြီးပြီ၊ အုပ်ချုပ်ရေးပိုင်းလည်း မနိုင်နင်းတော့၍ သူ့ကို အမြန် မဖယ်ရှားလျှင် အားလုံး ဒုက္ခရောက်ကြမည့် အကြောင်းများ ပြောကာ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အတွင်းစည်းကို ကနဦး စည်းရုံးမှု ပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချ အပြီးတွင် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒုဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ပဲ ရှိတော့တဲ့အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်က ဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်။) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံမယ် ဆိုတဲ့အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေးပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့ မထင်ဘူး ဟု ပြောကာ နားချခဲ့ရသည်။ "၀န်ကြီး ဦးအောင်သောင်းက အခုလို အာဏာသိမ်းဖို့ အတွက် ဗိုလ်ချုပ်မှုးကြီး မောင်အေး ကို ချဉ်းကပ်လာခြင်းဟာ အရပ်ဝတ် ဖြစ်နေတဲ့ သူကိုယ်တိုင် ဘယ်လိုမှ အာဏာသိမ်းဖို့ အထမမြောက် နိုင်တဲ့ အတွက် ဖြစ်ပါတယ်။

ဦးအောင်သောင်း အနေနဲ့ အာဏာသိမ်းချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာတာဟာ သူ့သားဖြစ်သူရဲ့ Air InnLay လေကြောင်းလိုင်း ကို မြန်မာ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းကြီး အဖြစ် အသက်သွင်းဖို့နဲ့ ရတနာနဲ့ ရဲတံခွန် ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ကို လက်ဝါးကြီး အုပ်ထားနိုင်ဖို့ ၊ ရခိုင်-တရုတ်ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ဖောက်ယူ သွယ်တန်း နိုင်ဖို့နဲ့ သူပြုခဲ့တဲ့ မကောင်းမှုတွေ သံသရာ တစ်ပတ် ပြန်လည်လာ မှာကြောင့် ဖြစ်နိုင်တယ်လို့ သူနဲ့ မကွေးမြို့မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ဗိုလ်မှုးကြီးဟောင်း တစ်ဦး က ထင်မြင်ချက် ပေးသည်။

ဝန်ကြီး ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် ကိုလည်း လုပ်ကြံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေရွှေသွေးအောင် လုပ်ကြံခံရပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အတိုက်အခံများကို ပိုမို နှိပ်ကွပ်လာ နိုင်မည်ဟု တွက် ဆထားသော်လည်း ကြံ့ဖွံ့ ပါတီ ဌာန ချုပ်မှ သူ့ရဲ့ လူယုံ စစ်တပ် အရာရှိ တစ်ဦးက “သူ့ မြေး အား လုပ်ကြံလျှင် ဗိုလ်ချုပ်မှုးကြီးက ရန်ကုန် မှာ ဗုံးတွေ ကွဲသလို ဟို လူ လက်ညှိုးထိုး၊ ဒီလူ စွပ်ဆွဲ လုပ်မှာ မဟုတ်ကြောင်း၊ သေချာအောင် လိုက်လံစုံစမ်းပြီး အရေးယူလျှင် အားလုံးပြေးစရာ မြေမရှိ ဖြစ်နိုင်ကြောင်း” အကြံပေးသောကြောင့် လက်လျှော့ လိုက်ရပြန်သည်။

သို့သော်လည်း နေရွှေသွေးအောင် လုပ်ကြံရေးအတွက် စိတ်မကုန်သော ဦးအောင်သောင်းက စက်မှု (၁)မှ အမရာဘဏ် (သူက ပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။) သို့ပြောင်းသွားသည့် အရာရှိ ငယ်တစ်ဦးအား ဗိုလ်ချုပ်မှုးကြီး မြေး သွားတတ်သည့် နေရာများအားလိုက်လံ စုံစမ်းရန်နှင့် လိုအပ်လျှင် ရင်းနှီးမှု ရရှိရန်ပင် ဆောင်ရွက်ရန် ပါရာဒို ၉၅ ခုနှစ် ထုတ် အစိမ်းရောင် ကားတစ်စီး နှင့် ငွေစိတ်တိုင်းကျ သုံးနိုင်ရန် စီစဉ်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက ကြံ့ဖွံ ပါတီ ရန်ကုန်တိုင်း ဌာနချုပ် ရုံးတွင် နိုင်ငံရေး တတိယအင်အားစုများကို တွေ့ဆုံရာဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရုတ်တရက် ရာထူးမှ ဖယ်ရှားခံ ရပါက ခင်ဗျားတို့ ဘာလုပ်မလဲလို့ တီးခေါက်ခဲ့သည်။

