Wednesday, July 6, 2011

Burmatoday(ယနေ့ မြန်မာ) သတင်းဌာန၏ မတိကျမှု၊ ခိုင်လုံမှုမရှိ၊ နားတစ်ဘက်သာ စွန့် ပြီးလုပ်သောသတင်းကြောင့် နစ်နာမှုများ

Burmatoday(ယနေ့ မြန်မာ) သတင်းဌာနသည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေး နှင့်
ဒီမိုကရေစီအရေးတို့ အတွက် ကြိုးပမ်းဖြည့်စွက်ပေးနေသော သတင်းဌာန တစ်ခုဆိုတာ လူအတော်များများ သိရှိလက္ခံထားသောသတင်း မီဒီယာအဖွဲ့ ဖြစ်ပေသည်။ ၄င်းသတင်းဌာန၏ လွဲမှားမှုတစ်ခုကြောင့် မြန်မာ့ဒီမိုကရေစီရေး၊လူ့ အခွင့်အရေးတို့ အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရသူများမှာ အများအထင်သေးခံရမှု၊ လှုပ်ရှားနေသော အဖွဲ့ နာမည် နစ်နာ ဆုံးရှုံးမှုများကို အလူးအလည်း ရင်ဆိုင်နေရသည်။ အမှန်အားဖြင့်ဆိုလျှင် သတင်း မီဒီယာသမားများသည် သတင်း တိကျမှုနှင့် ခိုင်လုံသော အဖြစ်မှန်များရရှိရေးအတွက် လေ့လာ သုံးသပ် သတင်းရယူမှုများကို ဦးစားပေးဆောင်ရွက် သင့်သည်ဟု ကျွန်ုပ်ယူဆမိသည်။ သို့ သော် Burmatoday သတင်းဌာနသည် သတင်းရရှိရေးကို ဦးစားပေးခဲ့ပြီး သတင်းမှန်ရေးကို မေ့သွားခဲ့သည်လား၊ မျက်စိတစ်ဘက်၊ နားတစ်ဘက်တည်းကိုသာ ဖွင့်ပြီးအလုပ်လုပ်ခဲ့တာလား ဆိုတာကိုတော့ သုံးသပ်ပြချင်ပါသည်။

၎င်းသတင်းဌာနမှတင်လိုက်သော ( မြင့်လှိုင်၊ မေ ၂၂ ရက် ၂၀၁၁) ရက်စွဲဖြင့် ( အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ကဒ်အတုများ ဖမ်းမိခြင်း ) ခေါင်းစဉ်ပါ သတင်းကြောင့် မြန်မာနိုင်ငံအရေးကို လှုပ်ရှားပေး နေသောအဖွဲ့နှင့် အမှုဆောင်များသည် ခက်ခဲကြမ်းတမ်းသော လူမှုဒုက္ခများကို အပြင်းအထန်ခံစား ရင်ဆိုင်နေရသည်။ ရောက်ရှိနေသောနိုင်ငံ အားဏာပိုင်များ၏ ဖမ်းဆီးထိမ်းသိမ်း ဒုက္ခပေးမှုကိုလည်း ရင်ဆိုင်လိုက်ရသည်။ ထိမ်းသိမ်းခံ လိုက်ရသူများ အမည်စာရင်း ဇယားကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ ၄င်းအမှုသည် မဟုတ်မမှန်သော အမှုဖြစ်သော ကြောင့် ထိမ်းသိမ်းခံထားရသူများထဲမှယနေ့ သုံးဦး စတင်လွတ်မြောက်လာခဲ့ပြီ။ ကျန်နေသေးသော သူများသည်လည်း မကြာခင် လွတ်မြောက်လာနိုင်မည်ဖြစ်သည်။ ထိမ်းသိမ်းခံလိုက်ရသော လူစာရင်းအားဦးစွာဖတ်ရှုနိုင်ရန် စာရင်း အမှန်အား ဖေါ်ပြလိုက်ပါသည်။ စတင်လွတ်မြောက်လာသူများ စာရင်းနှင့် Burmatoday သတင်းဌာန၏ မတိကျ လွဲချော်မှုများကို အောက်ဘက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အထက်ပါစားရင်းတွင် ပါဝင်သူ စုစုပေါင်း(၁၀-ယောက်) ဖြစ်ပါသည်။ မြန်မာနိုင်ငံလူ့ အခွင့်အရေးနှင့် ဒီမိုကရေစီ လမ်းစဉ် ထွန်းကားပေါ်ပေါက်လာရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေသူ (၈-ဦး)။ ၄င်း ရှစ်ဦးအနက် (၃-ဦး မှာ) ယနေ့ တွင် စတင်လွတ်မြောက်လာပြီဖြစ်သည်။ လွတ်မြောက်လာသူများ စာရင်းမှာ အောက်ပါအတိုင်း

