Sunday, November 7, 2010

ရွေးကောက်ပွဲကို ကျောခိုင်းပါ

ပြည်တွင်း ဂျာနယ် အယ်ဒီတာတဦး
နိုဝင်ဘာ ၆၊ ၂၀၁၀

"---၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင် တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ် တွေ့ရမှာပါ---"
မြန်မာပြည်မှာ ၀မ်းနည်းကြေကွဲစရာကောင်းပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ၇၊ ၇၊ ၆၂ မှာ စစ်အာဏာရှင်တွေ က ကျောင်းသားအရေး တောင်းဆို ဆန္ဒပြနေကြတဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ဖြိုချခဲ့ပါတယ်။
ဂျူလိုင် ဆဲဗဲန်း ဆိုပြီး အသိအမှတ် ပြုခဲ့ကြပါတယ်။
၆၊ ၆၊ ၆၄ သင်္ဘောကျင်းအလုပ်သမားတွေက လုပ်ငန်းခွင်သာယာရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ လုပ်ခလစာ တိုးမြှင့်ရေး စတဲ့ အလုပ် သမား အခွင့်အရေးတွေအတွက် ဥပဒေဘောင်အတွင်းက ဆန္ဒပြ တောင်းဆိုကြတာကို အာဏာရှင်တဖြစ်လဲ မ.ဆ.လ အစိုးရက ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့လို့ အလုပ်သမား အမြောက်အများ သေဆုံးခဲ့ကြရပါတယ်။
ဇွန်အရေးအခင်းလို့ ဆိုကြပါတယ်။
၂၄ ရက်၊ ၁၂ လ၊ ၇၄ မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ ဈာပနအခမ်းအနားနဲ့ပတ်သက်ပြီး ထိုက်ထိုက်တန်တန် လုပ်မပေးတဲ့အတွက် ကျောင်းသားထုက မကျေမနပ်ဖြစ်ပါတယ်။ ဒါနဲ့ ဦးသန့်ရုပ်ကလာပ်ထားရှိဖို့ ထိုက်တန်တဲ့နေရာ တနေရာရရှိရေးကို ကျောင်းသားထုက ဦးစီးပြီး တောင်းဆို တိုက်ပွဲဝင်ပါတယ်။ အဲဒီမှာလည်းပဲ ဗိုလ်နေ၀င်းစစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲခဲ့လို့ ကျောင်းသားအများအပြား သေဆုံးခဲ့ရပါတယ်။
ဦးသန့်အရေးအခင်းလို့ ပြောဆိုလေ့ရှိပါတယ်။
          အဲဒီနောက်မှာတော့ ၇၆ မှိုင်းရာပြည့်၊ နောက်ပြီး ကမ္ဘာကျော် ၈ လေးလုံး အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဒီ အရေး အခင်းတွေ အားလုံးဟာ မြန်မာ့သမိုင်းမှာ အလွန် စိတ်ထိခိုက်စရာကောင်းတဲ့ နာမည်ဆိုးနဲ့ အသိများတဲ့ နေ့ရက်တွေဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းချက်မထုတ်နိုင်ပါဘူး။
          မကြာခင်မှာ မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် သမိုင်းဝင်နေ့ရက်တရက် ရောက်လာပါတော့မယ်။
          ကျနော် အခုလောက် ပြောလိုက်ရင် အားလုံးရဲ့ အတွေးမျက်ဝန်းထဲမှာ သိပ်မဝေးလှတော့တဲ့ ရက်စွဲတခုကို ပြေးမြင်နေကြပြီ ဆိုတာ ကျနော် သိပါတယ်။ သေချာပါတယ်။ အားလုံးသိကြတဲ့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့၊ ရွေးကောက်ပွဲနေ့၊ နာမည်ဆိုးနဲ့ ကျော်ကြားမယ့်နေ့။ ဘာကြောင့် နာမည်ဆိုးလို့ သတ်မှတ်ရသလဲဆိုတာ ကျနော် ဆက်ပြောပါမယ်။
          အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ တရားမ၀င် အာဏာကို တရားဝင်အာဏာ ဖြစ်အောင်လုပ်မယ့် ပွဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဘယ်စာမျက်နှာကို လှန်လိုက်လှန်လိုက်၊ စစ်အာဏာရှင် တရားဝင်ဖြစ်ရေးအတွက် စာတကြောင်းဖြစ်ဖြစ်၊ တပိုဒ်ဖြစ်ဖြစ် တွေ့ရမှာပါ။ ဖွဲ့စည်းပုံမှာ ထင်တိုင်း ခြယ်လှယ်လို့ရအောင် ရေးထားသလို အပြင်ကလုပ်ရပ်တွေမှာလည်း ထင်တိုင်းခြယ်လှယ်ပြီး လုပ်နေတာပါပဲ။ လက်ရှိ နိုင်ငံတော်အကြီးအကဲတွေ၊ ၀န်ကြီး ၀န်ကလေးတွေ ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီဟာ ပြည်သူ့ဘဏ္ဍာငွေတွေကို သုံးပြီး မဲဆွယ်စည်းရုံး ရေးတွေ လုပ်နေကြတာတွေဟာ မကြားချင်မမြင်ချင်အဆုံးပါ။
          သူတို့ပါတီနဲ့ယှဉ်ပြီး ဘယ်ပါတီမှာ စည်းရုံးရေး မဆင်းနိုင်ပါဘူး။ ဆင်းစရာ ရံပုံငွေလည်း မရှိကြပါဘူး။ လက်ကမ်းကြော်ငြာ ဝေဖို့တောင် ရွက်ရေလေး ၅ ထောင်၊ ၆ ထောင်ရိုက်ပြီး ဝေကြရတာပါ။ ကြံ့ဖွံ့လို သန်းနဲ့ချီပြီး မရိုက်နိုင်ကြပါဘူး။ တခုရှိတာက ငွေတွေ ဗုံးပေါလအော သုံးပြီး စည်းရုံးနေပေမဲ့ ပြည်သူအများစုက လက်မခံကြပါဘူး။ အာဏာတွေ၊ ဖိအားတွေ သုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးအတွက် ဘနဖူး သိုက်တူးရ တူးရဆိုတဲ့ လုပ်ရပ်မျိုး လုပ်နေကြတာကို လူထုက မကြိုက်ပါဘူး။ ခက်တာက မကြိုက်တာကို ဆန့်ကျင်လို့ မရအောင် အဘက်ဘက်က ဖိနှိပ်ထားတာပါပဲ။
          ဥပမာ ဆိုပါတော့- ၀န်ထမ်းတွေက မိမိမဲပေးရမယ့်မဲရုံ၊ မဲစာရင်းအမှတ် စတာတွေဟာ မိခင်ဌာနတွေကို တရားဝင် အကြောင်းကြားရပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် ဒီဝန်ထမ်း မဲပေးတယ်၊ မပေးဘူးဆိုတာကို ဌာနကသိရအောင် လုပ်လိုက်တာပါပဲ။ ဒီဖြစ်ရပ်ကို ကြည့်ရုံနဲ့တင် လွတ်လပ်မှု မရှိဘူး။ ဒီမိုကရေစီ မကျဘူး။ တရားမျှတမှု မရှိဘူး ဆိုတာ သိသာနေပါတယ်။ ဒီလိုရွေးကောက်ပွဲမျိုးကို အောင်မြင်ဖြစ်မြောက်အောင် ၀ိုင်းဝန်း လုပ်နေတဲ့ပါတီတွေကို တခုလောက် ပြောချင်ပါတယ်။
          လူထု လက်ခံယုံကြည်ခြင်း မရှိတဲ့၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ပါ။ ဒါဆိုရင် မြန်မာပြည်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမယ့် နေ့တနေ့ကို တားဆီးပြီး ဖြစ်ပါလိမ့်မယ်။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ http://www.voanews.com/burmese/news/special-reports/101512009.html သောကြာ, 29 အောက်တိုဘာ 2010