ရံဖန် ရံခါ တွင်တော့ သူက လက်အောက်ငယ်သားများ နှင့် အခြား နအဖ အရာရှိ များနှင့် တွေ့ဆုံချိန် တွင် ကျွန်တော်နဲ့ ဗိုလ်ချုပ်မှုးကြီးက လက်မောင်းသွေးဖောက်ပြီး သစ္စာပြုထားကြတဲ့ သူတွေဗျ၊ တစ်ယောက်ရဲ့ဘ၀ ကို တစ်ယောက် က ကာကွယ်စောင့်ရှောက်ဖို့ လက်မနှေးဘူး ဟု လည်း ကြွားဝါ ပြောဆိုတတ်သည်။

ဦးအောင်သောင်း ၏ အဏာသိမ်းရန် ကြံစည်မှု အပိုင်း ၂ ကို မနက်ဖြန် စောင့်မျှော်ဖတ်ရှုပါ။


source by : http://www.myanmarwikileaks.org


Photobucket

Thursday, December 2, 2010

အမျိုးသားရေး အောင်ပွဲအတွက် နိုင်ငံသားအားလုံး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း

NLD ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမှုဆောင်လူကြီးအချို့။

NLD ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အမှုဆောင် လူကြီးအချို့။ (ဒီဇင်ဘာ ၁၊ ၂၀၁၀) ဓာတ်ပုံ - ASSOCIATED PRESS

အမျိုးသားအောင်ပွဲဆိုတာ တကြိမ်တည်းနဲ့ ရောင့်ရဲ တင်းတိမ်နေလို့ မရဘဲ ဆင့်ကဲဆင့်ကဲ အောင်ပွဲတွေရအောင် ဆက်တိုက် ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ တမျိုးသားလုံး ချမ်းချမ်းမြေ့မြေ့ နေချင်ရင် အားလုံးက ၀ိုင်းဝန်းပြီး တက်ညီ လက်ညီ လုပ်ဆောင်ကြရမယ်လို့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဒီကနေ့မနက် ရန်ကုန်မြို့မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။ အခမ်းအနားမှာ တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကား အဖြစ်နဲ့ စတင် ပြောကြားခဲ့ပါတယ်။

“အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ထိုသို့ ကြိုးပမ်းရာမှာ အမျိုးသား ညီညွတ်ရေး မလွဲမသွေ လိုအပ်နေပါတယ်။”

အမျိုးသားအောင်ပွဲနေ့ ဆိုတာဟာ တရားမမျှတတဲ့၊ ခွဲခြားထားတဲ့ ပညာရေး ဥပဒေကို ခေါင်းငုံ့မခံဘဲ တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်ခဲ့ရာက တမျိုးသားလုံး အမျိုးသား စိတ်ဓာတ်တွေ နိုးကြားလာရာက စတင်ပေါ်ပေါက်လာတာ ဖြစ်တဲ့အကြောင်း သဘာပတိ ဦးတင်ဦး ပြောကြားသွားတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ဆက်ပြောပါတယ်။

“တက္ကသိုလ်ဥပဒေကို တက္ကသိုလ်ကျောင်းသား လူငယ်တသိုက်က ငုံ့မခံဘဲ သပိတ်မှောက် တော်လှန်ခဲ့ကြရာကနေ တမျိုးသားလုံး အမျိုးသားရေး နိုးကြားမှုကြီး စတင်ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပြီး ပြည်သူတရပ်လုံး အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာခဲ့တယ်။ အဲဒီ စိတ်ဓာတ် နိုးကြားလာခဲ့တဲ့ တမျိုးသားလုံးကို လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် ထိန်းသိမ်းပြီးတော့၊ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ လမ်းညွှန်မှု ပေးပြီးတော့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲသွားခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။

