Thursday, August 30, 2012

ဦးသိန်းစိန်ရဲ့ “အလှည့်” နဲ့“အပြောင်း”

တူမောင်ညို၊ သြဂုတ် ၂၉၊ ၂၀၁၂

ပြည်ထောင်စုဝန်ကြီး ၉ ဦး “ပြောင်းလဲ တာဝန်ပေး” တယ်ဆိုတာ တကယ်တော့ သမ္မတဦးသိန်းစိန်ဟာ သူ့ရုံးခန်းထဲမှာရှိတဲ့ အဆင့်ဆင့်သော အံဆွဲတွေကို ဟိုဆင့်ကနေ ဒီအဆင့်၊ ဒီအဆင့်ကနေ ဟိုအဆင့်၊ အဆင့်နေရာပြောင်းတာသာဖြစ်ပါတယ်။

ဒါကြောင့် မူလကပြည်ထောင်စုဝန်ကြီး ၂ ဦးသာရှိတဲ့ သမ္မတရုံးဝန်ကြီးဌာနဟာ ပြည်ထောင်စုဝန်ကြီး ၆ ဦးရှိတဲ့ ဝန်ကြီး ဌာနကြီးဖြစ်လာပါတယ်။ သမ္မတရုံးဝန်ကြီးဌာန ရဲ့လုပ်ငန်းတာဝန်တွေကဘာတွေလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေမေးပေးကြပါဦး။ မပြီးဆုံးသေးတဲ့ “ပြည်ထောင်စုအဆင့်အငြင်းပွားမှုပြဿနာ” နောက်မှာ “ပြည်ထောင်စုဝန်ကြီးဖောင်းပွမှုပြဿနာ” ပါထပ်တက်လာပါပြီ။
ပြန်ကြားရေးဝန်ကြီးက သမဝါယမဝန်ကြီးဌာနကို စီမံကိုင်တွယ်နိုင်သလို၊ အလုပ်သမားဝန်ကြီးကလည်း ပြန်ကြားရေး ဝန်ကြီး ဌာနကိုထိန်းချုပ်ကွပ်ကဲနိုင်ပါတယ်။

ဒါကလည်းကျနော်တို့ဝန်ကြီးများရဲ့ပြိုင်စံမပေါ်တဲ့တတ်ပွန်လိမ်မာမှုတွေလို့ပြောရမှလား။ အထွေထွေ ကျွမ်းကျင်သူတွေလို့ပဲဆိုရမှာလား။ နိုင်ငံတကာကို ခေါင်းမော့ဝင့်ကြွားရမယ်အချက်များလား။
“ခရီးမတွင်တဲ့လူတွေ ကျနော်တို့အစိုးရအဖွဲ့ထဲမှာလည်းရှိပါတယ်၊ လွှတ်တော်ထဲမှာလည်းရှိပါတယ် --- လေးလေးပင်ပင်နဲ့ လုပ်နေတဲ့သူတွေကတော့ နောက်ချန်ထားခဲ့ရမှာပဲ” လို့ ဦးသိန်းစိန်က ဗွီအိုအေနဲ့ဗျူးရာမှာပြောခဲ့ဖူးတယ်။ လေးလေးပင်ပင် လုပ်နေသူ တွေ က အစိုးရအဖွဲ့ထဲမှာ “လေးလေးပင်ပင်စာရင်းဝင်” ဘယ်နှယောက်ရှိသလဲ။ဘယ်သူတွေလဲ။

ဦးသိန်းစိန်ဟာ သူပြောသလို တကယ်ပဲ နောက်ချန်ထားခဲ့သလား။
ဒါတွေကိုသိဖို့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဝန်ကြီးတာဝန်အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်ကြည့်ကြရအောင်။
ပြောလုံးကလေးတွေနဲ့စမယ်။ “လေးလေးပင်ပင်လုပ်နေသူတွေ”တဲ့ ဒါကဦးသိန်းစိန်စကား။ သဘောထားတင်းမာသူတွေလို့ သူ့ရဲဘော်တွေကိုပစ်ပစ်ခါခါ မသုံးရှာဘူး။ ဖယ်ရှားပစ်မယ်လို့လည်း ရက်ရက်စက်စက်မပြောဘူး။ “နောက်ချန်ထားခဲ့ရမှာပဲ”တဲ့။ သိပ်ပျော့ ပျောင်းတဲ့သမ္မတကြီး။ စစ်ဗိုလ်ချင်းဝံသာနုတဲ့ စစ်ဗိုလ်သမ္မတကြီး။ အတိုက်အခံတွေလေ့လာအတုယူစရာပေါ့။

“ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲတာဝန်” ပေးတာမှာ ၉ ဦးစလုံး “လေးလေးပင်ပင်စာရင်းဝင်” သမားတွေ ဟုတ် မယ်မထင်ပါဘူး။
အဲဒီအထဲမှာ မြို့မေတ္တာခံယူမယ့်သား ဦးကျော်ဆန်း တစ်ယောက်ကိုတော့အထင်းသားမြင်သည်လို့ ဆိုရမှာပဲ။ သူဟာ အစိုးရ ပြောရေးဆိုခွင့်ရအာဏာပိုင်၊ ဝန်ကြီးဌာန ၂ ခုကိုကိုင်ထားသူဖြစ်ပါတယ်။ အခုတော့သူ့ကို သမဝါယမဝန်ကြီးဌာနသို့ “ပြောင်းလဲ” ပေး လိုက်တယ်။ အစိုးရအဖွဲ့ တန်းစီဇယားအမှတ်စဉ်အရ ဆိုရင် သူဟာယခင်က အမှတ်စဉ်(၈)။ အခုတော့ အမှတ်စဉ်(၁၈)နေရာ ရောက်သွားတယ်။ အစိုးရအဖွဲ့ တန်းစီဇယားအရဆိုရင် “အောက်ရောက်သွားတယ်”လို့ သုံးသပ်ရမှာလား။ “ကျ”သွားတယ်လို့ပြောရမလား။ မီဒီယာ သမားတွေအတွက်တော့ “အဘကျော်”ရန်က လွတ်ပြီလို့ဆိုရမလား။ “အဘကျော်”ကို နေရာရွှေ့ပြီး မီဒီယာသမားတွေကို ကျောသပ်ချွေး သိပ်လိုက်တာများလား။

ဒါမှမဟုတ်နောက်လာတဲ့ “အဘကြည်”က သွားလေသူ “အဘကျော်” ထက်ကဲနေမလား။ တခြားကွဲပြားမှုတော့ မသိပါဘူး။ “အဘကျော်”နဲ့ မတူတာတော့ “အဘကြည်”က “အမေစု” နဲ့ စိမ်းလဲ့ကန်သာမှာ အကြိမ်ကြိမ်ထိတွေဆက်ဆံဖူးသူဖြစ်တယ်။
မေးဖို့လိုတာတော့ ဦးကျော်ဆန်းဟာ အစိုးရပြောရေးဆိုခွင့်အာဏာပိုင် တာဝန်ကနေရောပြောင်းလဲလိုက်ပြီလား။ အရင် တိုင်း ပဲလား။
ဦးအောင်ကြည်။ သူလည်း ဝန်ကြီးဌာန ၂ ခုကိုင်တဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ဆံရတဲ့ စိမ်းလဲ့ကန်သာ“ဆက်ဆံရေးဝန်ကြီး”လည်းဖြစ်တယ်။ (နအဖ) စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ (၉) ကြိမ်တွေ့ဆုံခဲ့ ဖူးပြီး ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရလက်ထက်မှာ (၄) ကြိမ် ထိတွေ့ဆက်ဆံဖူးတယ်။ သူဟာ အစိုးရအဖွဲ့တန်းစီဇယားအမှတ်စဉ်အရဆိုရင် ယခင်ကအမှတ်စဉ်(၁၆) ကနေ ယခုအမှတ်စဉ် (၈)ဦးကျော်ဆန်းနေရာကို ရောက်လာတာဖြစ်တယ်။ဒါကြောင့်“အထက်တက်သွားတယ်” လို့သုံးသပ်ရမှာလား။