ရွေးကောက်ပွဲနေ့ မြန်မာနိုင်ငံ မြင်ကွင်းများ

ဓာတ်ပုံသတင်း
နိုဝင်ဘာ ၇၊ ၂၀၁၀ရန်ကုန်မှ မဲရုံတခုတွင် မဲပေးရန် တန်းစီနေသူများ (photos; Reuters, AP)

ရွေးကောက်ပွဲနေ့ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများ

ဓာတ်ပုံသတင်း
နိုဝင်ဘာ ၇၊ ၂၀၁၀
 
(photos; agencies) စစ်အစိုးရ၏ မျှတမှု မရှိသော ရွေးကောက်ပွဲကို ရွေးကောက်ပွဲနေ့တွင် ဆန့်ကျင်နေသော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရောက် မြန်မာပြည်သား အလုပ်သမားများ
ယနေ့ နံနက်ပိုင်းက တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြပုံတောင်ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူများ

ရွေးကောက်ပွဲကို နိုင်ငံတကာရောက် မြန်မာများ ဆန္ဒပြ

ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲကို အင်္ဂလန်၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် တောင်ကိုရီးယား စသည့် နိုင်ငံများရှိ မြန်မာ အတိုက် အခံများက ဆန္ဒပြကြကြောင်း သတင်း ရရှိသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့မှ လူပေါင်း ၇၀၀ ခန့်က ရွေးကောက်ပွဲကို ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရှိရသည်။

activists-shout-slogan-during-a-protestဆန္ဒပြရာတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD - လွတ်မြောက်နယ်မြေ) မှ ကိုဝင်းနိုင်က ယနေ့ ကျင်းပသည့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောဆိုသည်။

“ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ဒီရွေးကောက်ပွဲက ဘယ်လိုမှ ဖော်ဆောင်ပေးနိုင်မှာ မဟုတ် ပါဘူး။ အရပ်သား အစိုးရအဖွဲ့နဲ့ စစ်အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်”ဟု ကိုဝင်းနိုင်က ဆိုသည်။

ဆန္ဒပြသူများက ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ထောင်ရေးကို အားနည်း စေကြောင်း၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ကန့်သတ်ထားကြောင်း ပြောဆိုသည်။

၎င်းတို့ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအား မြန်မာ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံရန်နှင့် သုံးပွင့် ဆိုင် ဆွေးနွေးရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် တိုက်တွန်းကြောင်း ဆိုသည်။

လန်ဒန်မြို့အခြေစိုက် ကချင်အမျိုးသားအဖွဲ့ (KNO) မှ ဒူဝါး မခေါ် ခွန်ဆာ က“ကုလသမဂ္ဂအဖွဲ့ကြီးက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းပေးမယ့် သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာအောင် စစ်အစိုးရကို ဖိအားပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၅၀၀ ခန့်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတခု ယနေ့ ကျင်းပကြောင်း သိရှိရသည်။

ဆန္ဒပြသူတဦးဖြစ်သည့် ကိုသန်းရွှေ က ရွေးကောက်ပွဲသည် ကမ္ဘာကို လှည့်စားရန်အတွက်သာဖြစ်ကြောင်း ရွေးကောက်ပွဲ တခုလုံးကို စစ်အစိုးရ၏ အစီအမံဖြင့်သာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ကိုင်ဆောင်၍ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြပြီး မဲပုံးများနှင့် မိတ္တူကူးထားသည့် ၂၀၀၈ အခြေခံ ဥပဒေများကို မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။

ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင်လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာ့အရေး လှုပ်ရှား သူ များက ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြောင်း သိရှိရသည်။

မြန်မာ အလုပ်သမား တဦးဖြစ်သည့် ကိုထက်ခေါင်က အလုပ်သမားများ အခွင့်အရေးကို အာမခံချက် မရှိသည့် အတု အယောင် ရွေးကောက်ပွဲ ကို ၎င်းတို့ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံကြောင်း ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင်လည်း ယခုလ ၄ ရက်နေ့က မြန်မာသံရုံးရှေ့တွင် မြန်မာ အလုပ်သမားများနှင့် မြန်မာ့ အရေး လှုပ်ရှားသူများက ဆန္ဒပြ ဆန့်ကျင်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံတွင်လည်း ရွေးကောက်ပွဲဆန့်ကျင်သည့် ဆန္ဒပြပွဲ ကျင်းပကြောင်း သိရှိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ ကျင်းပသည့် ရွေးကောက် ပွဲသည် မြန်မာပြည် ငြိမ်းချမ်းရေး အတွက်သော် လည်းကောင်း၊ အပြောင်းအလဲ တစုံတရာအတွက်သော် လည်းကောင်း ဖြစ်စေနိုင်မည် မဟုတ်ဟု ကြေညာချက်တစောင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲသည် စစ်အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုမှ ၎င်းတို့၏ အရပ်သားအစိုးရအဖွဲ့ကို အုပ်ချုပ်စေခြင်းသာ ဖြစ် ကြောင်း၊ တိုင်းရင်းသားများ အပေါ် ကျူးလွန်နေသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက် ဖြစ်ပွား နေ မည်သာ ဖြစ်ကြောင်း KNU ကြေညာချက်တွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က သြစတြေးလျ ကျောင်းသားများကို မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ စစ်ဆေးရေးကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။