၁။ ကိုထင်ကျော် ( ထောင်နံပါတ် = ၂၈၉၀ )

၂။ ကျော်ကိုကိုကျော် ( ။ = ၂၈၈၄ )

၃။ စံမြင့်သိန်း ( ။ = ၂၈၈၅ ) တို့ ဖြစ်သည်။

ထိုသို့ အထိမ်းသိမ်းခံလိုက်ရခြင်း အကြောင်းအရင်းကို စုံလင်တိကျစွာ စုံစမ်းမှုမရှိဘဲ လူတစ်ဦးတစ်ယာက်ကိုသာ စုံစမ်း ဆက်သွယ် မေးမြန်းပြီး အင်တာနက် စာမျက်နှာပေါ်ရောက်အောင် သတင်းရေးသားတင်ပို့ လိုက်သော သတင်းထောက် (မြင့်လှိုင် နှင့် Burmatoday သတင်းဌာန အယ်ဒီတာ ) တို့ သည် သတင်းမြန်မှုကိုသာ ဦစားပေးဆောင်ရွက်တတ် သော အကျင့်ကောင်းများကို ဘယ်နေရာ ဘယ်ဌာနမှာ သွားရောက်သင်ယူခဲ့သည်လည်း ဆိုတာတော်တော်စဉ်းစား ရကျပ်ပါသည်။ မီဒီယာဆိုတာ သတင်းမှန်ရေးကိုသာ ဦးစားပေးရမည်ဖြစ်ပြီး သတင်းမြန်ရေးကို ဦးစားမပေးသင့်ပေ။ Burmatoday

သတင်းဌာနရဲ့ ( မေ ၂၂ ရက် ၂၀၁၁) ရက်စွဲထုတ် သတင်းလေးကို ဖတ်ကြည့်လိုက်ပါဦး။

သတင်းကို စတင်ရှင်းပါမည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ၀င်ရောက်ဖမ်းဆီးသောနေရာမှာ မြန်မာနိုင်ငံ အမျိုးသားရေး နှင့် ဒီမိုကရေစီရေးအတွက် ထိရောက်စွာလှုပ်ရှားနိုင်ရန် ရုံးခန်းတစ်ခုအဖြစ် ဖွင့်ထားပြီး “ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လူငယ်) လွတ်မြောက်နယ်မြေ မလေးရှား” နာမည်ဖြင့် မြန်မာနိုင်ငံသားတို့ အရေးကိစ္စ ဟူသမျှကို တတ်စွမ်းသ၍ကူညီ ဖြေရှင်းပေးနေသော ရုံးခန်းနေရာဖြစ်ပါသည်။ ၀င်ရောက်ဖမ်းဆီးခြင်းခံရသူများသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထုတ်ပေးထားသော ယူအန်ကဒ်၊ယူအန်စာရွက်အထောက်အထားရှိပြီးသူများဖြစ်သည်။ ထို့ ကြောင့် သူတို့ သည် ကိုင်ဆောင်ထားသော အထောက်အထားများကိုသာ ထုတ်ပြကြသည်။ NLD ကဒ်များကိုထုတ်ပြခြင်း မဟုတ်ပါ။NLD ကဒ်များ ထုတ်ပြခြင်းမဟုတ်ဘဲ(UNHCR) ကဒ်များကိုသာထုတ်ပြခြင်းဖြစ်သည့်အတွက်

