Monday, November 8, 2010

ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တတ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေ


မြန်မာစံတော်ချိန်..... 3 နာရီ 33 မိနစ်၊


ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တပ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို
မြိုခံတစ် ယောက်အား NLD YOUTH LA MALAYSIA သတင်းနှင့်ပြန်ကြားရေးမှ ဆက်သွယ်မေးမြန်းချက် အသံဖိုင်ဖြစ်ပါတယ်...

ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တပ်


မြန်မာစံတော်ချိန်..... ၂ နာရီ ၅၆ မိနစ်၊

(၂ နာရီ ၅၉မိနစ်) မဲဆောက် လေယာဉ်ကွင်းအရှေ့က ထိုင်းစစ်တပ်ဝင်းထဲမှာ စစ်ပြေးဒုက္ခသည်တွေကို နောက်ဆုံး ရိုက်ထားတာပါ။


(၂ နာရီ ၅၆မိနစ်) ထိုင်းနိုင်ငံ ASTV က ဒီနေ့ ၁၂ နာရီလောက်က ရိုက်ထားတဲ့ ဗွီဒီယိုကလစ်တွေ တင်ပေးလိုက်ပါတယ်။


http://www.youtube.com/watch?v=gAk1Ur5cu1Q&feature=player_embedded


(၂ နာရီ ၄၆မိနစ်) မြ၀တီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မဲဆောက် လေယာဉ်ကွင်းရှေ့ ထိုင်းစစ်ထဲတွင်ထားရှိထားပါတယ်။ စစ်ပြေး ဒုက္ခသည် အနည်း ၇၀၀၀ ၀န်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်

(၂ နာရီ ၃၉မိနစ်) မြ၀တီမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ လက်နက်ငယ်နှင့် လက်နက်ကြီးများ ပစ်ခတ်နေပါတယ်။ ထိုင်းဘက်ကမ်းကို ရောက်ရှိလာတဲ့ လူနာများ မရှိသေးဘူးလို့ သိရှိရပါတယ်။

(၂ နာရီ ၂၆မိနစ်) ဘုရားသုံးဆူတောင်ပိုင်းမြို့အစွန်မှာ ဒီကေဘီအေနှင့် နအဖ တို့ရဲ့ တိုက်ပွဲအရှိန်ကြောင့် မီးတွေ လောင်နေကြောင်း။ ထိုင်းနိုင်ငံဘက်ရှိ ဆန်ခဆေးရုံကို လူနာများ ရောက်လာကြောင်း သိရှိရသည်။ တိုင်ပွဲက ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ လက်နက်ငယ်များအဆက်အပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်....။

(၂ နာရီ ၅မိနစ်) ထိုင်းဘက်မှ မြ၀တီ- မဲဆောက် လမ်းပေါ်မှ ဒုက္ခသည်များ...။

http://www.youtube.com/watch?v=DldwAri_7yc&feature=player_embedded

(၂ နာရီ ၁မိနစ်) မြ၀တီတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် သုံးဦးထက် မနည်းသေဆုံးကြောင်း အေအက်ပီ သတင်းဌာနက ပြောဆိုသည်။ (ကိုးကား - 3 die in clashes in Burma)

(၁ နာရီ ၅၆ မိနစ်) ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပစ်ခတ်နေတယ်။ စက်သေနတ် စက်တိုက်ပစ်သံတွေ ကြားနေရတယ်။ မြ၀တီ ကြံခင်းဂိတ်ကနေ ထိုင်းဘက်ကို ထွက်ပြေးဖို့စောင့်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပို့ဆောင်ပေးနေတဲ့ လှေက တစီးပဲရှိတယ်။

(၁ နာရီ ၄၅ မိနစ်) ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။ဟု ပြောဆိုသည်။


(၁ နာရီ ၃၈ မိနစ်) ပြန်ပစ်ပြီ.... မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။

(၁ နာရီ ၃၂ မိနစ်) မြ၀တီမှ စစ်ပြေးဒုက္ခသည်များ ထွက်ပြေးလာနေကြပြီ။ မြ၀တီမြို့တွင်းမှ နအဖ စစ်တပ်မှ ထွက်ခွာချိန် ၄၅ မိနစ်ပေးထားရာ မိနစ် ၃၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။







(၁ နာရီ ၂၄) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲဝင်ပြီ

(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...