ဟားခါးမှာလည်း မဲပေးနေ

ချင်းပြည်နယ် မြို့တော်ဟားခါးမှာလည်း ဒီနေ့မနက် ၆ နာရီကစပြီး မဲထည့်နေပါပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“၆ နာရီကနေ မဲပေးလို့ရတယ်။ ကျမလည်း မနက် ၇ နာရီခွဲလောက်က မဲသွားပြီးပြီ။ ကြံ့ခိုင်ရေးပါတီကို ပေးလိုက်တယ်။ ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီးတော့ မဲပုံးထဲ ထည့်လိုက်တာပဲ။ အနာဂတ်အတွက် ကောင်းမယ်ထင်လို့ ပေးလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပြီးတော့မှ ဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီကို ဒီကနေ လျှောက်ရင် ကောင်းမလားထင်လို့ ပေးတာပါ။ လွတ်လွတ်လပ်လပ်ပဲ ပေးလို့ရတယ်။ ကျမသွားတုန်းက စောစောဆိုတော့ လူမများသေးဘူး။ အခုလောက်ဆိုရင် လူများတော့မှာ။ ရဲရုံမှာ လုံခြုံရေးတော့ ရှိတယ်။ မဲရုံအပြင်ဘက်မှာ ရဲတွေ ရပ်နေကြတယ်” လို့ သူက ဆိုပါတယ်။

မဲရုံကိုယ်စားလှယ် ဘောလ်ပင်၊ စာအုပ် မကိုင်ရ
နိုင်ငံရေးပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေကို ဘောလ်ပင်နဲ့ မှတ်စုစာအုပ်တွေကို မြို့နယ်ကော်မရှင်က ကိုင်ခွင့်ပြုပေမယ့် ဒီနေ့မှာတော့ ရပ်ကွက်ကော်မရှင်က ကိုင်ခွင့်မပေးဘူးလို့ ဧရာဝတီတိုင်း အမျိုးသား လွှတ်တော်ကနေ ဝင်ပြိုင်မယ့် တစည ပါတီ လွှတ်တော်အမတ်လောင်း မန်းထိန်ဝင်းစိန်က မဇ္ဈိမကို ပြောပြပါတယ်။


“ပါတီကိုယ်စားလှယ် မဲရုံတရုံကို ၈ ယောက် ကော်မရှင်က ဝင်ခွင့်ပေးထားပါတယ်။ အဲဒီဝင်ခွင့်ရှိတဲ့ ၈ ယောက်သည် ဘောလ်ပင်တချောင်းနဲ့ မှတ်စုစာအုပ်တခု ပေးထားတယ်။ အဲဒါကို သူတို့ကိုင်ခွင့်မပေးပါဘူး။ ပြောတော့လည်း မပေးပါဘူး။ ကျနော်ပြောပါတယ်၊ ပန်းတနော် ကော်မရှင်နဲ့ အဆက်အသွယ်ရှိတယ်၊ ပန်းတနော် ကော်မရှင်က ညွှန်ကြားချက်အတိုင်း လုပ်တာပါလို့။ ကျနော်တို့ အငြင်းပွားနေပါတယ်၊ ပြည်ထောင်စု ကော်မရှင်အထိ ကန့်ကွက်မယ်” လို့ သူက ပြောပါတယ်။

ရွှေဘိုကမဲ အေးဆေး
မန္တလေးတိုင်း ရွှေဘိုမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင်လည်း ယနေ့မနက် ၆ နာရီကနေ စပြီ မဲပေးနေပြီလို့ အဆိုပါ မြို့နယ် တာဝန်ရှိသူ တယောက်က မဇ္ဇျိမကို ပြောသည်။

“ကျနော်တို့ဆီမှာတော့ မနက် ၄ နာရီကတည်းက စပေးတယ်။ ဒီလိုပါပဲ ဈေးသူဈေးသားတွေဆိုတော့ စောစော သွားပေးလိုက်ကြတာပါပဲ။ ဒီမှာတော့ ကောင်းပါတယ်။ ဘာမှ တင်းကျပ်တာ မရှိပါဘူး။ အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ’’ လို့ သူက ပြောပါတယ်။
9:49
ပန်းတနော်မြို့နယ် မရမ်းရွာ လူမျိုးစုလွှတ်တော်အတွက် မဲပေးခွင့်ပျောက်နေ
ပန်းတနော်မြို့နယ် မရမ်းရွာ မဲဆန္ဒနယ် အမတ် ၁ တွင်၊ ကရင် တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲဆန္ဒရှင်တချို့ မဲပေးခွင့်ပျောက်နေကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ မဲပေးခွင့်စာရင်း တွေကို ကော်မရှင်က မနေ့က ထုတ်ပေးခဲ့ပြီး ဒီစာရင်းမှာတော့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲပေးခွင့်စာရင်းပါရှိပြီး ဒီနေ့မဲသွားပေးတော့မှ မဲပေးခွင့်မရှိတဲ့အကြောင်း ဒေသခံတွေ ကပြောပါတယ်။