“ဒါကြောင့် ကျောင်းသား လူငယ်များရဲ့ စွမ်းအားဟာ မြန်မာနိုင်ငံ ခေတ်ပြောင်းသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သင်ခန်းစာ ယူစရာပဲ။ ပြီးတော့ တမျိုးသားလုံး ညီညွတ်စွာ ပါဝင်လှုပ်ရှား ကြိုးပမ်းကြမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့ ရည်မှန်းချက် ဖြစ်စေ အောင်မြင်နိုင်တယ် ဆိုတာလည်း သင်ခန်းစာ ယူစရာ ဖြစ်တယ်။

“ဒီနေ့လည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတရပ်လုံးက ပါဝင် ကြိုးပမ်းနေကြတယ်။ အဲဒီမှာ အမျိုးသား ညီညွတ်ရေးရအောင် ကြိုးပမ်းပြီးတော့ စွမ်းဆောင်သွားမယ်ဆိုရင် တိုင်းပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ ပေါ်ထွန်းလာမှာ ဖြစ်တယ်ဆိုတာ ဒီသမိုင်းတွေက သက်သေထူနေတယ်၊ ကြိုးပမ်းသွားရမယ်၊ အဲဒီလို တိုက်တွန်းပါတယ်။”

အခမ်းအနား သဘာပတိဖြစ်တဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောကြားပြီးတဲ့ နောက်မှာတော့ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားပါတယ်။

အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ သဘာပတိက အကျယ်တ၀င့် ပြောကြားသွားပြီး ဖြစ်တဲ့အတွက် သူမအနေနဲ့ အသေးစိတ် မပြောလိုတော့တဲ့အကြောင်း အစချီပြီး အမျိုးသားရေးဆိုတာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အကြောင်းနဲ့ ပြည်သူတွေ လိုချင်နေတဲ့ ချမ်းချမ်းမြေ့မြေ့ နေနိုင်ရေးအတွက် လိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို စပြောပါတယ်။

“ကျမအနေနဲ့ သိပ်ပြီးတော့ ပြောဖို့ မလိုပါဘူး။ အမျိုးသားရေး ဆိုတာလေးတော့ တခုပြောချင်ပါတယ်။ ကျမတို့ဟာ အမျိုးသားရေးဆိုတာ ဘာလဲဆိုရင် တမျိုးသားလုံးနဲ့ ဆိုင်တယ်၊ တနည်းအားဖြင့် ပြောရရင် ဒီနိုင်ငံကို မှီတင်းနေထိုင်သူ အားလုံးနဲ့ ဆိုင်တဲ့အရေးလို့ ပြောတာပါ။ ဒီတော့ ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့သူ အားလုံးကနေပြီးတော့ ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တခုတော့ ရှိပါတယ်။ အားလုံးကနေပြီးတော့ ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်။ ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတာ တဆင့် ထပ်ပြီးတော့ မေးလို့ရှိရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်၊ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့မှ ကင်းဝေးဖို့ လိုအပ်ပါတယ်။ အဲဒီဟာတွေ အားလုံး လိုအပ်လို့ ကျမတို့က ကြိုးစားရမှာပါ။”

ဒါ့အပြင် အားလုံးရဲ့ အရေးဖြစ်တဲ့ အမျိုးသားရေးကို တခါတည်း အောင်ပွဲခံရုံနဲ့တင် မပြီးဘဲ မြန်မာနိုင်ငံ တည်ရှိနေသ၍ ဆက်တိုက် အောင်ပွဲခံနိုင်အောင် ၀ိုင်းဝန်း ကြိုးပမ်းကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“တဦးတည်းရဲ့ အရေး မဟုတ်ဘူး၊ အားလုံးရဲ့အရေး၊ ၀န်ထမ်းတွေရဲ့ အရေးလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ ပါတီအဖွဲ့အစည်းတွေ အားလုံးလည်း ပါဝင်ပါတယ်။ တဦးချင်း တဦးချင်း ပုဂ္ဂိုလ်အားလုံးလည်း ပါဝင်ပါတယ်။ အဲတော့ ကျမတို့ အားလုံးဟာ ဒီအမျိုးသားရေးကို အောင်ပွဲခံနိုင်ဖို့ဆိုရင် စောစောက သဘာပတိကြီး မိန့်သွားသလိုပဲ ညီညွတ်ရမယ်၊ ဇွဲ ၀ီရိယ ရှိရမယ်၊ သတ္တိရှိရမယ်၊ ဆက်ပြီးတော့ လုပ်ရမယ်။