(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
-----------------------------------------------------------------------
မြ၀တီ
(၁း ၁၀) တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။

(၁း ၀၅) နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ထသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

(၁ နာရီ) နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။

(၁၂း ၃၀) မြ၀တီတွင် ပစ်ခတ်မှုများကြောင့် လတ်တလောတွင် ၂ ဦးသေဆုံးကြောင်း မျက်မြင်သက်သေတဦး အပြောအရ သိရှိရသည်။ ဒဏ်ရာရှိသူ ၁၀ ဦးထက်မနည်းကြောင်း မျက်မြင်သက်သေတဦး ပြောကြားချက်အရ သိရှိရသည်။ အခြားထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်သေးလို့ ပြောဆိုသည်။ ၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။ (ကိုးကား - Spillover of fighting in Burma kills one Thai) တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ လက်နက်ငယ်အသုံးများ အဆက်မပြတ်ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။ မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။
DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ်

ကောဂရိတ်
ကောဂရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။


ဘုရားသုံးဆူမြို့နယ်
(၁ နာရီ ၂၀) တိုက်ပွဲက ဘုရားသုံးဆူမြို့ထဲသို့ ရောက်လာကြောင်း...
(၁ နာရီ ၁၅) ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။
ဒီကေဘီအေတပ်များနှင့် မွန်ပြည်သစ်ပါတီကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက် တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မဲဆောက်
မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။ ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်း အရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာ တလုံးကျလာပါတယ်။ အောက်မှာ ဓါတ်ပုံ တင်ထားပါတယ်။ နောက် ၁ ဂိတ် ထိုင်းဘက်ရှိ ဟွေ့မှုတ်ရွာ (ထိုင်းရွာ)ကိုလည်း လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်။ ထိုလက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။


ထိုင်းစစ်တပ်မှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေး ဒုက္ထသည်များကို စစ်ဆေးနေစဉ် (ဓါတ်ပုံ -Reuters)

(ကိုးကား - Spillover of fighting in Burma kills one Thai) လက်နက်ကြီးကျရောက်တဲ့အတွက် ထိုင်းရွာသား အနည်းနယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ ထိုကဲ့သို့ မြ၀တီမြို့တွင်းမှာ ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပေးလာတဲ့ စစ်ပြေးဒုက္ခသည် ထောင်ကျော်ကြောင်းသိရှိရပါတယ်။ တဖြေးဖြေးနဲ့ စစ်ပြေး ဒုက္ခသည် များပြားလာကြောင်း ထပ်မံသိရှိရ။ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းတကျောင်းတွင် ထားရှိထားကြောင်းသိရှိသည်။ နောက်ဆုံး မဲဆောက်မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူ Mr.Kittisak Tomornsak ပြောပြချက်အရ ထိုင်းဘက်ကို ထွက်ပြေးလာသည် စစ်ပြေးဒုက္ထသည် ထောင်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။



ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်းအရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာသည့် မြင်ကွင်း






ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တတ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေ

မြန်မာစံတော်ချိန်..... 3 နာရီ 33 မိနစ်၊

ဒီနေမြဝတီမှာ DKBA နှင့် မြန်မာစစ်တပ် ထိပ်တိုက်တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို
မြိုခံတစ် ယောက်အား NLD YOUTH LA MALAYSIA သတင်းနှင့်ပြန်ကြားရေးမှ ဆက်သွယ်မေးမြန်းချက် အသံဖိုင်ဖြစ်ပါတယ်...

Sunday, November 7, 2010

ကြံ့ဖွံ့ပါတီမှ ကြိုတင်မဲကောက်ပြီး ကိုယ်တိုင် မဲပေး

မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် လူနာများနှင့် အသက်ကြီးရွယ်သူများထံ ကြိုတင်မဲ လိုက်လံကောက်ခံချိန်တွင် ကြံ့ဖွံ့ပါတီများမှ ကိုယ်တိုင် မဲခြစ်ပေးသည်ဟု ဒေသခံများက ပြောသည်။

usda1-300x168နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲအရေအတွက် မဆုံးရှုံးစေရန်နှင့် အချိန်မမှီမှာကို စိုးရိမ်သည့်အတွက်ကြောင့် မဲကော်မရှင်တို့က လာရောက်ကြိုတင် ကောက်ခံထားခြင်း ဖြစ်ကြောင်း မုဒုံမြို့နယ်ရှိ ကြိုတင်မဲ အပေးခံထားသူ တစ်ဦးက ပြောသည်။