သွားမေးတော့ ကျေးရွာလူကြီး ဥက္ကဋ္ဌ က မသိဘူးလို့ပြောပြီး စာရေးကတော့ ရာအိမ်မှူးဆီက စာရင်းတက်လာကတည်းက မပါတာလို့ပြောတယ်လို့ ဒေသခံတဦးက မဇ္ဈိမကို ကပြောပြပါတယ်။

ဘုရားကျောင်း ဝတ်ပြုပြီးမှလာမည့် မဲဆန္ဒရှင်များ
မြစ်ကြီးနားမြို့ ယနေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံများ ဖွင့်လှစ်ခဲ့ရာ ဒေသခံများက မဲရုံသို့ လာရောက်သူ နည်းပါးကြောင်း မဲရုံနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒီမနက်တော့ သွားတာလဲ မတွေ့ဘူး။ လူက တဦးချင်းလာနေတာ။ လုံခြုံရေးက မဲရုံအနီးတဝိုက် မီးသတ် ၄ ဦးတော့ စောင့်နေတယ်။ ဒေသခံတွေက အေးတိအေးစက် ဖြစ်နေကြတယ်။ တချို့ မဲစာရင်းတုံကင်သဘော လာမပေးလို့ သွားမပေးဘူးဆိုတဲ့ လူတွေလည်းရှိနေတယ်”ဟု စီတာပူရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

မနက်ပိုင်း သွားမထည့်ဘဲ ဘုရားကျောင်း ဝတ်ပြုမှု ပြီးမှ မဲ သွားထည့်မည် ဆိုသည့် ဒေသခံများသာ များပြားသည်။

စနေနေ့၊ နိုဝင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ်


ပြည်ပတွင် ပြည်သူ့လွှတ်တော် ဖွဲ့စည်း
ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဦးတည်သော ခြေလှမ်းတရပ်ဟု ဆိုကာ လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်အချို့က ပြည်သူ့လွှတ်တော် တရပ်ကို ပြည်ပတွင် ဖွဲ့စည်းလိုက်ကြသည်။

ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတိနှင့် ကရင်နီ တိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များနှင့် အမတ်များသည် ကရင်နီပြည်နယ် ဂေ့ဖိုးဒူးဒမ်းခမတွင် နိုဝင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

”စစ်အာဏာရှင် စနစ်ကို တရားဝင် သက်ဆိုးရှည်စေမည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းရန်” စစ်အစိုးရက လုပ်ဆောင်နေသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို ထောက်ခံသည်ဆိုသော လွှတ်တော်သည် လက်ရှိ စင်ပြိုင်အစိုးရ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရကို ဆက်လက် အသိအမှတ်ပြုသည်ဟုလည်း ပါရှိသည်။

ထို့အပြင် စင်ပြိုင်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေး ထောက်ခံကြောင်း သဘောထားပေးသူ ၄၄ ဦးတွင် ပါဝင်သည်ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း လွှတ်တော်အဖွဲ့ဝင် မည်မျှပါဝင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ရှေ့လုပ်ငန်းစဉ်များတွင် စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရေးနှင့် နိုင်ငံတကာမှ အသိအမှတ်မပြုရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်း
ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်းကို မဲပေးရန် တရက်လို စနေနေ့ နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။

နေပြည်တော်မှာ ည ၆ နာရီဆို ဆိုင်တွေပိတ်
ရွေးကောက်ပွဲ နီးကပ်လာလို့ နေပြည်တော်မှာရှိတဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီထိုးရင် ပိတ်ကြဖို့ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက အာဏာပိုင်တွေ ညွှန်ကြားခဲ့ပါတယ်။

"ဆိုင်ခန်းတွေ ညနေ ၆ နာရီဆိုရင် ပိတ်ရတယ်။ ၄ ရက် ရှိပြီ။ စားသောက်ဆိုင်တွေ ပိတ်ရတယ်။ ညနေ ၆ နာရီ ဆိုင်တွေ ပိတ်ပေမယ့် အပြင်တော့ သွားလို့ရပါတယ်" လို့ နေပြည်တော် မြို့မဈေးမှ ဆိုင်ရှင်တယောက်က မဇ္ဈိမကို ပြောပါတယ်။