ဦးသိန်းစိန်စကားနဲ့ဆိုရင် ဦးကျော်ဆန်းကို “နောက်ချန်ထားခဲ့”တာမဟုတ်ဘဲ။ “နောက်ကိုပို့လိုက်တာ” လို့ ပြောရ မယ်ထင်ပါတယ်။ ဦးအောင်ကြည်ကိုရော စိမ်းလဲ့ကန်သာ “ဆက်ဆံရေးဝန်ကြီး” တာဝန်ကနေ အနားပေးလိုက်ပြီလား။
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ကနေ ဇူလိုင် ၁ ရက်နေ့အတွင်း “ကျန်းမာရေးအကြောင်းပြပြီး နှုတ်ထွက်ကြသူ” ၆ ဦးရှိပါတယ်။ နုတ်ထွက်ကြသူတွေထဲမှာ ဒုတိယသမ္မတ (၁) ဦး၊ ပြည်ထောင်စုဝန်ကြီး (၁)ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် (၁) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (၁) ဦး နဲ့ ဒုတိယဝန်ကြီး (၂) ဦး တို့ပါဝင်ပါတယ်။ သူတို့ဟာ ထုတ်ပယ်ခံရသူတွေမဟုတ်ပါဘူး။ သူတို့ ဟာ ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်းဝင်”တွေလား။

နေမြဲအတိုင်းအပြောင်းအလဲ မရှိ၊ ထူးခြားသူတစ်ဦးတော့ရှိပါတယ်။ သူက ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းဖြစ်ပါတယ်။ သူဟာ ဧရာဝတီမြစ်ဆုံအရေးမှာ “ကျွန်တော်တို့ ဘယ်တော့မှနောက်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ နောက်ဆုတ်မှာလားလို့ မေးခွန်းတစ်ခုမေးပါတယ်။ နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်” ဆိုပြီး ကြမ်းခဲ့ ရမ်းခဲ့သူပါ။ သူဟာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် နေမြဲပါပဲ။

ဦးသိန်းစိန်ရဲ့“လေးလေးပင်ပင်စာရင်း”ထဲ ဦးဇော်မင်း မပါဘူးလား။
သမ္မတဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ထဲမှာပါတဲ့ (ကာလုံ)အဖွဲ့ဝင်တွေကိုတော့ အခုလို “ပြောင်းလဲတာဝန်ပေး”လို့မရနိုင်ပါဘူး။ အစိုးရအဖွဲ့ထဲက(ကာလုံ)အဖွဲ့ဝင်တွေဆိုတာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆီကနေ စာရင်းပေးလို့ခန့်ထားရသူတွေမဟုတ်လား။

ဦးသိန်းစိန်ရဲ့ “လေးလေးပင်ပင်စာရင်း”ထဲ (ကာလုံ)အဖွဲ့ဝင်တွေ မပါနိုင်ဘူးလား။ ပါဝင်နေတယ်ဆိုရင် ဦးသိန်းစိန် ဘယ်လိုများ ပြောင်းလဲ မှာပါလိမ့်။

ဦးသိန်းစိန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့အညီ လှည့်စရာ ပြောင်းစရာတွေ အများကြီးရှိပါတယ်။ ဦးသိန်းစိန်ရဲ့ “အလှည့်”၊ “အပြောင်း” မှာ နစ်ပြီး မျောမသွားကြဖို့သတိပေးချင်ပါတယ်။

( အယ်ဒီတာ့မှတ်ချက် - တူမောင်ညိုဆောင်းပါးသည် ၂၈ သြဂုတ် ကရေးသားခဲ့သောဆောင်းပါးဖြစ်ပါတယ်)

by:facebook

Monday, August 20, 2012

ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁)

(ရေးသူ - ထိန်လင်း)

မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲ ဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက် ဖြစ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ ကောင်းတယ်။


ချွတ်ချော်တဲ့ လွှတ်တော်က သမတကို စိန်ခေါ်ပွဲ စလိုက်တာ တွေ့ရတယ်။ ခုံရုံးကို ဖြုတ်ပစ်- ငါတို့က ပြည်ထောင်စုအဆင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲရဲတောက်နေလိုက်ကြတာ။ Lawmaker တွေလည်း လက်သီးလက်မောင်းတန်းလို့။ အမှန်တော့ lawmaker တွေ အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲေ၇ာက်သွားကြပြီ။ ဒါကို အမတ်တွေ နားမလည်ဘူး။ သူတို့ခမျာလည်း အရှေ့တောင်အာရှမှာ အကြီးကျယ် ဆုံး လွှတ်တော်ကြီးထဲကို ရောက်ပြီး သွေးတွေ နထင်ရောက်နေလိုက်ကြတာ။ NLD အမတ် ဗိုလ်(ပြုတ်)၀င်း ထိန် (မိထီလာ) ပြောတဲ့စကားလေး ရှိတယ်။ လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတားအဆီးမရှိဘူး။ အစိုးရကို မကောင်းဘူး ပြော - တရားသူကြီးတွေ မမှန်ဘူး ပြော- ကြိုက်သလောက် ပြော-ရတယ်။ ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက်သွားမယ် ဆိုတဲ့ စကား လေးပါ။ ဗိုလ်ဝင်းထိန်က အမှန်တော့ လူတော်။ အခြေအနေကြောင့် ဗိုလ်ပြုတ်ဖြစ်ခဲ့ပေမယ့် သူက ပင်ကို တော်တဲ့သူ။

လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်း ထင်တိုင်းကြဲနေတာက ထိန်းမယ့်သူ-ထိန်းနိုင်တဲ့သူ မရှိဘူး ဖြစ်နေတယ်။ ကြံ့ဖွံ့ EC တွေကလည်း တစ်သားတည်း ဖြစ်နေတာ။ ဒါက ဗိုလ်အောင်သိန်းလင်းကို ထိလိုက်တဲ့အချက် လည်း ကျိန်းသေ ပါနေတယ်။ အမှန်တော့ ဗိုလ်အောင်သိန်းလင်း အင်တာဗျူးက အမှန်။ အဲဒီစကားတွေက ဗိုလ်ရွှေမန်းနဲ့ ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားပဲ။ နိုင်ငံရေးဆိုတာ ဒီလိုပဲ။ ကံမကောင်းချင် တော့ ဗိုလ်အောင်သိန်းလင်းက အရမ်း စကားကျွံသွားတယ်။ ဒီတော့ အရေးမယူရင် ပါတီလည်း ဖွဲ့စည်းပုံ ပျက်ဖို့ပဲ ရှိတော့ လူသိထင်ရှား အရေးယူပစ်ရတယ်။ ဒီတစ်ကွက်ဟာ ဗိုလ်ရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ဖွံ့ ထိပ်ပိုင်းက လူတွေအတွက် မနှစ်မျို့စရာ ဖြစ်ခဲ့ရတယ်။

ဗိုလ်ရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်တယ်။ စနစ်တကျ အကွက်ချတတ်တယ်။ ဆိုလို တာက နိုင်ငံရေးဆိုတာ ညစ်ပတ်၊ ကလိမ်ကကျစ် လုပ်တတ်ရတယ်။ မလုပ်ရင်တော့ သေဖို့သာပြင်ပေ တော့။ အခုဆို ဗိုလ်သိန်းစိန်အစိုးရ အကျပ်ရိုက်နေပြီ။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာဒေါက်တိုင်ကြီး သုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာ။ ဒီအညှာကို ချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင်တွေ အချိန်မရွေး ဖြိုပစ် လို့ရပြီ။ ဦးချိုးတယ် လို့ ခေါ်တယ်။ အခု ဖြစ်နေတဲ့ ပြဿနာကို ဘယ်ဘက်ကမှ မလိုက်စတမ်း ပြောရရင် ပြည်သူ့လွှတ်တော်က အာဏာရှင်ဒီမိုကရေစီကို စပြီး ခြေလှမ်းလိုက်တာပဲ။ နောက်ကြောင်း ပြန်ဖို့ စပြီး အကွက်ရွှေ့တာက ဗိုလ်ရွှေမန်းပဲ။ သူ့နောက်ကြောင်းက သမတ ပြန်ရွေးတဲ့ မကျေနပ်ရင် တစ်က ပြန်စ ဆိုတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် အံ့သြဖို့ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရက် တွေ ဒီထဲမှာ ရောယောင်ပါလာတာပဲ။ တစ်ဖက်ကကြည့်ရင် ဒီအင်အားတွေကို ရအောင် စုစည်းနိုင်တာ ဗိုလ်ရွှေမန်းရဲ့ နိုင်ငံရေး ပရိယာယ် သိပ်ကောင်းလို့ပဲ။ ဒါကိုတော့ ချီးကျူးရမှာပဲ။

