Saturday, October 1, 2011

ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နဂါး- ဝါးမြိုနေခြင်းရဲ့ရန်ကို စုပေါင်းကာကွယ်ကြပါစို့



ကနေ့- မယုံကြည်နိုင်လောက်တဲ့ လတ်လတ်ဆပ်ဆပ် သတင်းထူးတခု ကြားသိလိုက်ရတော့ ဝမ်းသာပက်လက်ဖြစ်ခဲ့ရပါတယ်၊ မီးမောင်းထိုးပြသလိုက်သလဲဆိုရင်...ပြည်သူ့ ဆန္ဒကို အလေးထားတယ်ဆိုတာ ကို လက်တွေ့ မီးမောင်းထိုးပြီးပြသလိုက်တဲ့ လုပ်ရပ်တွေထဲက အကောင်းဆုံးလုပ်ရပ်တခုကို ပြသလိုက်တာပါပဲ။

ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကိုဦးတည်ရွေ့လျှားနေတဲ့အတွက် ထောက်ခံကြိုဆိုမှုတော့ပြုရပါလိမ့်မယ်၊ လွှတ်တော်မှာမဲခွဲစရာမလိုတော့ပဲဧရာဝတီကိစ္စရပ်ဆိုင်းသွားပါပြီး၊ ဒီမိုကရေစီကျင့်စဉ်ကို ယုံကြည်တဲ့အစိုးရဟာ ပြည်သူ့အသံတွေကို အမြဲတစေနားစွင့်နေရပါလိမ့်မယ်၊ ပြည်သူ့ ဆန္ဒတွေကို စေတနာမှန် မှန်နဲ့ အကောင်အထည်ဖော်လုပ်ဆောင်သွားလျှင်...ဒီစေတနာတွေရဲ့ အကျိုးကျေးဇူးကို အစိုးရတစ်ရပ်က မုချမသွေခံစားရမှာဖြစ်ပါတယ်။ ပြည်သူအားကိုးအားထားလောက်တဲ့ အစိုးရတွေမှာ ဂုဏ်အင်္ဂါရပ်တွေရှိပါတယ်၊ ဒီ-ဂုဏ်အင်္ဂါရပ်တွေနဲ့ အညီတိုင်းပြည်ကိုအုပ်ချုပ်သွားနိုင်ဖို့ အရေးကြီးပါတယ်။

ဧရာဝတီကိစ္စကြီးပြီးသွားလို့ကျနော်တို့တတွေ ဝမ်းသာနေလို့မပြီးသေးပါဘူး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ ၂၀၀၈ နိုင်ငံတော်ဖွဲ့  စည်းအုပ်ချုပ်ပုံ ပြန်လည်ပြင်ဆင်ရေးသားဖို့ အတွက် ပူပေါင်းဆောင်ရွက်မှုတွေကို အားသွန်ခွန်စိုက်ကြိုးပမ်း လုပ်ဆောင်ရမယ့်အပြင်-တဖက်မှာလည်း မြန်မာနိုင်ငံကို တရုတ်နင်္ဂါးဝါးမြိုနေတဲ့ရန်က ကာကွယ်သွားဖို့ ကို လည်းအားသွန်ခွန်စိုက်ကြိုးပမ်းလုပ်ဆောင်သွားရမှာပါ။ အဲဒီလိုပူးပေါင်းဆောင်ရွက်လုပ်ကိုင်အကောင်အထည်

ဖေါ်သွားတဲ့နေရာမှာ....ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသူတွေဟာ တဖက်နဲ့ တဖက် အပေးယူမျှမျှတတရှိဖို့  အထူးတလှယ်အရေးတကြီးလိုအပ်ပါတယ်။

အတိမ်းအစောင်းမခံနိုင်တဲ့အတိမ်းအစောင်းမခံနိုင်တဲ့ ယနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်ကို အမြှော်-အမြင်ကြီးကြ
သည်ဆိုတဲ့ခေါင်းဆောင်တွေက ထိမ်းထိမ်း-သိမ်းသိမ်းနဲ့ လုပ်ဆောင်သွားနိုင်ဖို့ အရေးကြီးပါတယ်။
ဘယ်ဟာ-အဓိက ဘယ်ဟာ- သာမညဆိုတာ ခွဲခြမ်းစိတ်ဖြာပြီ အလုပ်လုပ်ကိုင်သွားတတ်ဖို့ပဲလိုပါတယ်။

ဗိုလ်သန်းရွှေဦးဆောင်တဲ့ (နအဖ) ခေတ်ကဆို မြန်မာနိုင်ငံကို တရုတ်နဂါးကြီးခေါင်းပိုင်းကစပြီး ဝါးမြိုထားတာ မြန်မာပြည်ကြီးဟာ အမြီးလောက်ပဲ တစ်လစ်-တစ်လစ်နဲ့ကျန်ပါတော့တယ်၊ မြန်မာနိုင်ငံကို တရုတ်နဂါင်္းဝါးမြိုထားတဲ့ပါးစပ်ပေါက်ကနေ ကျနော်တို့တတွေရဲ့စုပေါင်းအားနဲ့ ပြန်လည်ဆွဲထုတ်ယူရပါလိမ့် မယ်။

ဒါကြောင့်...ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ကိုင်တဲ့နေရာမှာ သံသယစိတ်တွေဖျောက်ဖျက်ပစ်ပြီး၊ သဘောထားကြီးကြီးနဲ့ တာဝန်တွေကိုကျေကျေပြွန်ပြွန်ထမ်းဆောင်သွားကြရင်း....နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နင်္ဂါ-ဝါးမြိုနေခြင်းရဲ့ရန်ကို ပူးပေါင်းဆောင်ရွက်သောနည်းလမ်းကောင်းများဖြင့် စုပေါင်းကာကွယ်ကြပါစို့ ။

(မှတ်ချက်) ၁- အာဏာရှင်အောက်မှ လူးလွန့်ရုန်းထလာသော နိုင်ငံတွေအထဲမှာ မြန်မာနိုင်ငံကို ကမ္ဘာမှာ စံပြနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲမှူနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်မှူကို အမြန်ဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့သမိုင်းတွင်စံတင်ထားချင်သည်။

မှတ်ချက်) ၂- သမ္မတ- ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို တရုတ်အစိုးရ ဖတ်လိုက်ရရင်.....ဝ-ကို ဒီကောင်-ဒီလိုလုပ်လို့ ဘယ်ရမလဲ...ဆိုပြီး ဒေါခီးနေမှာအသေချာပါပဲ...။

by Ko Baloi on Friday,

0 ယောက် အကြံပြုထားပါသည်:

Post a Comment