Monday, December 10, 2012

မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူများကို ဒေါ်အောင်ဆန်းစုကြည့်က ဝေဖန်ပြောကြားခဲ့။

မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် စနစ်မကောင်း၍ နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးအား လွှတ်တော်မှတစ်ဆင့် ဥပဒေများပြု၍ ပြုပြင်ရန် ကြိုးပမ်းနေကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးဆိုသည်မှာလည်း နိုင်ငံအတွက် လိုအပ်သည့် အရာများကို သူမမှပြောင်းချင်တာဖြစ်ကြောင်း နိုင်ငံအတွက် လိုအပ်မှုအရ ပြောင်းသင့်သည်ကို ပြောင်းရသလို ပျော့ပျောင်းသင့်သည့်နေရာတွင်လည်း ပျော့ပျောင်းရန်လိုကြောင်း၊ အပြောင်းအလဲတွေကို ပျော့ပျော့ပျောင်းပျောင်းနဲ့ အများအတွက်ကောင်းတဲ့ နည်းတွေ အမျိုးသားရင်ကြားစေ့ရေးလို ဖြစ်စေမည့်နည်းတွေနှင့် ပြောင်းလဲမှုများကို ရှာဖွေမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါ သည်။  -EMG

မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။မာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ'' ဟု ပြောကြားခဲ့သည်။''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံကဒီလောက်ဆင်းရဲတာမဟုတ်ပါဘူး။ နောက်ပြီးကျွန်မအမြဲတမ်းဒီဟာကိုခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာအခြားနိုင်ငံတွေနဲ့ယှဉ်လိုက်ရင်သဘာဝသယံဇာတပစ္စည်းအများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာထို့အပြင် စနစ်မကောင်း၍ နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးအား လွှတ်တော်မှတစ်ဆင့် ဥပဒေများပြု၍ ပြုပြင်ရန် ကြိုးပမ်းနေကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးဆိုသည်မှာလည်း နိုင်ငံအတွက် လိုအပ်သည့် အရာများကို သူမမှပြောင်းချင်တာဖြစ်ကြောင်း နိုင်ငံအတွက်လိုအပ်မှုအရ ပြောင်းသင့်သည်ကို ပြောင်းရသလို ပျော့ပျောင်းသင့်သည့်နေရာတွင်လည်း ပျော့ပျောင်းရန်လိုကြောင်း၊ အပြောင်းအလဲတွေကို ပျော့ပျော့ပျောင်းပျောင်းနဲ့ အများအတွက်ကောင်းတဲ့ နည်းတွေ အမျိုးသားရင်ကြားစေ့ရေးလို ဖြစ်စေမည့်နည်းတွေနှင့် ပြောင်းလဲမှုများကို ရှာဖွေမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါ သည်။ 
 -EMG

Friday, December 7, 2012

““ကြယ်စင်လား... စတားအတုလား””
ရေးသားသူ - အောင်ဆန်းစုကြည်

တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်းငုံ့ကြည့်လိုက်တဲ့အခါ ခန်းမ အထက်မျက်နှာကြက်က မီးလုံးများမြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ် ကလေးများ တောက်ပသလို လင်းလက်နေတာတွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိ မပြုနိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။

“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာ ကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့တောင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင် ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲ အလင်းပွင့်လေးများ လို မြင်နေရပါတယ်။

အခုခေတ်မှာ “စတား” ဆိုတဲ့ “ကြယ်” လို့အဓိပ္ပာယ်ပေါက်တဲ့ အင်္ဂလိပ်ဘာသာစကားလုံးကို တွင်တွင်သုံးကြပါတယ်။ ရုပ်ရှင်အနုပညာရှင်များနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ စတားတွေဟာ အများအလယ်မှာ ရေပန်းစားပြီး အားကျစရာတွေဖြစ်လာတာကြောင့် ဒီစကားလုံးကို ရုပ်ရှင်အနုပညာပညာရှင်များအပြင်၊ အကြောင်းကြောင်းကြောင့် လူအကြိုက်များ၊ ၀ိုင်းပြီးအားကျသြဘာပေးခံရသူတွေကိုလည်း “စတား” တွေလို့ခေါ်တွင်လာတာပါပဲ။ ယခုဆက်သွယ်ရေးတော်လှန်ရေးခေတ်ကြီးထဲမှာ ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေသမျှကို လျင်မြန်စွာသိနိုင်မြင်နိုင်ဆိုတော့ “စတား”တွေကို လူအများက သိကြ၊ မြင်ကြရတာပေါ့။ အဲဒါကြောင့်ပဲ စတားရောဂါတွေ ထလာကြပါတယ်။