ဒါပေမယ့် သိသာထင်ရှားတဲ့ အမြင်ကတော့ ဒါက ကြံ့ဖွံ့အတွင်းစည်း ပြဿနာပဲ။ ဒါကို လူသိထင်ရှား တိုက်ကွက်ဖော်လာတဲ့ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ။ စဉ်းစားကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ ကောင်း တယ်။ ဗိုလ်ရွှေမန်းဟာ ဒီလောက် ဦးနှောက်ကောင်းပါ့လား။ ဒါမှမဟုတ် မတော်တဆ ကံကောင်းသွားသည် လား။ ဒါကိုတော့ ဗိုလ်ရွှေမန်းသာ သိပါလိမ့်မယ်။ တစ်ခုရှိတာက ဗိုလ်ရွှေမန်းမှာ နိုင်ငံရေးရူး ရူးနေတဲ့ တိုးနိုင်မန်း ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဒီသားကို ဗိုလ်ရွှေမန်းက လွှတ်တော်ကော်မရှင်တစ်ခုတည်းမှာ ထည့်ထားတယ်။ ရည်ရွယ်တာက ပြည်ထောင်စုအဆင့်ရရင် သူ့သားကလည်း ပြည်ထောင်စုအဆင့် ဖြစ် လာမယ်။ နိုင်ငံခြားခရီးတွေ သွားရင် သူ့သားကို ပွဲထုတ်လာတဲ့အချက်ဟာ ဗိုလ်ရွှေမန်းရဲ့ မန်းမျိုးဆက် ထူထောင်လိုတဲ့ တခြားရည်ရွယ်ချက် ရှိနေမှာ သေချာတယ်။ ဒီနေရာမှာ သူ့သားအရင်းကို ဘာအရည် အချင်းနဲ့ ကော်မရှင်ဝင် ခန့်ထားတာလဲ ဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ ဗိုလ်ပြုတ် တိုးနိုင်မန်းဟာ ခရိုနီခင်ရွှေရဲ့ သမီးကို စုလျားရစ်ပတ်ပြီး စီးပွားရေးအင်ပါယာထောင်နေတယ်။ ခရိုနီတွေက lawmaker ဖြစ် နေတော့ ဒီလွှတ်တော်တွေက ဘယ်လိုလုပ် သန့်စင်နိုင်တော့မလဲ။ တိုးနိုင်မန်းကို မျက်နှာပြောင် တိုက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းဟာ ဗိုလ်ရွှေမန်းရဲ့ မျက်နှာပြောင်တိုက်ရဲတဲ့ သတိကို ဖော်ပြ နေတာ ဖြစ်တယ်။

ပြည်ထောင်စုအဆင့်ကို စပြီးတောင်းတာက ကြံ့ဖွံ့ထိပ်ပိုင်းက ခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အခုနောက် ပိုင်း ကြံ့ဖွံ့ထဲက ဗိုလ်အောင်ကို၊ ဗိုလ်သူရိန်ဇော်၊ ဗိုလ်မောင်တိုး၊ ဗိုလ်အေးမောက် တို့က ဗိုလ်ရွှေမန်းရဲ့ အနီးကပ်အမာခံ ညာလက်ရုံးတွေ အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာတာ တွေ့ရတယ်။ သူတို့လို လူသိ ထင်ရှား မပြသော်လည်း ပညာသားပါပါ နိုင်ငံရေးကစားနေကြတာက ဗိုလ်အောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်မောင်မောင်သိမ်း စတဲ့ နအဖ၀န်ကြီးအဟောင်းတွေ ဖြစ်တယ်။ သူတို့ရဲ့ ကစားကွက်မှာ တိုက်ရိုက် ပါဝင်သွားတာက ကျားဖြူက ဦးရဲထွန်းပဲ ဖြစ်တယ်။ သူက လက်မှတ်တွေ လိုက်စုတယ်။ အမှန်က ကျားဖြူ ဦးရဲထွန်းဟာ အခွင့်အရေးသမား ဖြစ်တယ်။ ကျားဖြူရဲထွန်းဟာ ပါတီရဲ့ မူဝါဒနဲ့ မဆိုင်တဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတာကို ကျားဖြူပါတီကလည်း မထိန်းနိုင်တော့ဘူး။ ပြီးတော့ ဦးရဲထွန်းဟာ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားတာ ဖြစ်ပြီး ဒါကို ဦးရဲထွန်းကိုယ်တိုင်တောင် မသိလောက်ဘူး။

ဗိုလ်ရွှေမန်းရဲ့ ဥာဏ်များပုံက ကျားဖြူက နန်းဝါနုကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်သာ အောင် ချုပ်တယ်။ ပြီးတော့ ကော်မတီအသစ်ဖွဲ့ ဥကဌခန့်တယ်။ လွှတ်တော်ထဲမှာ ဦးနဒကျော်စွာ ပြော သွားတဲ့ ဗိုလ်ရွှေမန်းက တားထားလို့ ဆိုတာ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥကဌ ဖြစ်လာ တဲ့အချိန်ကို စောင့်နေတာ။ ဒါမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ သူ့နောက်ပါလာမယ်။

ကဲ ထားတော့။ ခုံရုံးကို ဖြုတ်ချနိုင်ပြီ ဆိုရင် သူက ဘာမဆို လုပ်လို့ ရသွားပြီ။ သူ့ကို ထိန်းနိုင်တာ ခုံရုံးပဲ ရှိတယ်။ ခုံရုံးကို ဦးချိုးနိုင်ပြီ ဆိုရင် အစိုးရကိုရော၊ တရားလွှတ်တော်ကိုပါ ထင်ရာစိုင်းလို့ ရသွားပြီ။ အခု ရွေး ချယ်လိုက်တဲ့ သားကောင်က ခုံရုံး ဖြစ်နေတာကိုက အရေးကြီးတဲ့ အချက်လို့ မြင်တယ်။

မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့ တပည့်၊ Eleven, The Voice, Street View နဲ့ အခြား ဂျာနယ်အတော်များများကို ကိုင်ထားတယ်။ Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖို့ ဖွဲ့ထားတာ ဖြစ်တယ်။ ဗိုလ်ရွှေမန်း မှားသွားတဲ့အချက်က တိုးနိုင်မန်းကို တည့်တိုး ကြီး အဖွဲ့ဝင် ပေးလိုက်တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်ရွှေမန်းရဲ့ ချမ်းသာကြွယ်ဝမှုက တေဇနဲ့ ထွန်းမြင့်နိုင်တို့ ထက် မသာရင်သာနေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်း အားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူ ပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်း ဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ေ၇ာင်းချပြီး သူဌေး ဖြစ်လာ တာ။ ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထဲ့တာ ဦးပိုင်က လူတွေ အာချောင်လို့ ဗိုလ်တင်အေးက ဖုံးဖိထားခဲ့ရတယ်လို့ ဆိုတယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်တယ်။ တိုးနိုင်မန်းဟာ ဘ၀င်မြင့်ရောဂါ ရနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လက်သိပ်မွေးဖို့ ကြံစည်နေတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစု ကြည်အနားက ဒေါ်ဥမ္မာ၊ ဒေါ်စုစုလွင်တို့ကို တစ်ဆင့်ခံ ထောက်ပံ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ် ရွှေမန်း မဟာမိတ်ဝန်ရိုးတန်း ဖြစ်အောင် လုပ်နေတာက တိုးနိုင်မန်းပဲ။ ခက်တာက ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ရွှေမန်းကို မယုံဘူး။ ဗိုလ်သိန်းစိန်အပေါ်မှာတော့ အတော်ကလေး ယုံကြည်မှု ရှိတယ်။ ဒါကို တိုးနိုင် မန်းက မခံချိမခံသာ ဖြစ်ပြီး သူ့အဖေ ဗိုလ်ရွှေမန်း နာမည်ရဖို့ ရှာဖွေဖော်ထုတ်လာနေတာ ဖြစ်တယ်။ တိုးနိုင်မန်းရဲ့ ဂျာနယ်မှာ ဖော်ပြနေတာက တိုးနိုင်မန်းရဲ့ အာဘော်တွေပဲ။ တိုးနိုင်မန်းဟာ သန်းထွတ်အောင် နဲ့ပေါင်းပြီး ပြည်သူတွေကို အဆိပ်ကျွေးနေတာ ဖြစ်တယ်။