ဖမ်းဆီးကြသူများက ဖုန်းဆက်အကြောင်းကြားလျှင် UNHCR ရုံးကိုသာ အကြောင်းကြားမည်ဖြစ်သည်။ထို့ အပြင် ၄င်းအဖွဲ့ အစည်းရှိ အလုပ်အမှုဆောင် များနှင့် အဖွဲ့ ဝင်များ၏အရေအတွက် စာရင်းကိုလည်း UNHCR သို့ ယ္ခင်ကတည်းက အသိပေးအကြောင်းကြားထားပြီး ဖြစ်သည်။ ဦးကျော်ကျော်၏ အဖွဲ့ အစည်းသို့ ဖုန်းဆက်အကြောင်းကြားမေးမြန်းသည်ဆိုခြင်းကို ချင့်ချိန်စဉ်းစားသင့်ပေသည်။UNHCR ကဒ်၊ ယူအန် အထောက်အထားကိုင်ဆောင်ထားသူများကို ဦးကျော်ကျော် ဖွဲ့ ၏ စာရင်းမရှိပါဟု ဖြေဆိုပေးယုံ တစ်ခုတည်းဖြင့် မလေးရှားအာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းသည်လည်း သတင်းထောက်များအနေဖြင့် အလွန်ပင် တွေးတောသုံးသပ်သင့်သော အချက်တစ်ချက်ဖြစ်သည်။ ထို့ အပြင် အလွန်ထူးခြားနေသည်မှာ အမှန်တစ်ကယ် အဖမ်းခံရသူ အရေအတွက်မှာ (၁၀-ဦး) သာ ဖြစ်သည်။ Burmatoday သတင်းတွင် ဖေါ်ပြထားသော သတင်းမှာ (၁၁-ဦး)ဖြစ်နေသည်။ မည်သည့်အတွက်ကြောင့် (၁၁-ဦး) ဖြစ်သွားရပါသနည်း။ ဂဏန်းအားဖြင့် (၁၀) နှင့် (၁၁) မှားယွင်းလျှင်လက္ခံနိုင်ဖွယ်ရှိသော်လည်း လူနာမည် တစ်ဦးပိုရေးသွားခြင်းအတွက် စဉ်းစားရမည်ဆိုလျှင် ၄င်းသတင်းဌာနသည် မြန်မာနိုင်ငံသား များများအဖမ်းခံ လိုက်ရခြင်းအတွက် ပျော်နေသည်လော။ သို့ မဟုတ် ထိုသို့ များများအဖမ်းခံရလေ Burmatoday သတင်းဌာနအတွက် သတင်းဦး သတင်းထူးဖြစ်စေချင်သော အကြောင်းကြောင့်လော။

သတင်းထောက်( မြင့်လှိုင်)သည် သေချာစွာ စုံစမ်းမေးမြန်းခြင်းမရှိဘဲ သတင်းရေးသားခြင်းကို ရှောင်ကျဉ်သင့် သည်။ မီဒီယာတို့ သိသင့်သိထိုက်သော စောင့်ထိမ်းသင့်သော စည်းမျဉ်းစည်းကမ်းများကိုလည်း လေ့လာထားသင့်သည်။ အယ်ဒီတာ အနေဖြင့်လည်း သတင်းကို သေချာစွာတည်းဖြတ်ပြီးမှ သတင်းစာမျက်နှာပေါ်သို့ တင်သင့်သည်။ ၄င်းသတင်းဌာနသည် ကျော်ကျော် ပြောသောစကားများကို အားလုံးအမှန်တွေဟု သတ်မှတ်ထားခြင်းသည်လည်း တစ်ဦးတစ်ယောက်စကားကို အတည်ပြုပြီး ဖြစ်စေ၊ ဖြုတ်စေ၊ ချုပ်စေ၊ သတ်စေ စသော အာဏာရှင်ဆန်သည့် လုပ်ရပ်အား လမ်းဖွင့်ပေးသလိုဖြစ်နေသည်။