စတားရောဂါလို့ ကျွန်မပြောတာ အဓိပ္ပာယ်နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ စတားတွေအပေါ် စိတ်ဝင်စားအာရုံစိုက်တာ၊ စတားတွေအကြောင်းလေ့လာ၊ စတားတွေကို အတုခိုးတာတွေကို ဆိုလိုတာပါ။ ကိုယ်သဘောကျအားကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ စိတ်အားထက်သန် တာကတော့ အပြစ်ကြီးမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် အလွန် အကြူးဖြစ်ခဲပါတယ်။ ရောဂါဆိုပေမယ့် ရောဂါကြီးမဟုတ်ပါဘူးဆိုပါတော့။

စတားဖြစ်ချင်တဲ့ ရောဂါကတော့ ဆိုးနိုင်ပါတယ်။ အနုပညာလောကမှာ ဖြစ်ချင်တာကတော့ သဘာဝကျပါတယ်။ ရောဂါမလွန်ကျွံဖို့ပါပဲ။ ဒါပေမယ့် နိုင်ငံရေးလောကမှာ စတားဖြစ်ချင်လို့ ကတော့ အန္တရယ်များပါတယ်။ ဒီမီဒီယာခေတ်ကြီးမှာ ထင်ပေါ်ကျော်ကြားမှုကို နိုင်ငံရေးလုပ်သူများ ပိုမိုအလေးထားကြသလို ဖြစ်လာပါတယ်။ အများပြည်သူ၊ ကမ္ဘာသူ ကမ္ဘာသားများရဲ့ ထောက်ခံမှု ဆိုတာ မိမိအတွက်မဟုတ်ဘဲ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ဖြစ်ရမယ်ဆိုတာကို အမြဲတစေ မှတ်သားထားဖို့လိုပါတယ်။

ယခု ကျွန်မတို့တွေ ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်ခဲ့ကြလို့ ပြည် တွင်းပြည် ပထောက်ခံအားပေးမှုတွေကို ရရှိနေကြတာပါ။ နှစ်ပေါင်းများစွာ မူပေါ်မှာရပ်တည်ပြီး ဖိနှိပ် ချုပ်ချယ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တာကို လေးစားဂရုဏာထားတဲ့သဘောပါပဲ။ ထင်ပေါ်ကျော်ကြားမှုကို အပေါ်ယံကြောသာမြင်၊ အားကျပြီး စတားလုပ်ချင်တဲ့ စိတ်တွေမဖြစ်ဖို့ အရေးကြီးပါတယ်။

ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကားအဆိုလေး ကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။

ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေးစတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။

တကယ့်ကြယ်ဆိုတာ မီးလျှံတွေအားလုံးသေသွားပြီး ကာလရှည်ကြာစွာ အလင်းရောင်ကို ပေးနိုင် ပါတယ်။

လျှပ်တစ်ပြက် ၀င်းလက်သွားတာဟာ ကြယ်စင် မဟုတ်ပါဘူး။ အတုအပ စတားသာဖြစ်ပါလိမ့်မယ်။

( အောင်ဆန်းစုကြည် ) ဒီစကား- ဒီလှိုင်းဂျာနယ်။
Ref.သတင်းစုဗူး
““ကြယ်စင်လား... စတားအတုလား””
ရေးသားသူ - အောင်ဆန်းစုကြည်

တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်းငုံ့ကြည့်လိုက်တဲ့အခါ ခန်းမ အထက်မျက်နှာကြက်က
မီးလုံးများမြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ် ကလေးများ တောက်ပသလို လင်းလက်နေတာတွေ့လိုက်ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိ မပြုနိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။