လယ်သမား မြေသိမ်းခံရတဲ့ ကိစ္စ သူ့လွှတ်တော်က ဘာဖြစ်လို့ မကိုင်ရဲတာလဲ။ ခရိုနီတွေ ကြီးစိုး နေတာကို သူ့လွှတ်တော်က ဘာဖြစ်လို့ အသံမထွက်ရဲတာလဲ။ တစ်လောက ပိုင်ဆိုင်မှု ကြေညာဖို့ ငြင်းကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကြေညာသင့်တယ် ဆိုတော့ လွှတ်တော် အသံတိတ်သွား တာ မျက်နှာပြောင်နဲ့ နေရဲတယ်။ ဗိုလ်ရွှေမန်းနဲ့ မိသားစုဝင်တွေရဲ့ ချမ်းသာမှုဟာ အာရှထိပ်တန်း (၅၀) ထဲမှာ ၀င်နေတယ်လို့ စင်ကာပူက ဓါတ်သိတွေက ပြောတယ်။ အစိုးရ၀န်ကြီးဌာနတွေထဲမှာ တိုျးနိုင်မန်း၊ အောင်သက်မန်းတို့ ၀င်ပြီး ကိုင်ထားတာ အတော်များနေပြီ။ ၀န်ကြီးတွေက တိုးနိုင်မန်းကို မလှန်ရဲဘူး။ အဆိုးဆုံး ဗိုလ်သိန်းထွန်း ကိုင်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးဟာ ဗိုလ်ရွှေမန်းရဲ့ သူလျှိုတွေချည်းပဲ ပြည့်နှက်နေတာ ဖြစ်တယ်။ အလားတူ ပို့ဆောင်ရေး၊ သတုတွင်း၊ လယ်ဆည်၊ စီးပွား/ကူးသန်း၊ ဟိုတယ်/ခရီး ဒီဝန်ကြီးဌာနတွေဟာ အောင်သက်မန်းနဲ့ တိုးနိုင်မန်းတို့ရဲ့ လက်ခုပ်ထဲက ရေသာသာ အဆင့်တွေပဲ ဖြစ်တယ်။ ဒါကို ဗိုလ်သိန်းစိန် က ရှင်းပစ်တော့မှာ သိတော့ ဗိုလ်ရွှေမန်းဟာ တိုက်ကွက် တစ်ခုပြီး တစ်ခု ဖော်လာတာ ဖြစ်တယ်။

အမှန်တော့ လွှတ်တော်အမတ်တွေက ဘာမှ သိကြတာ မဟုတ်ဘူး။ တစ်လောက ဗိုလ်မြင့်လှိုင် ပြောတာ လွှတ်တော်ရဲ့ အနေအထားမှန်ပဲ။ ထိုင်ဆိုထိုင်- ထဆိုထ အများယောင်ရင် လိုက်ယောင်နေတာ။ တစ်ပါတ်က Hot News ဂျာနယ်မှာ အမတ်တွေ အိပ်မနေကြဖို့ ဗိုလ်ခင်အောင်မြင့်က သတိပေးလိုက်တယ် ဆိုတာ တွေ့ရတယ်။ သတင်းစာထဲမှာလည်း ဥပဒေ စည်းမျဉ်းတွေနဲ့ ပြည့်စုံအောင် အင်ဂါရပ်နဲ့ညီအောင် လုပ်သင့်တယ်လို့ ရှေ့နေချုပ်ရုံးက ပြောတော့ ဗိုလ်ရွှေမန်း အနာပေါ်ထုတ်ကျပြီး ပြန်ပြောလိုက်တာ တွေ့ရတယ်။ ပြောစရာ မလိုဘူး၊ လွှတ်တော်က ဘာလုပ်လုပ်ဆိုတဲ့ သဘောမျိုး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုပြီး လုပ်နေတာ ဖြစ်တယ်။

ဗကပဘက်က ကြားရတဲ့ သတင်းတွေအရ ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ရွှေမန်းကို ဖြုတ်ဖို့ ခွင့်တောင်းထား ပြီးပြီ လို့ သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ရုံအင်အားစုတွေ ရှိတဲ့ ဇေယျာသီရိမြို့နယ်က ဗိုလ်ရွှေမန်း ကို တင်မြှောက်ထားတာ ဖြစ်လို့ Right to recall အရ (၁%)လက်မှတ်ရေးထိုးရင် ဗိုလ်ရွှေမန်း ပြုတ်သွား ပြီ ဖြစ်တယ်။ ဗိုလ်မြင့်လှိုင်နဲ့ ပြဿနာမှာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေး၊ ဗိုလ်သန်းရွှေတို့က အတော်လေး မကျေမနပ် ဖြစ်တယ်လို့ ဆိုတယ်။ အခုလည်း တပ်ကို ဖြိုခွဲတဲ့ သဘောမျိုး လုပ်လာလို့ ဗိုလ်မင်းအောင် လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ လဲလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို နိုင်တာက ဗိုလ်မင်းအောင် လှိုင်ပဲ။ သူက အချိန်မရွေး ဗိုလ်ရွှေမန်းကို ဖြုတ်ပစ်နိုင်တဲ့ အာဏာ ရှိတယ်။ အခု ကြားရတာကတော့ ဗိုလ်သိန်းစိန်က စိတ်ရင်းကောင်းနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တားထားတယ်လို့ ဆိုတယ်။ ဗိုလ်မင်းအောင် လှိုင်ရဲ့ စစ်ရုံးဘက်က သတင်းတွေအရ စစ်ရုံးမှာ ကာကွယ်ရေးဘတ်ဂျက်ဖြတ်ဖို့ လူတွင်ကျယ်လုပ်ခဲ့တဲ့ တိုးနိုင်မန်းကို အတော်ကလေး မကျေမနပ် ဖြစ်နေတယ်လို့ ဆိုတယ်။


အခု နောက်ဆုံးခုံရုံးနဲ့ ဖြစ်တဲ့ ပြဿနာမှာ ဗိုလ်မင်းအောင်လှိုင်ဘက်က ကိုယ်စားလှယ်တွေက လုံးဝ မထောက်ခံဘူး လို့ သိရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကျားဖြူဦးရဲထွန်းဟာ တပ်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးဖို့ သွားစည်းရုံးတော့ ခပ်မာမာပဲ မထိုးနိုင်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ပြီးတော့ စနေနေ့ မြ၀တီသတင်းစာနဲ့ ရတနာပုံသတင်းစာတွေမှာ မောင်အေးချမ်း(ဟားဗတ်)ရဲ့ ဆောင်းပါးတွေ ထည့်သွင်း ဖော်ပြထားတာ တွေ့ရတယ်။ ဒီသတင်းစာတွေဟာ တပ်သတင်းစာတွေ ဖြစ်တဲ့အတွက် တပ်ရဲ့အာဘော်ကို ဖော်ပြလိုက်တာ ဖြစ်တယ်။ ဗိုလ်မင်းအောင်လှိုင် ဆိုလိုချင်တာက တပ်မတော်ကတော့ ဒီလို ဖြစ်စေချင်တယ်၊ ဒီလိုလုပ်ပါ။ မလုပ်ရင်တော့ ဖြုတ်ပစ်ရမယ် ဆိုပြီး ဗိုလ်ရွှေမန်းကို ပြောလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းအနေနဲ့လည်း နောက်ဆုတ်လို့မရအောင် ဘုရင့်နောင် ဖော်ဖျက်ပြီး လူသိထင်ရှားလုပ်ထားတာ ဖြစ်တဲ့အတွက် နောက်ဆုတ်ဖို့ ခက်နေပြီ။ မဆုတ်ရင်လည်း ဗိုလ်မင်းအောင်လှိုင်က ဖြုတ်ပစ်တော့မယ့် အနေအထားမှာ ရှိနေတယ်။ ဗိုလ်ရွှေမန်းကတော့ တိုးနိုင်မန်းရဲ့ နိုင်ငံရေးသီအိုရီ အရူးအနှမ်းတွေကို ဆက်ပြီး လက်ခံနေရင်တော့ ဒုက္ခ တွေ့တော့မယ်။ ပြီးရင် ကြံ့ဖွံ့ ပြိုကွဲမယ်။ တပ်နဲ့ ကျောခိုင်းလိုက်ပြီ ဆိုရင်တော့ ဒီတိုင်းပြီင်္ ဘယ်ကိန်းဆိုက်မလဲ မေးစရာ မလိုတော့ဘူး။