အထက်ပါသတင်းကြောင့် မြန်မာ့ဒီမိုကရေစီရေး တက်ကြွစွာ လှုပ်ရှားနေသော၊ မြန်မာနိုင်ငံသားတို့ အရေးကိစ္စ များကို တတ်စွမ်းသ၍ကူညီ ဖြေရှင်းပေးနေသော လူအချို့ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်း၊ အမျိုးသားရေးဆက်လက်လှုပ်ရှားရန် အခွင့်မသာတော့ခြင်းတို့ ရင်ဆိုင်နေရသည်။ မြန်မာလူမျိုးတို့ သည် အစွဲအလမ်း ထားတတ်သော အကျင့် ရှိတတ်ကြသူများဖြစ်သည့်အလျှောက် ယ္ခုသတင်းအပေါ်လည်း ဟုတ်လိမ့်နိုးဖြင့် စွဲမှတ်သွားကြသည်။ ထိုသို့ စွဲမှတ်ထားသော လူ့ ဝန်းကျင်တွင် အထိမ်းသိမ်း ခံလိုက်ရသူတို့ ၏ တက်ကြွလှုပ်ရှားမှုများမှာ အလွန်ပင် ခဲယဉ်းကြပ်တည်းသွားသည်။ထို့ ကြောင့် သတင်းဌာနကြီးများအနေဖြင့် သတင်းမှန်ကို သုံးသပ်တင်ပြကြရန် ရေးသားရလိုက်ပါတော့သည်။

စူနာမီလှိုင်း

Wednesday, June 15, 2011

မသမာသူလူတစုတဲ့လား





ဒီလူတွေကို မသမာသူလူတစုပါလို့ စွပ်စွဲရင် စွပ်စွဲတဲ့လူရဲ့စိတ်ဓာတ်
ဘယ်လောက်အောက်တန်းကျလဲဆိုတာ လူကြီးမင်းများ ခန့်မှန်းမိမှာပါ။

NLD YOUTH












ဓာတ်ပုံများကို စူနာမီလှိုင်းမှ
စုဆောင်းတင်ပြသည်။












NLD-Youth (L.A Malaysia) အဖွဲ့ဝင်များကို စူနာမီလှိုင်းမှ
ရသလောက်စုစည်းထားပြီး ၄င်းတို့ထံမှ ရင်းဂစ် ၅၀၀ တောင်းသည်မှာ မဟုတ်မှန်ကြောင်း၊
ဖုန်းနံပါတ်များနှင့်တကွ ဆက်သွယ်မေးမြန်းနိုင်ရန် ဖော်ပြပေးထားပါသည်။ စုဆောင်းစဉ်က
အခက်အခဲတချို့ကြောင့် လတ်မှတ်နှင့်တကွ မဖော်ပြနိုင်ခြင်းဖြစ်ကြောင်းလည်း
စူနာမီလှိုင်းမှ ပြောသည်။


NLD-LA
ကဒ်အတုပြုလုပ်မှုနဲ့ အဖမ်းခံရသူများ မြန်မာ့အရေး လှုပ်ရှားသူတွေ ဖြစ်


မလေးရှားနိုင်ငံ ကဒါးပြည်နယ်မြို့တော် အာလော်စတားမှာ မေလ ၁၉ ရက်နေ့က
ဖမ်းဆီးခံခဲ့ရ တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးဟာ NLD-LA လူငယ်အဖွဲ့ခွဲ ကို
ကဒါးပြည်နယ်မှာ သီးခြား ထူထောင်ထားပြီး မလေးရှားရောက် မြန်မာမိသားစုတွေအတွက် အကူအညီ
ပေးနေသူတွေဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ
အဖမ်းဆီးခံရတဲ့ ခေါင်းဆောင် ကိုချစ်အေးဟာ အရင် မလေးရှား NLD-LA အလော်စတား ဌာနခွဲ
တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူလို့ သိရပါတယ်။