ည ၁၁ နာရီကျော်မှ ပိတ်လေ့ရှိတဲ့ ဘီယာဆိုင်တွေကတော့ လွန်ခဲ့တဲ့ ၃-၄ ရက်မှာပဲ ည ၉ နာရီဆို ပိတ်ကြရပါပြီ။ ဒါပေမဲ့ သူတို့ကိုလည်း မနေ့ကစပြီး ညနေ ၆ နာရီအထိပဲ ခွင့်ပြုပါတော့တယ်။

"ဆိုင်ပိတ်ဖို့ ရယက က လာပြောတာ။ တမြို့လုံးက ဆိုင်တွေ အကုန်ပိတ်ရတယ်။ မနေ့ကစပြီး ၆ နာရီ ပိတ်ခိုင်းတာ။ ဒီနေ့လည်း ၆ နာရီထိုး ပိတ်ရမယ်။ ဟို ၃ ရက်၊ ၄ ရက်က ည ၉ နာရီမှ ပိတ်ရတယ်။ မနက်ပိုင်းကတော့ ဘယ်အချိန်ဖွင့်ဖွင့် ရတယ်။ အခုက အရေးကြီးတဲ့ကာလမို့လို့ ပိတ်ခိုင်းတာလို့ ပြောတယ်" လို့ ဘီယာဆိုင်တဆိုင်မှ စားပွဲထိုးခေါင်းဆောင် တယောက်က ဆိုပါတယ်။

NDF အရှိန်မြင့် မဲဆွယ်
ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။
18:18
ကြံ့ခိုင်ရေးနဲ့ ဒီမိုကရက်တို့ အချေအတင်ဖြစ်
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှာ မဲစာရင်းကိုင်ပြီး တအိမ်တက်ဆင်း သွားနေတဲ့ ကြံ့ခိုင်ရေးပါတီက အဖွဲ့နဲ့ ဒီမိုကရက်တစ်ပါတီ တို့ စကားအချေအတင် အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ က ပြောပါတယ်။ မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ

ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ဆီကနေတော့ တုံ့ပြန်ချက် တစုံတရာ မရရှိသေးပါဘူး ။

ဒူကထောင် ကြိုတင်မဲ မရိုးသားဟုဆို
မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်မှာ မနေ့တုန်းက ကြိုတင်မဲကောက်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က မသမာမှု ရှိခဲ့တယ်လို့ ပြိုင်ဘက်ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစည ကိုယ်စားလှယ် ဦးလနန်ဘောက်က ပြောပါတယ်။

မဲထည့်တော့ မဲဆန္ဒရှင် ၅ဝ လောက်ကို လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲ လူအများရှေ့မှာတင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ရေးခြစ်ပေးခဲ့တာကို ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌက လျစ်လျူရှုခဲ့တာကြောင့် ဒီမဲကောက်ခံမှုကို တရားမဝင် ကြေညာပေးဖို့ မြို့နယ်ကော်မရှင်ကို တိုင်တန်းထားတယ်လို့ သူက မဇ္ဈိမကို ပြောပါတယ်။



စွပ်စွဲခံရသူတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူးဟာ ဦးဒိုင်ဟူးနဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂျန်မာထွဲဝါ ဖြစ်ပါတယ်။
15:12
၆ဝ ရာခိုင်နှုန်း မဲပေးမယ် (မဇ္ဈိမစစ်တမ်း)
မြန်မာနိုင်ငံသား ၆ဝ ရာခိုင်နှုန်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးဖို့ အစီအစဉ်ရှိနေပြီး ၃ဝ ရာနှုန်းကတော့ မပေးဘူးလို့ မဇ္ဈိမက ကောက်ယူထားတဲ့ စစ်တမ်းကနေ သိရပါတယ်။

စစ်တမ်းကို ကယားပြည်နဲ့ကလွဲလို့ ပြည်နယ်နဲ့ တိုင်း ၁၃ ခုမှာ ရှိတဲ့ ပြည်သူ ၄ ထောင်ကျော်ကို မေးမြန်းကောက်ခံထားတာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လတ်တလော ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံက လွတ်လပ်တဲ့သတင်းမီဒီယာတွေထဲမှာ အကြီးမားဆုံး စစ်တမ်းကောက်ခံမှုတခုလို့ ပြောလို့ရနိုင်မှာဖြစ်ပါတယ်။