အပိုင်း(၂) ဆက်လက် ဖော်ပြပါမည်။
by New D-Wave

Friday, August 17, 2012

လွှတ်တော်၊ ခုံရုံး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)


တူမောင်ညို မိုးမခ--------------------------------------------------

လွှတ်တော်နဲ့ခုံရုံး ဖြစ်တဲ့ပွဲက တော်တော်ကြမ်းတဲ့ပွဲလို့ ပြောရမှာပဲ။ဒါဟာနိဒါန်းအစသာဖြစ်ပါတယ်။ နောက်ထပ် ဒီထက် ကြမ်း မယ့်၊ ရမ်းမယ့်ပွဲကြီးပွဲကောင်းတွေလာဦးမယ်လို့ မျှော်လင့်ထားကြရပါလိမ့်မယ်
...
တစ်နှစ်သက်တမ်းကျော်ရုံမျှသာရှိသေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရဲ့ မွေးရာပါပြဿနာများရဲ့ ပွဲဦးထွက်ထကြွမှုတွေ သာဖြစ်ပါတယ်။ဒီလိုပွဲတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ရုံးတစ်လုံး ဓါးတစ်စင်း အပိုင်စားရထားကြသူတွေရဲ့ အာဏာပါဝါ ပြိုင်ဆိုင်ကြတဲ့ပွဲ၊ အားစမ်းကြတဲ့ပွဲတွေလည်းဖြစ်ပါတယ်။ တကယ်တော့ ဒီပွဲက ဒုတိယပွဲလို့ပြောရမှာပါ။
ပထမဆုံးပွဲက ပြည်ထောင်စုလွှတ်တော် (အထက်လွှတ်တော်) နာယကနဲ့ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဥက္ကဋ္ဌတို့ အားပြိုင်ခဲ့ကြတာဖြစ်တယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်းမှာဖြစ်ပွားခဲ့တာပါ။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်း ကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။
အဲဒီတုန်းက ပြည်ထောင်စုလွှတ်တော်က လိုအပ်တယ်လို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်။ ပြဿနာတွေပေါ်ပြီးတဲ့ နောက်မှ ပြည်ထောင်စုလွှတ်တော်က သူတို့ဆုံးဖြတ်ထားချက်ကို ပြန်လည်ပယ်ဖျက်ပေးခဲ့ရပါတယ်။ ဒီပွဲမှာ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်ခင်အောင်မြင့် ဘယ်သူက ပါဝါပိုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ လက်တွေ့သိမြင်ခဲ့ကြရတယ်။
ယခုဒုတိယပွဲကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကာလအတွင်းမှာ စတင်ဖြစ် ပွားခဲ့တာဖြစ်ပြီး၊ မပြီးမပြတ်ခဲ့ပဲ စတုတ္တပုံမှန်အစည်းအဝေးအထိ ရောက်ရှိလာခဲ့တဲ့ပြဿနာလည်းဖြစ်ပါတယ်။
ခုံရုံးရဲ့ပါဝါပြမှုကပြင်းထန်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄၄၀) ကို စိန်ခေါ်လိုက်တာလည်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ကို တစ်နာရီကျော် မတ်တပ်ရပ်ခိုင်းခဲ့သတဲ့။ သြဂုတ် ၁၅ ရက်နေ့သတင်းစာ ထဲမှာ အခုလိုဖေါ်ပြထားတယ်။
“ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်တကွ ကိုယ်စားလှယ်ပေါင်း(၄၄၀)ကို ကိုယ်စားပြုပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ( ဦးနန္ဒကျော်စွာ)က က တစ်နာရီခန့်ကြာအောင်မတ်တပ်ရပ်ပြီး နာခံခဲ့ရပါကြောင်း။ လွှတ်တော်အသီးသီး၏ ဥပဒေများတွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဓိပ္ပာယ်ဖွင့်ဆိုချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိဆိုသည့် မှားယွင်းသောဆုံးဖြတ်ချက်ကို တစ်နာရီခန့်ကြာအောင် မတ်တပ်ရပ်နားထောင်ခဲ့ရသည်နှင့် မတန်စွာ ကြားနာခဲ့ရပါကြောင်း” တဲ့။
ထူးခြားနေတဲ့အချက်က “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ်ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိ/မရှိ” ဆိုတဲ့ ကိစ္စဟာ အဓိပ္ပာယ်ဖွင့်ဆိုရေး ပြဿနာမျှသာဖြစ်ပါတယ်။
ဒီပြဿနာကို အတိအလင်းပြဋ္ဌာန်းထားတဲ့ “တည်ဆဲဥပဒေ” (ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ)များကို အခြေခံဥပဒေဆိုင်ရာခုံရုံးက ဂရုမစိုက်ဘဲ ဆုံးဖြတ်လိုက် တဲ့ အချက်ပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီဆုံးဖြတ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌရဲ့တစ်ကိုယ်တော် အဆုံးအဖြတ်လား။ ခုံရုံး တစ်ဖွဲ့လုံးရဲ့ သဘောထားဆုံးဖြတ်ချက်လားဆိုတဲ့ကိစ္စပါပဲ။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က သမ္မတ ဦးသိန်းစိန်ထံပေးမယ့်စာ(သဝဏ်လွှာ)မှာ အောက်ပါ အချက်များပါဝင်ပါ တယ်။
- နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ဖေဖေါ်ဝါရီ ၂ ရက် က တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်၊
- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား၎င်းတို့၏ အသိစိတ်ဓါတ်ဖြင့်တာဝန်မှအနား ယူစေခြင်း တို့ကို ဆောင်ရွက်ပေးရန်
- ထိုသို့ ဆောင်ရွက်မှုကို သြဂုတ်လ ၂၁ ရက်မတိုင်မီ အပြီးဆောင်ရွက်ပေးရန်
- ထိုသို့ ဆောင်ရွက်ပေးပါက ကိုယ်စားလှယ်များဆောင်ရွက်မည့်စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်မှာ မဟုတ် ကြောင်း ဆိုပြီးဖြစ်ပါတယ်။