အလော်စတား လူငယ်အဖွဲ့ခွဲဟာ
မြန်မာဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊
အလုပ်သမားရေး အခက်အခဲတွေကို ကူညီ ဆောင်ရွက်ပေးပြီး၊ နိုင်ငံရေးအသိ စိတ်ဓာတ်
နိုးကြား တက်ကြွစေဖို့နဲ့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီ
ထောက်ပံ့ကြဖို့ ဟောပြောစည်းရုံး နေသူတွေဖြစ်ပြီး အလော်စတား မြန်မာ အသိုင်းအဝိုင်းက
ကလေးသူငယ်တွေအတွက် စာသင်ကျောင်း ဖွင့်လှစ်ဖို့ စီစဉ်နေစဉ် အခုလို အဖမ်းဆီး
ခံခဲ့ရတာလို့ မလေးရှား မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့
ကိုကျော်ထူးအောင်က ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးထားဆဲ
ဖြစ်ပြီး မိသားစုနဲ့ NLD-LA မှတ်ပုံတင်ကဒ် အတု ပြုလုပ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း မေလ
၂၁ ရက်နေ့က မလေးရှားနိုင်ငံထုတ် New Straight Times က ရေးသား ဖော်ပြခဲ့ပြီး
ဒီသတင်းကို အာအက်ဖ်အေ ကလည်း ထုတ်လွှင့်ခဲ့ပါတယ်။

သတင်းစာမှာ ရေးသားထားသလို
မလေးရှား လဝက ဥပဒေ၊ ရဲ ဥပဒေနဲ့ ဆန့်ကျင်ငြိစွန်းတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့တာ
မရှိကြောင်း၊ အဖွဲ့ဝင်တွေထံက ရင်းဂစ်ငွေ ၅ဝဝ တောင်းခံတယ် ဆိုတာလည်း အဖွဲ့ဝင်ကြေးနဲ့
လစဉ်ကြေး ကောက်ခံခြင်းသာ ဖြစ်ကြောင်း အဖွဲ့ဝင်တွေကို ကိုးကားပြီး ကိုကျော်ထူးအောင်က
ပြောပါတယ်။

Ref :
RFA






Photobucket

Wednesday, May 18, 2011

နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရသစ်ထံသို့စုပေါင်း၍လက်မှတ်ရေးထိုးတောင်းဆို

ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ရွှေစေတီကျောင်းဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်
လာကြသော နိုင်ငံတကာမှ ရဟန်းသံဃာတော်များ၊ ဆရာတော်များနှင့် ထိုအခမ်းအနားသို့ လာရောက်ကြသော
ဧည့်ပရိသတ်အပေါင်းတို့ကလည်း ပြည်တွင်းစစ်ကို တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရေး၊ ဖမ်းဆီးထားသော
နိုင်ငံရေးအကျဉ်းသားများအား ချို့ယွင်းချက်မရှိပြန်လွှတ်ပေးရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားဒုက္ခသည်များ
အား နေရပ်သို့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေး၊ စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားလာစေနိုင်ရေး တို့အ
တွက် သမ္မတကြီးနှင့် အစိုးရသစ်အပေါ် NLD YOUTH ( LA ) Malaysia မှ လူငယ်များနှင့်အတူ တက်ကြွစွာ လက်မှတ်ထိုး၍ တောင်းဆိုခဲ့ကြပါသည်။ ထိုလက်မှတ်ထိုးထားသော စာရွက်များကိုလဲ ပြည်တွင်းရှိ သမ္မတကြီး
နှင့် မြန်မာနိုင်ငံအစိုးရသစ်ထံသို့ ပေးပို့ပြီးဖြစ်ပါသည်။ ။


