“ကြံ့ဖွံ့ပါတီကိုယ်တိုင် လာကောက်တယ် ကြိုတင်မဲကို။ ပြီးတော့ မဲဆန္ဒရှင်ကိုယ်စား သူတို့ပဲ မဲပေးတယ်။ သူတို့ ပါတီကိုပဲ မဲထည့်တယ်” ဟု ကမာဝက်ကျေးရွားမှ ကိုယ်တိုင်မြင်တွေ့သူ တစ်ဦးက ပြောသည်။

၎င်းကြိုတင်မဲမှာ အမဲရောင် ဖြစ်ပြီး ပါးလွှာကာ ပေါက်ပြဲလွယ်သည်။ ထိုကြောင့် ၄င်းတို့ ပါတီမှ မဲခြစ်ပေးသည်ဟု ကြံ့ခိုင်ရေးပါတီမှ ပြောသည်ဟု ၄င်းမျက်မြင်က ပြောသည်။
“ဒီနေ့မနက်မှာ လာကောက်တယ်၊ နက်ဖြန် သွားထည့်မယ့် အချိန်ကို လူများအကြား တိုးမနိုင်မှာ စိုးတဲ့အတွက် ကြိုတင်လာကောက်လိုက်တာ ပြောတယ်” ဟု ကြိုတင်မဲပေးသည့် ကမာဝက်ရွာသားက ပြောသည်။

သို့ဖြစ်၍ မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှာလည်း ရွေးကောက်ပွဲ မဲပေးမည့်အတွက်ကို မဲကော်မရှင်တို့က စာရင်းအတိုင်း ပါဝင်သူများအရ အပြီးသတ် အမှတ်စဉ်များ ကြိုတင်လိုက်လံပေးဝေထားကြောင်း အမှတ်စဉ် မရရှိသော သူများကို မဲပေးခွင့် မရှိကြောင်း မဲကော်မရှင်တို့က ပြောကြားထားသည်ဟု ကမာဝက် ရွာသားတစ်ဦးက ပြောသည်။

၎င်းအမှတ်စဉ် လိုက်လံဝေခြင်းသည် မဲသွားပေးမည့် ကာလတွင် အချိန်မနှောင်းစေရန်အတွက်သာ ဖြစ်သည်ဟု သိရသည်။

“ဒီနေ့လယ်တော့ အမှတ်စဉ် မရရှိတဲ့သူတွေနှင့် မဲကော်မရှင်နဲ့ ပြသာနာများ ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

အမှတ်စဉ် မရရှိသောသူ အများက မဲပေးခွင့်ကို အဆုံးရှုံ မခံနိုင်သည့်အတွက်ကြောင့် မဲကော်မရှင်တို့ထံ လာရောက်မေးမြန်းပြောကြားပြီး မဲကော်မရှင်က ယခုအချိန်တွင် အမှတ်စဉ် ပြန်လုပ်ပေးဖို့အတွက်ကို အချိန်မရတော့ကြောင်း အမှတ်စဉ် မရရှိပါက မဲပေးရန် နောက်ဆုတ်ပါဟု ပြောကြားခဲ့ကြောင်း ကမာဝက်ရွာသားက ဆက်ပြောသည်။

အမှတ်စဉ် မရရှိသောသူများ မပြုလုပ်ပေးခြင်းသည် မွန်ပါတီကို မဲသွားပေးမည်အတွက်ကြောင့် ယခုလို အချိန်မှီ မဲပေးနိုင်အောင် မပြုလုပ်ပေးခြင်း ဖြစ်နိုင်ကြောင်း မုဒုံမြို့ခံတစ်ဦးက ပြောသည်။

ရခိုင်အမျိုးသမီးများက ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ

ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ နိုဝင်္ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲ တရပ်ကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့ မြန်မာ သံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
RWU-against-Burmese-Election-2010နိုဝင်္ဘာလ ၅ ရက်နေ့က နံနက် ၁၁ နာရီ အချိန်တွင် “၂၀၁၀ ရွေးကောက်ပွဲ-အလိုမရှိ၊ တွေ့ဆုံဆွေးနွေးရေး အမြန်ခေါ်၊” စသည့် ကြွေးကြော်သံများနှင့် ဆန္ဒပြပွဲကို စတင်ခဲ့ကြသည်။