လူတွေ့မေးတာကော၊ တယ်လီဖုန်းနဲ့မေးမြန်းတာပါ လုပ်ခဲ့တဲ့ စစ်တမ်းမှာ ပြည်သူ ၅၉ ရာခိုင်နှုန်းက သူတို့ဒေသက နိုင်ငံရေးပါတီတွေ၊ ပါတီနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေ အကြောင်း သဲသဲကွဲကွဲ မသိကြဘူးဆိုတာကို တွေ့ရှိရပါတယ်။

ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ရေပန်းအစားဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကပ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ကတော့ တတိယနေရာမှာ ရှိတယ်လို့ မဇ္ဈိမ စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းထဲက ၈၆ ရာခိုင်နှုန်းက မဲပေးဖို့အတွက် မကြောက်ဘူးလို့ ဆိုထားပါတယ်။

လူ ၃ ထောင်ကျော်ကို မျက်နှာချင်းဆုံမေးပြီးတော့ ၁၅ဝဝ ကျော်ကိုတာ့ တယ်လီဖုန်းကနေ မေးထားတာဖြစ်ပါတယ်။
14:42
မတူကွဲပြားပါတီ ဘာတွေ ဆင်ဆာထိလဲ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် ဟောပြောစည်းရုံးဖို့အတွက် ပြောကြားမယ့် စကားတွေကို ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်လို့ ဟောပြောရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက မဇ္ဈိမကို ပြောပါတယ်။

“ဖြတ်ခံရတဲ့ဟာက အနှစ်သာရ၊ ကျနော်တို့ ပါတီရဲ့ နိုင်ငံရေးသုံးသပ်ချက်။ နိုင်ငံတခု ပြောင်းလဲလိုတဲ့ ကိစ္စတွေ အများကြီးထဲက တချို့” လို့ ပြောရင်း ဟောပြောရေး ဖျက်သိမ်းဖို့ လုပ်ရပုံကို ဦးနေမျိုးဝေက ရှင်းပြပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ အကြောင်းရင်းတွေထဲမှာ လွှတ်တော်အတွင်းမှာ ဥပဒေဟောင်းပြင်ဖို့၊ ဥပဒေသစ်ပြဋ္ဌာန်းဖို့အတွက် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရင် ဗြောင်မဲခွဲရေး ကျင့်သုံးဖို့ တင်ပြထားတဲ့ စာသားတွေ ပါဝင်ပါတယ်။

“ပြည်သူကို စည်းရုံးရေးဆင်းစဉ် ကာလက တမျိုး၊ လုပ်တော့ တမျိုး မလုပ်ဖို့သာ အဓိက ကျပါတယ်။ ပြည်သူက သိကို သိနေမှ နောက်ထပ်တဖန် ရွေးကောက်ပွဲအတွက် ထောက်ခံကန့်ကွက် စဉ်းစားနိုင်ပါလိမ့်မယ်” လို့ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဗြောင်မဲဆန္ဒကို အသုံးပြုသင့်လဲဆိုတာကို ထဲ့သွင်းပြောထားတာကို တွေ့ရပါတယ်။

မတူကွဲပြားပါတီ ဆင်ဆာဖြတ်ခံရသည့် အကြောင်းအရင်း အပြည့်အစုံကို ဖတ်ရှုရန်အတွက် ဤလင့်ခ်ကို နှိပ်ပါ။
13:01
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆင်သေကန်
ရွေးကောက်ပွဲဆန့်ကျင်တဲ့ အမှတ်အသား ကြက်ခြေခတ်တွေကို ကျောက်ပန်းတောင်းမြို့နားက ဆင်သေကန် ရထားဘူတာရုံမှာ မှုတ်ဆေးနဲ့ ရေးထားတာကို အောက်တိုဘာ ၃ဝ ရက်နေ့က မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်ပါတယ်။ ဗကသ ဆိုတဲ့ စာသားလည်း တွေ့ရှိရတာကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက အဖွဲ့ဝင်တယောက်က ရေးသွားတယ်လို့ ယူဆရပါတယ်။

ဒီရွာဟာ မြောက်ကိုရီးယားလူမျိုးဆရာတွေရှိတဲ့ စစ်ဘက်စီမံကိန်းနဲ့ နီးပါတယ်။

အိမ်ခြေ ၂ဝဝ လောက်ရှိတဲ့ ဆင်သေကန်ရွာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ရွာလုံးကျွတ် ဆန္ဒပြခဲ့ပြီး ယခုအချိန်အထိ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမာခံဒေသတခုလို့ ဒေသတွင်းမှာ ကျော်ကြားပါတယ်။ အနီးအနားရွာတွေမှာ စီဒီအမ်အေ တယ်လီဖုန်းတလုံးစီ စစ်အစိုးရက ချထားပေမယ့် ဆင်သေကန်ကိုတော့ တမင်သက်သက် ချန်လှပ်ထားတယ်လို့ ရွာသားတွေက စွပ်စွဲပြောပါတယ်။