လွတ်နီး အချို့ အင်းစိန် အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက်

F (6)
ယမန် နေ့  ညနေ ကမြ၀တီ
ရုပ်သံ မှ ကြေငြာခဲ့သည့် ပြစ်ဒဏ် တစ်နှစ်

လျှော့ပေါ့ ပေးသည့် လွတ်ငြိမ်းချမ်း
သာ ခွင့်အရ ယနေ့  မေလ ၁၇ ရက်
ကဆုန် လပြည့် နေ့ တွင် အင်းစိန်
ထောင် နှင့် နိုင်ငံတ၀ှမ်း ရှိ အကျဉ်း
ထောင် အသီးသီး နှင့် ရဲ ဘက် စခန်းများ မှ လွတ်ရက် နီး အကျဉ်း သားများ
ပြန်လည် လွတ်မြောက် လာကြသည် ဟု FNG မှ သတင်းရရှိသည်။
ယနေ့ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား တစ်သောင်း ခွဲ နီးပါ ပြန်လည် လွတ်မြောက် လာသော်
လည်း နိုင်ငံရေး အကျဉ်းသား အနည်း ငယ် သာ ပါရှိသည်။ ပြန်လည် လွတ်မြောက် လာသူများ တွင်
အမျိုး သမီး အကျဉ်းသူ ၂၀၀၀ ကျော် ပါဝင် သည်။ အ.က.စ ညွှန်ကြားရေးမှုး ချုပ် ဦးဇော်ဝင်းက အကျဉ်း
ထောင် များ တွင် နိုင်ငံရေး အကျဉ်းသား မရှိ ပါ ဟု ထည့်သွင်း ပြောကြား ခဲ့သည်။

ယနေ့ လွတ်မြောက် လာကြသည့် နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ စာရင်း
၁ မသန္တာ ၂ ထက်ထက်ဦးဝေ ၃ မြ…မသိန်း ပူတာအို ၄ စိုင်းမင်းသိမ်း ခန္တီးထောင်
၅ ချိုချိုလွင် ပြည်ထောင် ၆ ကိုအေးလွင် ပြည်ထောင်
၇ မျိုးသန့် မြင်းခြံ ၈ ရဲမင်းဦး မြင်းခြံ ၉ ညီညီအောင် အင်းစိန်ထောင်
၁၀ မီးမီးလေး အင်းစိန်ထောင် ၁၁ မာမာအေး ပေါင်းတည်
၁၂ ဇင်လင်းအောင် ပေါင်းတည် ၁၃ ကျော်ဆန်း မိုင်းဆတ်ထောင်
၁၄ မချို ၁၅ စိန်လှိုင် ၁၆ ရွှေဂျိုး ၁၇ ကိုထွေးသိန်း အင်းစိန်ထောင် ၁၈ မြသန်းထိုက် တောင်ငူ
၁၉ ဇေယျာသော် ၂၀ နော်အုန်းလှ တောင်ငူထောင် ၂၁ ဦးကျော်ဆန်း(အမတ်) ၂၂ အောင်အောင်ဦး
၂၃ မြင့်ထွန်း ၂၄ ကျော်ဝင်းထွဋ် ၂၅ ညီညီစံ(ခ)စန္ဒာဒိက ၂၆ မြင့်စိုး ၂၇ ၀င်းမြင့် ၂၈ သိန်းရွှေ
၂၉ ရဲထွဋ်ခေါင် ၃၀ မြတ်ဆန်းထူး ၃၁ ဦးငွေစိုး ရမည်းသင်း ၃၂ ကျော်ညွန့် ခန္တီးထောင်
၃၃ အေးမြင့်ူသရက် ၃၄ ထွန်းထွန်းနိုင် ဗန်းမော်

Align Center

လွတ်လူ အကျဉ်းသား များ ကို နိုင်ငံတော် ၏ စေတနာ နှင့် ပတ်သက်ပြီး သြ၀ါဒ ချွေ နေသည့် အ.က.စ ညွှန်ကြားရေးမှုး ချုပ် ဦးဇော်ဝင်း


ယနေ့ လွတ်မြောက် လာသည့် ဒေါပုံ မြို့ နယ် အမျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် ကိုညီညီအောင်