ဆန္ဒပြရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“နိုဝင်္ဘာလ ၇ရက်နေ့မှာ နအဖ စစ်အစိုးရက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ပွဲဝင်ခြင်း အနေနဲ့ ဆန္ဒပြရတာပါ။ ကျမတို့ အခုလို ဆန္ဒပြခြင်းအားဖြင့် နအဖစစ်အစိုးရက လုပ်နေတဲ့ ရွေးကောက်ပွဲဟာ မတရားဆိုတာကို ကျမတို့ ပြည်သူတရပ်လုံး သိလာစေချင်ပါတယ်။ ပြီးတော့ ပြည်သူ တရပ်လုံးမှာ ကိုယ်ပိုင် အခွင့်အရေးတွေကို ဖေါ်ထုတ်ဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့်ပိုင် အခွင့်အရေးတွေအတွက် တိုက်ပွဲ ဝင်ရမယ်။ နောက် တိုင်းရင်းသား လူထု တရပ်လုံးကလည်း ရဲရဲဝံ့ဝံ့ တိုက်ပွဲ ဝင်ရမယ် ဆိုတဲ့ အနေအထားကို သိစေချင်တဲ့အတွက် ဆန္ဒပြပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသော ဆန္ဒပြပွဲကို မွန်းတည့် ၁၂ နာရီခန့်တွင် အဆုံးသတ်ခဲ့ကြပြီး တဆက်တည်းတွင် ဒက္ကားမြို့ရှိ တရားရုံးချုပ်ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲကို နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် အဆုံးသတ်ခဲ့ကြသည်။

“ပြည်သူလူထုတရပ်လုံး အနေနဲ့ ကြောက်နေရမယ့် အချိန် မဟုတ်တော့ပါဘူး။ ပြည်သူတွေမှာ အခွင့်အရေး ဆိုတာ ရှိပါတယ်။ အဲဒီ အခွင့်အရေးကို ထိုင်နေလို့ မရပါဘူး၊ ကျမတို့ တိုက်ယူမှရမှာပါ။ ပြီးတော့ တိုင်းရင်းသားတွေ အနေနဲ့လည်း အခွင့်အရေးကို ပေးပါ ပေးပါဆိုပြီးတော့ လက်ဖြန့် တောင်းနေရုံနဲ့ မရပါ။ တိုက်ပွဲ ပေါင်းစုံနဲ့ ကျမတို့ တိုက်ပွဲ ဝင်ရမယ်ဆိုတာကို တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ပြည်သူတွေကို ကျမ ဒီနေရာကနေပြီးတော့ ပြောချင်ပါတယ်။”

ဆန္ဒပြပွဲတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ပြီး ဒေသခံ ဘင်္ဂလာဒေ့ခ်ျ သတင်းဌာများမှ သတင်းထောက် ၂၀ နီးပါးခန့် လာရောက် သတင်းယူခဲ့ကြသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသော ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး RWU ၏ ထုတ်ပြန်ချက်ကိုလည်း ပြည်သူများနှင့် သတင်းထောက်များ အကြားတွင် ဖြန့်ဝေခဲ့ကြသည်။

လျှို့ဝှက်မဲပေးခန်း လုံခြုံမှု မရှိ

မွန်ပြည်နယ်ရှိ အချို့မြို့နယ်များတွင် မဲဆန္ဒရှင်များ လျှို့ဝှက်မဲ ပေးရမည့် မဲပေးခန်းများ လုံခြုံမှု မရှိကြောင်း မဲပေးသူများက ပြောသည်။

polling-station-300x168မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ မဲရုံရှိ လျှို့ဝှက်မဲ ပေးခန်းများ လုံခြုံမှု မရှိကြောင်း မဲထည့်ခဲ့သည့် ရွာသားတစ်ဦးက ပြောသည်။