၎ ရက် ၁၁ လ ၂၀၁၀ ဆန္ဒပြပွဲ ကျေးဇူးတင်လွှာ


မလေးရှားနိုင်ငံ ကွာလာလန်ပူ မြန်မာသံရုံးသို့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန္ဒပြ ကန့်ကွက် ရှုံ့ချပွဲသို့
ဖမ်းဆီးမှု အမိန့်ထုတ်ပြန်ထားသည့်ကြားမှ ရဲဝံ့တက်ကြွစွာ လာရောက်ခဲ့သော
လူ့ဘောင့်သစ် ပါတီဝင်
ဘားမားကမ်ပိန်း
အခြားမြန်မာ့ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်း နေကြသော တက်ကြွလူငယ်များ အား
ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) လွတ်မြောက်နယ်မြေ မှ အထူးပဲ ကျေးဇူးတင် ရှိအပ်ပါသည်၊၊

NLD ( YOUTH ) LA MALAYSIA

Friday, November 5, 2010

မလေးရှား မြန်မာသံရုံးရှေ့ ၂၀၁၀-ရွေးကောက်ပွဲ ကန့် ကွက်ရှုံ့ ချ ဆန္ဒပြပွဲ

ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ) ၊ NLD-Youth LA ( Malaysia ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုအဖြစ် ဖွဲ့စည်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မလေးရှားအာဏာပိုင်များမှ ဆန္ဒပြသူများအား မြန်မာသံရုံးရှေ့တွင် လုံးဝဆန္ဒပြခွင့်မပြုဘဲ သံရုံးအနောက်ဖက်ရှိ လက်ဖက်ရည်ဆိုင်ရှေ့၌သာ ပိုစတာကမ်ပိန်းပြုလုပ်ခွင့်ပေးခဲ့သည်။ အာဏာပိုင်များခွင့်ပြုခဲ့သောစည်းကမ်းအတိုင်းလိုက်နာ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှဝန်ထမ်းနှစ်ဦးမှ ဓာတ်ပုံလာရိုက်၍ မိုက်ရိုင်းစွာပြောဆိုမှုကြောင့် ဆန္ဒပြနေသောလူငယ်များနှင့် အခြေအတင်အနည်းငယ်ဖြစ်ခဲ့ပါသည်။မလေးရှားအာဏာပိုင်များ၏ မည်သည့်အခွင့်အရေးမှ မပေးသည်ကို ထုတ်ဖော်လိုသောအားဖြင့် ဆန္ဒပြသူများသည် မိမိပါးစပ်အား လက်ဝါးနှင့်ပိတ်ကာ အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အားအယောက် ၇၀-ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။







Photobucket





ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှုအင်အားစုအဖြစ် ဖွဲ့စည်းကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မလေးရှားအာဏာပိုင်များမှ ဆန္ဒပြသူများအား မြန်မာသံရုံးရှေ့တွင် လုံးဝဆန္ဒပြခွင့်မပြုဘဲ သံရုံးအနောက်ဖက်ရှိ လက်ဖက်ရည်ဆိုင်ရှေ့၌သာ ပိုစတာကမ်ပိန်းပြုလုပ်ခွင့်ပေးခဲ့သည်။ အာဏာပိုင်များခွင့်ပြုခဲ့သောစည်းကမ်းအတိုင်းလိုက်နာ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှဝန်ထမ်းနှစ်ဦးမှ ဓာတ်ပုံလာရိုက်၍ မိုက်ရိုင်းစွာပြောဆိုမှုကြောင့် ဆန္ဒပြနေသောလူငယ်များနှင့် အခြေအတင်အနည်းငယ်ဖြစ်ခဲ့ပါသည်။

မလေးရှားအာဏာပိုင်များ၏ မည်သည့်အခွင့်အရေးမှ မပေးသည်ကို ထုတ်ဖော်လိုသောအားဖြင့် ဆန္ဒပြသူများသည် မိမိပါးစပ်အား လက်ဝါးနှင့်ပိတ်ကာ အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အားအယောက် ၁၀၀ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

                                                                    NLD-Youth LA  Malaysia