“အမျိုးသားရေးဆိုတာ ဘယ်နှစ်ခါပဲ အောင်ပွဲခံခံ ပြီးသွားတယ်ရယ်လို့ မရှိဘူး။ အောင်ပွဲဟာ တခုပြီးတခု ဆက်ပြီးတော့ ခံသွားရမှာပဲ။ ဒီနိုင်ငံ တည်ရှိနေသ၍ အမျိုးသားရေးဆိုတာ တည်ရှိနေမှာပဲ။ အမျိုးသားရေး တည်ရှိနေသ၍ ဒီအမျိုးသားရေးတွေကို အောင်ပွဲခံနိုင်ဖို့ ကျမတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အဲဒါလေးကိုပဲ တိုတိုပြောရင်းနဲ့ ကျမ နိဂုံးချုပ်ပါရစေ။”

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်နဲ့ နှစ်စဉ်လိုပဲ ကဗျာဖတ်၊ စာပေ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကိုယ်စား ကိုလေး (အင်းဝဂုဏ်ရည်) ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကိုတော့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ တခြား တိုင်းရင်းသားပါတီတွေ အပြင် နယ်က ရောက်လာကြတဲ့ NLD အဖွဲ့ဝင်တွေနဲ့ ကမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပါအ၀င် ဧည့်ပရိသတ်ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန် ကြာသပတေးနေ့ NLD ရုံးချုပ်မှာ ကျင်းပမယ့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ကိုတော့ နိုင်ငံတကာက သံတမန်တွေ၊ INGO လို့ခေါ်တဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ တခြား လူမှုအသင်းအဖွဲ့တွေကို စုံစုံညီညီ ဖိတ်ကြားထားတဲ့ အကြောင်းနဲ့ ဒီကိစ္စဟာ လူမှုရေးကိစ္စ ဖြစ်တာမို့ အားလုံး စုံစုံညီညီ တက်ရောက်ကြမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း NLD က သတင်းထုတ်ပြန်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အကြိမ် ၉ဝမြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဒီဇင်ဘာလ ၁ရက်နေ့က ကျင်းပနေစဉ်။


အခမ်းအနားအမှုး အဖြစ် ဦးအုန်းကြိုင်က ဆောင်ရွက်ပြီး သဘာပတိအဖြစ် အန်အယ်ဒီဥက္ကဌ ဦးတင်ဦးက ဆောင်ရွက်ကာ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့ အမှာစကားကို ပြောကြားသည်။ ထို့နောက် အမျိုးသားနေ့ စာပေဟောပြောပွဲ အဖြစ် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)က ဟောပြောခဲ့ပြီး အခမ်းအနားသို့ ရဟန်းရှင်နှင့်လူ စုစုပေါင်း ၃ဝဝခန့် တက်ရောက်ခဲ့သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒီ - ဒီလောက်နဲ့တော့
မို - မိုကဖြင့်
က - လိုက်ချင်သေး
ရေ - မပေးလဲ ထမင်းမကြွေးလဲ ချုပ်နှောင်ထားလဲ
စီ - စီရီရီ ပန်းတွေ ပန်ဦးမည်တဲ့
ခေါင်း - ခေါင်းထိတတ်
ဆောင် - သယ်ရွက်က
ဒေါ် - လေးသည်လဲ
အောင် - မြင်မှာပါ
ဆန်း - ပြားထွေလာ သူ့ မာယာကို
စု - စည်းတင်ပြ ကမ္ဘာကျအောင်
ကြည် - ကြည်လင်လင် အစီရင်ခံမည်
ဒီမိုကရေစီ အောင်ရမည်။

Wednesday, December 1, 2010

အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်မှာရှိတဲ့ NLD ရုံးချုပ်မှာ ဒီကနေ့ အနှစ် ၉၀ မြောက် “အမျိုးသားအောင်ပွဲနေ့” ကို ကျင်းပ ကြပါတယ်။








(ဓာတ်ပုံ - ဧရာဝတီ)

source by : http://www.irrawaddyblog.com