အထက်မှာကျနော်တင်ပြခဲ့သလို ခုံရုံးရဲ့ ပါဝါပြမှုက ပြင်းထန်သလို လွှတ်တော်ဥက္ကဋ္ဌရဲ့ တုန့်ပြန်မှု (သမ္မတထံပေးတဲ့ပေးပို့မယ့် သဝဏ်လွှာမှာပါရှိတဲ့)ကလည်း အလားတူပြင်းထန်ပါတယ်။ သတ်မှတ်ရက်မှာ မိမိအသိစိတ်ဓါတ်နဲ့ တာဝန်က အနားမယူရင် (နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ) ထုတ်ပယ်ရလိမ့်မယ်ဆိုတဲ့သဘောဖြစ်ပါတယ်။
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၃၄ (က) (၂) ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅) အရ ဥပဒေ အရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင် ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှုပြုလုပ်ရန်” ပထမအကြိမ် ၊ ဧပြီ ၂၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉၁) ဦး၊ နဲ့ ဒုတိယ အကြိမ် သြဂုတ် ၉ ရက်နေ့မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၀၁)ဦးတို့က လက်မှတ်ရေးထိုးပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ကြ တယ်လို့ဆိုပါတယ်။
မနေ့က (သြဂုတ် ၁၄ ရက်နေ့) ကျင်းပခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ပြောတဲ့အတိုင်းဆိုရင် “စွပ်စွဲပြစ်တင်မှုမပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေလည်စေနိုင်သော အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လုပ် ဆောင်ရန်တင်ပြခဲ့တယ်” လို့ဆိုပါတယ်။
ဒါကြောင့် လောလောဆယ်မှာတော့ ကျနော်တို့ နိဂုံးကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ စောလွန်းနေပါသေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ ခုံရုံးအဖွဲ့ဝင်များရဲ့ တုန့်ပြန်မှုနဲ့အသံကို လေ့လာစောင့်ကြည့်ဖို့ လိုပါသေး တယ်။ “ကော်မတီ၊ ကော်မရှင်အဖွဲ့များသည် ဥပဒေအရရော အကြောင်းချင်းအရာအရပါ ပြည်ထောင်စုအဆင့်ပင်ဖြစ်သည် ဆိုသည် ကို အငြင်းပွားစရာမရှိပါကြောင်း” လွှတ်တော်ဘက်ကအခိုင်အမာပြောဆိုထားနေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ “အပြီးသတ်ဆုံးဖြတ်ချက်”က “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအဖြစ်ထည့်သွင်း အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်ညီညွတ်ခြင်းမရှိ ကြောင်း” ဟူ၍ ဖြစ်ပါတယ်။
ခုံရုံးရဲ့အပြီးအပြတ်နှင့်အတည်ဖြစ်စေရမည်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့“အပြီးသတ်ဆုံးဖြတ်ချက်”ကိုလွှတ်တော် ဘက်ကစောဒကတက်နေတာလည်းဖြစ်ပါတယ်။
မည်သည့်အမှုမျိုးတွင်မဆို “ဥပဒေပြဿနာလော”၊ “အကြောင်းချင်းရာပြဿနာလော” စသဖြင့် ဆန်းစစ်ကြရစမြဲဖြစ်ပါတယ်။
“ဥပဒေပြဿနာ”ဟူ၍လည်းကောင်း၊“အကြောင်းခြင်းရာပြဿနာ”ဟူ၍လည်းကောင်းအငြင်းပွားစရာမရှိဟုဆိုပါလျှင်မည်သည့် ပြဿနာကို အငြင်းပွားနေကြပါသလဲ။ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ တမင်သက်သက် တစ်ဗိုလ်တစ်မင်းလုပ်မှုလော၊ အာဏာပါဝါပြမှု သက်သက်လော။

ကျနော်တို့ပြောနိုင်တဲ့အချက်ကတော့ ဒီပြဿနာတွေဟာ လွှတ်တော်ထဲက အတိုက်အခံပါတီတွေ က ဖန်တီးတာ မဟုတ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့မွေးရာပါ ပြဿနာတွေရဲ့ ပွဲဦးထွက်ထကြွမှုတွေသာဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)က စစ်ဗိုလ်တွေကို အခုလို အပိုင်စားနယ်မြေတွေ သတ်မှတ်ခွဲဝေပေးခဲ့တယ်။ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်ခင်အောင်မြင့်က လွှတ်တော်တွေကိုကွပ်ကဲ။ ဗိုလ်သိန်းစိန်တို့က အစိုးရအဖွဲ့ကိုထိန်းချုပ်၊ စစ်တပ်ကိုဗိုလ်မင်းအောင်လှိုင်က ဗိုလ်လုပ်အမိန့်ပေး၊ ရွေးကောက် ပွဲနဲ့ နိုင်ငံရေးပါတီတွေကို ဗိုလ်တင်အေးက ချုပ်ကိုင်။ ခုံရုံးကို ဗိုလ်သိန်းစိုး က အုပ်စီး။ အဲဒီယန္တယားအားလုံးကို (ကာလုံ)က ကြီးကြပ်။ (ကာလုံ)ကို ကန့်လန့်ကာနောက်ကွယ်က ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့က ကြိုးကိုင်ကြိုးဆွဲ စသဖြင့် အဲဒီလို ခုတ်မောင်းလည်ပတ် နေတဲ့စနစ်ကို စည်းကမ်း ပြည့်ဝသောဒီမိုကရေစီလို့ခေါ်တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကတော့ အထက်မှာပြောခဲ့တဲ့ ကာလုံ၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ စစ်တပ်၊ ကော်မရှင် တို့ လုပ်ချင်တာလုပ်နိုင်တဲ့ လက်စွဲတော်ဥပဒေပဲဖြစ်ပါတယ်။
--------------------------------------------------------
ညွန်း
- ၂၀၁၂ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
Posted by MoeMaKa


Wednesday, August 15, 2012

သမ္မတ ဦးသိန်းစိန် ဗွီအိုအေမြန်မာပိုင်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း

ရခိုင်ပြည်နယ်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ပြစ်မှု တခုကို အခြေခံပြီး ဖြစ်ပွားခဲ့ တဲ့ ပြည် တွင်းရေး ကိစ္စ သာ ဖြစ်တယ်၊ နိုင်ငံတကာ စုံစမ်း ဖြေရှင်းစရာ မလိုဘဲ ပြည်တွင်းမှာ လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့်တွေ ထွန်းကားအောင် ဆောင်ရွက်ပြီး၊ ဒေသခံတွေရဲ့ အသိပညာ မြင့်မားရေး တို့ကို ဆောင်ရွက်ရင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါ တယ်။ ဗွီအိုအေ ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံကို ရောက်ရှိနေချိန်မှာ သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။



မေး။ ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုး ပြီးတော့ ပြောပြလာတဲ့ အရေးကြီး ကိစ္စတစ်ခုက ရခိုင်ပြည် ရိုဟင်ဂျာ ကိစ္စ ပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့် အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းဝေးတွေ လုပ်မယ်။ နိုင်ငံတကာ အစ္စလာမ်မစ် ကောင်စီ အစည်းအဝေးတွေ လုပ်တော့မယ် ဆိုတဲ့ နေရာ မှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူဆလင်တွေ အကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို ဗမာနိုင်ငံက အများစုက လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေ ပေးသွားတာတွေ ရှိနေတော့ မြန်မာနိုင်ငံမှာ သမ္မတ ကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာက နေပြီးတော့ လူအခွင့်အရေးဆိုပြီး ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ် ဆိုပြီး ပြောဆိုမှုတွေ ကြားနေရပါတယ်။ အဲ့ဒီ့ကိစ္စ နဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။