“မဲခြစ်ဖို့ နေရာ သုံးနေရာပေါ့နော်။ အဲဒီမှာ ခုံသုံးလုံး ထားထားတယ်။ ဘောပင် ၃ ချောင်း ထားထားပေးတယ်၊ မဲပုံးထားတဲ့ နေရာမှာရော အဲဒီလိုပဲ ဘာမှ ကာထားတာ မရှိဘူး။ ပြောင်ပဲ ထားထားတယ်၊ အခန်းနဲ့တော့ မဟုတ်ဘူး၊ တယောက်နဲ့ တယောက်လည်း သိပ်မဝေးဘူး။ ကြည့်ရင် မြင်နိုင်တယ်၊ မဲပုံးတွေကတော့ မြင်နေရတယ်လေ။ ပုံးအကြည်ကို ဒီအတိုင်းပဲ ပိတ်ထားတယ်၊ အသေပိတ်တာတို့ သော့ခတ်တာတို့တော့ မတွေ့မိပါဘူး၊ ဖွင့်ရင်တော့ ဖွင့်လို့ရတာပေါ့” ဟု သူက ပြောသည်။

အလားတူ မော်လမြိုင်မြို့နယ်တွင်လည်း လျှို့ဝှက် မဲပေးခန်းမှာ ကာဆီးထားခြင်း မရှိ၍ လုံခြုံမှု မရှိကြောင်း မော်လမြိုင်မြို့မှ မဲဆန္ဒရှင် မွန်အမျိုးသမီး တစ်ဦးက ပြောသည်။

“ကျမတို့က အမှတ် (၆) စာသင်ကျောင်းမှာ မဲထည့်ရတယ်။ လျှို့ဝှက်မဲ ပေးတဲ့ အခန်းက အရင်လို လုံလုံခြုံခြုံတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ကတော့ မွန်ပါတီကိုပဲ မဲပေးခဲ့တယ်” ဟု သူမက ပြောသည်။