Freedom News Group မှကူးယူဖေါ်ပြပါသည်။

တိုက်ပွဲခေါ်သံများ စတင်

Untitled-1


ပြည်သူလူထု ၏ နိုင်ငံရေး အကျဉ်းသား
လွတ်မြောက် ရေး ကို ပမာမခန့် ပျက်ရည်
ပြုသည့် ဦးသိန်းစိန် ဦးဆောင်သည့်
စစ်အ စိုးရ၏ ယမန် နေ့ က ည ရုပ်သံ
ကြေငြာချက် ထွက်ပေါ် ပြီး နာရီ ပိုင်း အတွင်း မှာ ပင် နိုင်ငံတွင်း ရှိ မြေအောက် နိုင်ငံရေး
လှုပ်ရှား သည့် အဖွဲ့ အစည်း များက နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ရေး အတွက်
နည်းမျိုး စုံဖြင့်ဆက်လက် လှုပ်ရှားကြရန် နှိုးဆော် မှု များ ထွက် ပေါ်လာသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၊၈၈မျိုးဆက်ကျောင်းသားများနဲ့ 
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး တို့ က ပူးတွဲ ထုတ် ပြန်ခဲ့ တဲ့ ကြေ
ငြာချက် မှာတော့ “အကျဉ်းထောင် အသီးသီး မှာ ရှိ တဲ့ နိုင်ငံရေး သမားများ လွတ်
မြောက် ရေး အတွက် ဆက် လက် လှုပ်ရှား ကြဖို့ ” တိုက်တွန်းဆော် ထား သည်။

ပြည်တွင်း အခြေစိုက် ၈၈ မျိုားဆက် ကျောင်းသား တစ်ဦး က နိုင်ငံ ရေး အကျဉ်းသား
လွတ်မြောက် ရေး အတွက် ပြည်သူများ မှ ပုံ သဏ္ဍန် မျိုး စုံ ဖြင့် တိုက် ပွဲ ၀င် ရန် လို
ကြောင်း FNG သို့ ပြောသည်။

မြေအောက် လူငယ် လှုပ်ရှား မှု အဖွဲ့ ဖြစ်သည့် Just Do It Against Military Dictatorship
အဖွဲ့  မြန်မာ ပြည် စစ်အာဏာရှင် စနစ် ဆိုး အောက် မှ လွတ်မြောက်ရေး အတွက် ပြည်သူ
တစ်ရပ် လုံး ပါဝင် ရန် လှုံဆော် ထား ပြီး နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက် ရေး လှုပ်ရှား
မှု ကို ယခု အခါ တွင် တစ်ဦးချင်း တစ် နိုင်တစ် ပိုင် လုပ်ဆောင် ရန် တိုက် တွန်းထား ပြီး သြဂုတ်
လ တွင် မူ စုပေါင်း လုပ်ဆောက် ရန် ဆော်အော ထားသည်။

Just Do It အဖွဲ့ မှ ပြောရေး ဆို ခွင့် ရှိ သူ ကိုသီဟတေဇ က “ယမန်နေ့ ညက ဦးသိန်းစိန် အစိုး
ရ၏ သတင်း ထုတ် ပြန် ချက် သည် ပြည်သူကို ပမာမခန့် သွေးတိုး စမ်း သလို့ ဖြစ်နေကြောင်း
တနည်းဆိုရသော် ပြည်သူ ကို စော်ကား သလို မျိုး ပင် ဖြစ်ပြီး ၊ ထိုကိစ္စ အတွက် ဆက် လက် သီး
ခံ ပြီး စောင့် ဆိုင်း စရာ မလိုတော့ ပြီ ဟု ပြောသည်။

ယမန်နေ့ က သတင်း ထုတ် ပြန် ခဲ့သည့် စစ်အစိုးရ ၏ အတုအယောင် လွတ်ငြိမ်းချမ်းသာ ခွင့် ကို
နိုင်ငံ တကာ နှင့် ပြည်တွင်း အင်အား စု များ မှ ပြင်းပြင်းထန် ထန် ဝေဖန် တုံ့ ပြန် ခဲ့သည်။

စစ်အစိုးရ သစ် ၏ ထို ကဲ့ သို့ ပြည်သူ ကို ပမာမခန့်  အပြု အမူ သည် ၎င်း တို့ ၏ ဇာတိရုပ် ကို ထုတ်
ပြခြင်း ဖြစ်သည် ဟု ပြည်တွင်း အဖွဲ့ အစည်းများ က ဝေဖန် စွပ် ဆွဲ ကြသည်။