ဖြေ။ ။ ဒီဟာလေးလဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို ချီတက် နေတဲ့နေရာမှာ မမျှော်လင့်ပဲ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ ဒီရခိုင်မှာဖြစ်ပျက်တဲ့ ကိစ္စ ကလည်း တစ်ကယ်တော့ ဒီလူတစ်စုကနေပြီးတော့ ခုနကလို ဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက် မခံမရပ်နိုင် ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်း နဲ့ နောက် ဆုံးတော့ အုပ်စုချင်းက ကြီးထွားလာတာ။ ကြီးထွားလာ ပြီးတော့ အချင်းချင်း သတ်တဲ့ ဖျက်တဲ့ အဆင့် ရောက် လာတယ်။ နောက်တစ်ခါ ဆိုးတာက ခုနကလို တစ်ဘက်နဲ့တစ်ဘက် မီးရှို့တယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက် ကလည်း မီးရှို့ တစ်ခါ ဆိုရင် ကိုယ်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေ မယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ရာဇာဝတ်မူ တစ် ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့ အတွက် လူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။ ကျွန်တော် ပြောချင် တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူ မျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင် တွေဖြစ်ပြီးတော့ တစ်ဘက်နဲ့ တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေ နဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တစ်ကယ့် တစ်ကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့ စာရင် အင်မတန် အင်မတန်မှ နည်းပါ တယ်။ သေဆုံး တာ ဆိုရင် လည်း ရာဂဏန်း တောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာ ဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဘက်နဲ့ တစ်ဘက် မီးရှို့ကြတဲ့ အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါး လောက် မီးလောင်တဲ့ အတွက် ဒီအိမ်တွေမှာ နေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေ ဆိုကြပါစို့၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက် လောက်ရှိလဲဆိုတော ဒီကနေ့ ခြောက်သောင်း လောက်ရှိ တယ်။ ခြောက်သောင်း လောက် ရှိတဲ့ အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း ဆိုကြပါစို့ ၊ ရခိုင်တိုင်းရင်းသား ဒုက္ခ သည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက္ခ သည် အခုဆိုရင် စခန်း (၅၃) ခု ဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့ လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည် ထူထောင်တဲ့ လုပ်ငန်းတွေ လုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေ ကို ကျွန်တော်တို့ က ဒီမြန်မာနိုင်ငံမှာ ရှိနေတဲ့ UN အေဂျင်စီက အဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်းပြီး ပွင့်လင်းမြင်သာမူ ရှိအောင် လုပ်နေပါတယ်။ ပထမအဆင့် ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း လူခြောက်သောင်း လောက် ကို ကျွေးရပြုရတဲ့ အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ ချည်းပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်း လုပ်နေတဲ့ UN အဖွဲ့စည်းတွေ အမ်ဂျီအို တွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာ ယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော် တို့ကျေးဇူး တင်ရမှာဖြစ်ပါတယ်။ တစ် အချက်က စားဖို့အတွက် ဒါတွေကို အားသွန် ခွန်စိုက်လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေ ဘာတွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက် ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေး ဘာပေးနဲ့ နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ခုနကလို မသင့်တင့်လို့ အုပ်စုချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလို ကျွန်တော်တို့ အိမ်တွေ မီးလောင်မှုတွေ ဒုက္ခ သည်အဖြစ်တွေ ရောက်လာတာပါ။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာ ဖြစ်ပျက်တာတွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့စည်း တွေနဲ့ ပွင့်လင်းမြင်သာမူ ရှိအောင် ပူးပေါင်းပြီးတော့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း တွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူဆလင် နိုင်ငံက အကြီးအကဲတွေပေါ့ ဟိုတစ်လောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး လာပါတယ်။ နောက်တစ်ခါ ၀န်ကြီးချုပ်ရဲ့အမျိုးသမီးလဲ ပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီကိစတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲပို့ပေးပါတယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင် သွားပြီးတော့ ကူညီကယ်ဆယ်တဲ့ ပစ်္စည်းတွေ ဘာတွေ ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခ သည်တွေကို သွားပြီး တွေ့သလို တစ်ဖက်လည်း ရခိုင် ဒုက္ခ သည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူဆလင် ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓ ဘာသာ ကိုးကွယ်တဲ့ သူတွေ သွားတဲ့လူကိုယ်တိုင်က မူစလင်ဘာသာဝင်ဖြစ်ပေမယ့် လဲ ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေနဲ့ လေးလေး စားစား တွေ့ တာပြုတာ တို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ ရှိပါတယ်။ နောက်တစ် ခုက ကျွန်တော် တို့ ဒီ ရက်ပိုင်းအတွင်းမှာ အင်ဒိုနီးရှား ကနေပြီးတော့ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာ ကာလာဆိုတာ ဟိုတုန်းက ဒု သမ္မတ ပါပဲ။ ဟိုတုန်းတည်းက ကျွန်တော် အင်ဒိုနီးရှား သွားလည်ပတ် ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့ အတွက်ကြောင့် ကျွန်တော် ၀မ်းသာ သွားတယ်။ ဒါကြောင့် မလို့ သူ့လဲရှင်းပြတယ်။ သူသွားချင်တယ် ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူအညီတွေဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အ တွက် လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေ တာတွေ မဟုတ် ဘူး ဆိုတာကို သက်သေ သာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင် လုပ်နေ တာတွေရှိပါတယ်။

မေး။ ။ သူတို့ တောင်းဆိုနေတဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမူတွေ လုပ်ပေးဖို့ ဆိုတာရော ဖြစ်လာနိုင်မလားခင်ဗျာ။

ဖြေ။ ။ တစ်ခုကတော့ ဒီ ကိစ္စ တွေနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ Press Conference တစ်ခုလဲ လုပ်လိုက်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျွန်တော်တို့ အကုန်ဖိတ်ပါတယ်။ ကုလသမ္မဂ အေဂျင်စီတွေ NGO တွေ ပြီးရင် အဲဒီမှာ တိုက်ဆိုင်မူ လို့ပြောရပါ့မယ့်။ မြန်မာနိုင်ငံရဲ့လူအခွင့်ရေး ကိစ္စ လုပ်နေတဲ့ မ စ်္စ တာ ကင်းတာနား ကလည်း ရောက်နေ တယ်။ ရောက်နေတော့ သူ့လည်း ကျွန်တော်တို့ ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင်တက်တယ်။ နောက်နေ့မှာ On Ground ကိုပြတယ်။ ဒီ ကိစ္စက ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာဖြစ်ပျက်တဲ့ ကိစ္စ လေးတစ်ခုပဲဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာလဲမရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူစလင်တွေ အများကြီးနေတယ်။ ရှိတယ်။ ဗုဒ္ဓ ဘာသာဝင်တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန်္ဒူ တွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာမရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက် ကွက်လေး တစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေး ကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလဲ ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သတ်လို့ ဒါလဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလဲ လွတ်လပ်တဲ့ လူအခွင့်ရေး ကော် မရှင် ဖွဲ့ထားတာရှိပါတယ်။ လူအခွင့်အရေး ကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေး ပါလို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့ အတွက်ကြောင့် ပြည်ပကနေပြီးတော့ အင်တာနေရှင်နယ် အစ်ရှုး (Issue) တစ်ခုလို စစ်မယ်ပြုမယ်ဆိုရင်တော့ ဒါတွေကို ဒီမှာလာပြီး မလုပ်သင့်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ်ပြည်တွင်းရေး ကိစ္စ လည်းဖြစ်တယ်။ လုပ်သင့် လုပ်ထိုက် တာတွေလဲ ကျွန်တော်တို့ လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့ မှ ဒီလို စစ်မယ်ပြုမယ် ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စ လို့ ကျွန်တော်ထင်ပါတယ်။

မေး။ ။သမ္မတ ကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေး ကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်း မဟုတ်ဘူး ဆိုပေမယ့် ဒေသတွင်းမှာနေနေတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆို တာက ကျွန်တော်တို့လဲ ငြင်း လို့မရတဲ့ ကိစ္စ ပါ။ အဲလို မုန်းတီးမှုဆိုတဲ့ ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမ လာအောင် အတူယှဉ်တွဲပြီးနေနိုင်အောင် သမ္မတ ကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်း မူတွေ လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ မှန်ပါတယ်။ ကိစ္စ က ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စ ပါပဲ။ အခုချိန်မှာ တန်းရှင်း Tension က အတော်လေးမြင့်နေတဲ့အချိန်မှာ Cool Downဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်း သားပါတီ တွေရှိ ပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီ အကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါ တယ်။ တွေ့ပြီးတော့ ဒီကေ န့ ခုနကလို ကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော် တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့အမြင်နဲ့မြင်ရမယ်။ဒီကနေ့မှာလဲလူအခွင့်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ပြီးတော့ ပြောကြား လာ တယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိ ခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါး ခွန်း ပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါတယ်။ ခင်ဗျားတို့ကလည်း ဒါလေးကို ၀င်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါ ဆိုပြီး တော့ အချိန်ယူ ပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ် ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေး ထားတာ တွေ ရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၄၈ခုနှစ်မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ ဆိုပြီးတော့ ခေါ်ပြုလာကြတာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင် တင်ပြီးတော့ နေနေကြ တာပေါ့။ ၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲ မှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက်ပိုင်းမှာ ဘင်္ဂလီတွေနဲ့ ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိ ထိရောက်ရောက် မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲ ရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေး စနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူ က ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့် လိုက်တဲ့အခါ မှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေကေ ပါက်ဖွား မူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