ရွေးကောက်ပွဲကို ကျောခိုင်းပါ

ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦး
နိုဝင်ဘာ ၆၊ ၂၀၁၀

"---၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင် တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ် တွေ့ရမှာပါ---"
မြန်မာပြည်မှာ ၀မ်းနည်းကြေကွဲစရာကောင်းပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ၇၊ ၇၊ ၆၂ မှာ စစ်အာဏာရှင်တွေ က ကျောင်းသားအရေး တောင်းဆို ဆန္ဒပြနေကြတဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ဖြိုချခဲ့ပါတယ်။
ဂျူလိုင် ဆဲဗဲန်း ဆိုပြီး အသိအမှတ် ပြုခဲ့ကြပါတယ်။
၆၊ ၆၊ ၆၄ သင်္ဘောကျင်းအလုပ်သမားတွေက လုပ်ငန်းခွင်သာယာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာ တိုးမြှင့်ရေး စတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ဥပဒေဘောင်အတွင်းက ဆန္ဒပြ တောင်းဆိုကြတာကို အာဏာရှင်တဖြစ်လဲ မ.ဆ.လ အစိုးရက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အလုပ်သမား အမြောက်အများ သေဆုံးခဲ့ကြရပါတယ်။
ဇွန်အရေးအခင်းလို့ ဆိုကြပါတယ်။
၂၄ ရက်၊ ၁၂ လ၊ ၇၄ မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး ထိုက်ထိုက်တန်တန် လုပ်မပေးတဲ့အတွက် ကျောင်းသားထုက မကျေမနပ်ဖြစ်ပါတယ်။ ဒါနဲ့ ဦးသန့်ရုပ်ကလာပ်ထားရှိဖို့ ထိုက်တန်တဲ့နေရာ တနေရာရရှိရေးကို ကျောင်းသားထုက ဦးစီးပြီး တောင်းဆို တိုက်ပွဲဝင်ပါတယ်။ အဲဒီမှာလည်းပဲ ဗိုလ်နေ၀င်းစစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့လို့ ကျောင်းသားအများအပြား သေဆုံးခဲ့ရပါတယ်။
ဦးသန့်အရေးအခင်းလို့ ပြောဆိုလေ့ရှိပါတယ်။
          အဲဒီနောက်မှာတော့ ၇၆ မှိုင်းရာပြည့်၊ နောက်ပြီး ကမ္ဘာကျော် ၈ လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဒီ အရေး အခင်းတွေ အားလုံးဟာ မြန်မာ့သမိုင်းမှာ အလွန် စိတ်ထိခိုက်စရာကောင်းတဲ့ နာမည်ဆိုးနဲ့ အသိများတဲ့ နေ့ရက်တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ပါဘူး။
          မကြာခင်မှာ မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် သမိုင်းဝင်နေ့ရက်တရက် ရောက်လာပါတော့မယ်။
          ကျနော် အခုလောက် ပြောလိုက်ရင် အားလုံးရဲ့ အတွေးမျက်ဝန်းထဲမှာ သိပ်မဝေးလှတော့တဲ့ ရက်စွဲတခုကို ပြေးမြင်နေကြပြီ ဆိုတာ ကျနော် သိပါတယ်။ သေချာပါတယ်။ အားလုံးသိကြတဲ့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့၊ ရွေးကောက်ပွဲနေ့၊ နာမည်ဆိုးနဲ့ ကျော်ကြားမယ့်နေ့။ ဘာကြောင့် နာမည်ဆိုးလို့ သတ်မှတ်ရသလဲဆိုတာ ကျနော် ဆက်ပြောပါမယ်။
          အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ တရားမ၀င် အာဏာကို တရားဝင်အာဏာ ဖြစ်အောင်လုပ်မယ့် ပွဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင် တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ် တွေ့ရမှာပါ။ ဖွဲ့စည်းပုံမှာ ထင်တိုင်း ခြယ်လှယ်လို့ရအောင် ရေးထားသလို အပြင်ကလုပ်ရပ်တွေမှာလည်း ထင်တိုင်းခြယ်လှယ်ပြီး လုပ်နေတာပါပဲ။ လက်ရှိ နိုင်ငံတော်အကြီးအကဲတွေ၊ ၀န်ကြီး ၀န်ကလေးတွေ ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးပြီး မဲဆွယ်စည်းရုံး ရေးတွေ လုပ်နေကြတာတွေဟာ မကြားချင်မမြင်ချင်အဆုံးပါ။
          သူတို့ပါတီနဲ့ယှဉ်ပြီး ဘယ်ပါတီမှာ စည်းရုံးရေး မဆင်းနိုင်ပါဘူး။ ဆင်းစရာ ရံပုံငွေလည်း မရှိကြပါဘူး။ လက်ကမ်းကြော်ငြာ ဝေဖို့တောင် ရွက်ရေလေး ၅ ထောင်၊ ၆ ထောင်ရိုက်ပြီး ဝေကြရတာပါ။ ကြံ့ဖွံ့လို သန်းနဲ့ချီပြီး မရိုက်နိုင်ကြပါဘူး။ တခုရှိတာက ငွေတွေ ဗုံးပေါလအော သုံးပြီး စည်းရုံးနေပေမဲ့ ပြည်သူအများစုက လက်မခံကြပါဘူး။ အာဏာတွေ၊ ဖိအားတွေ သုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ဘနဖူး သိုက်တူးရ တူးရဆိုတဲ့ လုပ်ရပ်မျိုး လုပ်နေကြတာကို လူထုက မကြိုက်ပါဘူး။ ခက်တာက မကြိုက်တာကို ဆန့်ကျင်လို့ မရအောင် အဘက်ဘက်က ဖိနှိပ်ထားတာပါပဲ။
          ဥပမာ ဆိုပါတော့- ၀န်ထမ်းတွေက မိမိမဲပေးရမယ့်မဲရုံ၊ မဲစာရင်းအမှတ် စတာတွေဟာ မိခင်ဌာနတွေကို တရားဝင် အကြောင်းကြားရပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် ဒီဝန်ထမ်း မဲပေးတယ်၊ မပေးဘူးဆိုတာကို ဌာနကသိရအောင် လုပ်လိုက်တာပါပဲ။ ဒီဖြစ်ရပ်ကို ကြည့်ရုံနဲ့တင် လွတ်လပ်မှု မရှိဘူး။ ဒီမိုကရေစီ မကျဘူး။ တရားမျှတမှု မရှိဘူး ဆိုတာ သိသာနေပါတယ်။ ဒီလိုရွေးကောက်ပွဲမျိုးကို အောင်မြင်ဖြစ်မြောက်အောင် ၀ိုင်းဝန်း လုပ်နေတဲ့ပါတီတွေကို တခုလောက် ပြောချင်ပါတယ်။
          လူထု လက်ခံယုံကြည်ခြင်း မရှိတဲ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ပါ။ ဒါဆိုရင် မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် နေ့တနေ့ကို တားဆီးပြီး ဖြစ်ပါလိမ့်မယ်။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ http://www.voanews.com/burmese/news/special-reports/101512009.html သောကြာ, 29 အောက်တိုဘာ 2010