Wednesday, May 18, 2011

နိုင်ငံတော်သမ္မတကြီးနှင့်အစိုးရသစ်ထံသို့စုပေါင်း၍လက်မှတ်ရေးထိုးတောင်းဆို

ပီနန်ဆရာတော်ဘုရားကြီး ပူဇော်ကန်တော့ပွဲနှင့် ရွှေစေတီကျောင်းဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်
လာကြသော နိုင်ငံတကာမှ ရဟန်းသံဃာတော်များ၊ ဆရာတော်များနှင့် ထိုအခမ်းအနားသို့ လာရောက်ကြသော
ဧည့်ပရိသတ်အပေါင်းတို့ကလည်း ပြည်တွင်းစစ်ကို တွေ့ဆုံဆွေးနွေးရေးဖြင့် အဖြေရှာရေး၊ ဖမ်းဆီးထားသော
နိုင်ငံရေးအကျဉ်းသားများအား ချို့ယွင်းချက်မရှိပြန်လွှတ်ပေးရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားဒုက္ခသည်များ
အား နေရပ်သို့ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေး၊ စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားလာစေနိုင်ရေး တို့အ
တွက် သမ္မတကြီးနှင့် အစိုးရသစ်အပေါ် NLD YOUTH ( LA ) Malaysia မှ လူငယ်များနှင့်အတူ တက်ကြွစွာ လက်မှတ်ထိုး၍ တောင်းဆိုခဲ့ကြပါသည်။ ထိုလက်မှတ်ထိုးထားသော စာရွက်များကိုလဲ ပြည်တွင်းရှိ သမ္မတကြီး
နှင့် မြန်မာနိုင်ငံအစိုးရသစ်ထံသို့ ပေးပို့ပြီးဖြစ်ပါသည်။ ။


























0 ယောက် အကြံပြုထားပါသည်:

Post a Comment