ငါ့....ဒါဏ်ရာတွေမကျက်သေးဘူး
လူပ်လေ ရုန်းလေ မြှပ်လေ ဆိုတဲ့ဘဝ
ကောင်းတာလုပ် အဆိုးမြင်နေတော့
ငါ့ဘ၀ ငါ့အသိ ငါ့အမြင်မှာ
လိမ်မော်ရောင်တော်လှန်ရေးက
"မုသားအလွန် သစ္စာတရားလက်ကိုင်ထားခဲ့"
အိုးပြစ် အိမ်ပြစ် ပြစ်ခဲ့တဲ့...ငါ
အဖိုး(ဦးအောင်ဆန်း)မှာတမ်းကိုတော့
စိတ်မကောင်းဖြစ်မိပါရဲ့ ....၊
ငါ့....မျှော်လင့်ချက်တွေ အနည်မထိုင်သေးဘူး
ပြိုင်ဆိုင်မူ့ ရှိတဲ့ဘ၀မှာ
အဆုံးမသတ်ခင်
ခေါင်းပုံဖြတ်ခံလိုက်ရတော့
အပိုတန်ဖိုး အစွန်းထွက်လေးက
အိပ်ကပ်ထဲကခုန်ထွက်သွားခဲ့
"ကလပ်စတုဂဲလ်" က
ငါ့အတွက်တော့ ရှောင်လွှဲမရတဲ့အရာပဲ
ကမ္ဘာတစ်ဝန်းက အသိမှတ်ပြုထားတဲ့
ကားလ်မာ့စ် ကိုတော့
ငြိုငြင်မိသလိုပါပဲ....၊
ငါ့....ခြေလှမ်းတွေမရပ်သေးဘူး
လမ်းသွယ်များလေ ရွေးလေ လျှောက်လေဆိုတဲ့ဘဝ
"ရီလေးတစ်ဘက်တီး သီအိုရီကြောင့်"
ခြေဖ၀ါးအောက်က လိုင်နာတွေတောင်
ကတုံးဖြစ်နေခဲ့ပြီ
ကမ္ဘာတစ်ဝန်းလုံးက လေးစားလက္ခံခဲ့တဲ့
အိုင်စတိုင်းကိုတော့
စိတ်နာချင်သလိုပါပဲ.........၊
ငါ့......ဦးဏှာက်က မတောက်ပြောင်သေးဘူး
ညစ်နွမ်းစိတ် ကြည်လင်စေဖို့ 
အသိစိတ်က ချူးတစ်ပြားမရှိ
"ဆင်းရဲမွဲတေမူ့ ရဲ့ နိဂုံး"
ကမ္ဘာကျော်စာတမ်းကို
မဖတ်မိသေးတဲ့ ငါ့ အဖြစ်က
ဒေါက်တာဂျက်ဖရီဆာ့(ချ) ကို
အပြစ်တင်ချင်မိပါရဲ့ 
သူ့ စာတမ်း မြန်မာပြည် လာမဖြန့် လို့ .....၊
ငါ့....ဒါဏ်ရာတွေမကျက်သေးဘူး
အဖိုး(ဦးအောင်ဆန်း)မှာတမ်းကိုတော့
စိတ်မကောင်းဖြစ်မိပါရဲ့ ....၊
ငါ့... .မျှော်လင့်ချက်တွေ အနည်မထိုင်သေးဘူး
ကားလ်မာ့စ် ကိုတော့
ငြိုငြင်မိသလိုပါပဲ....၊
ငါ့....ခြေလှမ်းတွေမရပ်သေးဘူး
အိုင်စတိုင်းကိုတော့ စိတ်နာချင်သလိုပါပဲ.........၊
ငါ့......ဦးဏှာက်က မတောက်ပြောင်သေးဘူး
ဒေါက်တာဂျက်ဖရီဆာ့(ချ) ကို
အပြစ်တင်ချင်မိပါရဲ့ ..........၊၊ ၊၊
လူသစ်အမရပူရ
(class struggle=လူတန်းစားတိုက်ပွဲ)
Sunday, March 24, 2013
ကျနော်နှင့်အဘိဇ္ဈာစိတ်
Subscribe to:
Post Comments (Atom)
0 ယောက် အကြံပြုထားပါသည်:
Post a Comment