ထောင်ဒဏ် ၁ နှစ် လျှော့ ပေါ့ မှု ကြောင့် ယမန် နေ့ က နိုင်ငံရေး အကျဉ်းသား အနည်း ငယ်သာ
လွတ်မြောက် လာခဲ့သည်။

ယမန်နေ့ က ကော့သောင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာခဲ့သည့် ဟစ်ဟောပ် အဆိုတော်
ဇေယျာ သော် က နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက် ရေး အတွက် ဆက် လက် လုပ်ဆောင် သွား
မည် ဟု ပြောသည်။

Freedom News Group မှကူးယူဖေါ်ပြပေးပါသည်။

Monday, May 16, 2011

ပီနန်တွင် ရွှေစေတီဖွင့်ပွဲ အခမ်းအနားနှင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲ

မလေးရှားနိုင်ငံ ပီနန်မြို့ဓမ္မိကာရာမ ကျောင်းတိုက်ကြီးအတွင်း မနေ့ကနှင့်ယနေ့  ၂ရက်ဆက်တိုက်
ကျင်းပခဲ့သောရွှေစေတီကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်

ဘုရားကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနားကိုနိုင်ငံတကာမှ ဆရာတော်ဘုရားကြီး၏ တပည့်ရဟန်းသံဃာ အပါး
၂၀၀ကျော်အပါအဝင် နိုင်ငံတကာမှ လာရောက်ကြသော ဒါကာ၊ ဒါကာမအပေါင်းနှင့် စည်ကား သိုက်မြိုက်စွာ
ကျင်းပခဲ့ပါသည်။
ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲ အခမ်းအနား
ကို အစီအစဉ် (၇)ရပ်ဖြင့်ကျင်းပသွားပါသည်။
ပထမဦးစွာ ကြွရောက်လာသော ရဟန်းသံဃာတပည့်ဒါကာဒါကာမများက နမောတဿ-သုံးကြိမ် ရွတ်
ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပါသည်။ ထိုနောက်ကြွရောက်လာသော တပည့်သံဃာတော်များနှင့် ဧည့်ပရိ သတ်များမှ သြကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ကန်တော့၍ ဆရာတော်ဘုရားကြီးထံမှ ငါးပါး သီလခံယူကြပါသည်။ ဆက်လက်၍၊ ဦးနန္ဒသီရိ(ကနေဒါ) ရေးစပ်ပူဇော်ထားသော ဆရာတော်ဘုရားကြီးအား ချီးကျူး ဂုဏ်ပြုသော ဂါထာကို ထိုင်ဝမ်ဆရာတော်ဘုရားကြီးမှ ရွတ်ဖတ်ပူဇော်ပါသည်။ အဆိုတော် နီနီဝင်းရွှေနှင့်အတူ အမေ့ရင်သွေး ဦးထွန်းရင်တို့မှ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီးအား ဂုဏ်ပြု ပူဇော်ထားသော "ရွှေတောင်ကြီး ဟီးလို့ပမာ" သီချင်းဖြင့် ဂုဏ်ပြုသီဆို ကန်တော့ကြပါသည်။ ၎င်းနောက် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီးထံမှ ဘဝတစ်သက်တာ အမှတ်ရစရာ သြဝါဒကထာ မိန့် စကားများ မှတ်သားနာယူကြပါသည်။ ကြွရောက်လာသော တပည့်သံဃာတော်များ ကိုယ်စား ထိုင်ဝမ်ဆရာတော်မှ ကျေးဇူးတော်ရှင်ကမ္ဘာ့ဗုဒ္ဓသာသနာပြုပီနန်ဆရာ
တော် ဘုရားကြီးအား အာမိသပူဇာဖြင့် ပူဇော်ကန်တော့ပါသည်။ ထို့နောက် နိုင်ငံတကာမှ ကြွရောက်လာသော ရဟန်းသံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကို နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။