မေး။ ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရန်ပုံငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သ လို ဆော်ဒီအာရေ ဗီး ယားနိုင်ငံ က နေပြီးတော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စ မျိုး၊ နိုင်ငံတော်အစိုးရ ဆီက နေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာသွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာ ရင်တော့ကောင်း တာပေါ့ ဒါ သမ္မတ ကြီးတို့လည်း ကျေနပ်စရာဖြစ်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာလူ့အခွင့်အရေးအတွက်ဆိုပြီးတော့ဒီလူတွေအတွက်အပြင်ဘက်မှာရှိနေ တဲ့ ဆော်ေ သြာ်ပေးေ န တဲ့ အဖွဲ့အစည်းတွေကို တဆင့် ထောက်ပံ့ ပေးလိုက်တဲ့ အနေအထားမျိုး ကိုရောက် သွားမှာေ ရာ သမ္မ တကြီး တို့အနေနဲ့ မစိုးရိမ်ဘူးလား။

ဖြေ။ ။ စိုးရိမ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ် ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ကူညီပါ လက်တွေ့ခုနကလို ဒုက်္ခခံစားနေတဲ့သူတွေကို ထိထိရောက်ရောက်နဲ့ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့ လည်း ခင်ဗျားတို့ ကူညီပေးတဲ့ ဟာတွေကို ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲ ကိုရောက် သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူတို့နဲ့တွေ့တိုင်းတွေ့တိုင်း ဒီ ကိစ္စ နဲ့ပတ် သက်ပြီးတော့ပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း ကျွန်တော် တို့စိုးရိမ် ပါတယ်။

မေး။ ။ ဒေသတွင်းကအခြေနေနဲ့ပတ်သက်ပြီးပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာတွေ ရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကို အကြောင်းပြုပြီးတော်တော်လေး ပြင်းပြင်း ထန်ထန် ဖော်ပြတာတွေတွေ့ခဲ့ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်အရေးကို အခြေခံပြီး ဖော်ပြ တယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်က ကျူးကျော် လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုး စွပ်စွဲခံရတာတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ္မတ ကြီးအနေ နဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ်အနှောက်ယှက် ဖြစ်ခဲ့တာတွေ ရှိခဲ့လား ခင်ဗျ။

ဖြေ။ ။ ကျတော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှုတွေ ဒီလောက်ထိ ကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေရှိသလို တစ်ဖက်က ခုနလို မွတ်စလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေအင်တာနက်သတင်းတွေ ကျွန်တော်တို့ အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျတော်တို့မှာတော်လေးစိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက အီဂျစ်မှာ ရှိနေတဲ့သံရုံးဆိုရင် ဆန်္ဒလာပြတာတွေရှိခဲ့ပါတယ်။ သာမာန် ဆန္ဒ ပြတာတော့ လူ့အခွင့်ရေးပါပဲ ပြသာနာမရှိပါဘူး သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါအဲမှာရှိတဲ့ မိသားစုတွေသံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့စိုးရိမ်ရပါတယ်။ ဒီကိစ်္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့သက်ဆိုင်ရာနိုင်ငံအကြီးကဲတွေဆီ ကိုယ်တိုင် စာရေးပါတယ်။ ကုလ သမဂ္ဂ မစ္စတာ ဘန်ကီမွန်းထံကိုလဲ ကျွန်တော်စာရေး ပါတယ်။ ဖြစ်စဉ် အမှန်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး တပြည်လုံးမှာဖြစ်နေတဲ့ ကိစ္စ မဟုတ်ပါဘူး။ နေရာလေးတနေရာမှာ ကွက်ပြီးဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားက သမ္မတ ကလဲ ကျတော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက၀န်ကြီးချုပ်ဆိုလဲ ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာသိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေးစိတ် ဓာတ်နဲ့ ပြည်တွင်း မီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း စာနာမှု အမြင်နဲ့ မြင်ရမယ်။လူ့အခွင့်ရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိ လာပါတယ်။ ဒါတွေကို သူတို့သိလာတဲ့ ဒီလိုအမြင်ပြောင်းတဲ့ တချိန်ထဲမှာ ပဲ ပြည်ပကအမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ် လာတဲ့အတွက် ကိုယ့်နိုင်ငံ အတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုးတွေမဖြစ်ရအောင် ခုနကလို ကျွန်တော်တို့ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့ လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့စိတ်ထဲမှာရှိပါတယ်။

ref:VOA

အခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်ရမည်


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေ သြဂုတ်လ ၂၁ ရက်နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက်ပေးဖို့ နိုင်ငံတော် သမ္မတထံတင်ပြမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။လွှတ်တော်တွေကဖွဲ့စည်းခဲ့တဲ့ ကော်မတီတွေရဲ့ အဆင့် ဟာ ပြည်ထောင်စုအဆင့်မဟုတ်ဟု နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့တာ...
ဟာ ဥပဒေနဲ့မညီတဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက စုပေါင်း လက်မှတ် ရေးထိုးတင်ပြချက်ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။


အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်ရန် အဲဒီလို လက်မှတ်ထိုးကြတဲ့ သူတွေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အများအပြားလည်း ပါဝင်တယ်လို့သိရပါတယ်။


ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ တိုင်းရင်းသား အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနဲ့ ဒီကနေ့ နေ့လည်စာ အတူ သုံးဆောင်ခဲ့ကြောင်း သိရပါတယ်။


လွှတ်တော်က ထမင်းစားဆောင်မှာ တိုင်းရင်းသားအစားအသောက်တွေအပါအဝင် ကိုယ်တိုင်ချက်ဟင်းတွေနဲ့ မိမိတို့အတူတကွ သုံးဆောင်ခဲ့ကြကြောင်း ၊ ရှမ်းပြည်နယ် တောင်ကြီးမဲဆန္ဒနယ်မြေ NLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက ပြောပါတယ်။


သတင်းထောက်တွေက လွတ်တော်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဦးသိန်းစိန် နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးတွေ့ဆုံမှုအကြောင်း မေးမြန်းခဲ့ရာမှာ အလွတ်သဘောတွေ့ဆုံမှုသာဖြစ်ကြောင်း သမ္မတနဲ့ ဆက်ဆံရေးမှာ အရင်ကထက် တိုးတက်မှုရှိလာကြောင်းပြန်လည်းဖြေကြားတယ်လို့လည်း သိရပါတယ်။
RFA Burmese

Tuesday, August 14, 2012

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ဒုသမ္မတ လောင်းအဖြစ် ရွေးချယ်ခံရ

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ သတင်းရရှိပါတယ်။။ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း သည် ယခု စက်မှု့ဝန်ကြီး ဦးစိုးသိန်း နောက် ရေတပ် အကြီးအကဲ ဖြစ်လာသူဖြစ်သည်။ပြည်သူများနှင့် သမ္မတကြီး အားကိုးရသော ဒုသမ္မတ တစ်ယောက်ဖြစ်လာတော့မည် ဖြစ်ပါသည် ။





မူရင်း ။ ။ ရွှေနိုင်ငံ

Thursday, August 9, 2012

သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

fng-press
i

HKT မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို့ ဝှက် စွာ ခေါ် ယူ တွေ့ ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
Quantcast
ဆောင် နေသည့် ပြန်ကြား ရေး ၀န်ကြီး ရာထူးနေရာ မှာ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း
ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။
ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို့  ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးသိန်းစိန် အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်
တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။
ထိုတွေ့ ဆုံ မှု ပြု လုပ် ပြီး နောက် ပြန်ကြား ရေး ၀န်ကြီး ဌာန ၏ အင်တာ နက် စာမျက် နှာ နှင့်
Facebook စာမျက် နှာ များ ဖောက်ထွင်း ခံ ရသည် ဆိုကာ ဦးသိန်းစိန် အစိုးရ ၏ ရိုဟင်ဂျာ
အရေး ကိုင် တွယ် ပုံ အား ဝေဖန် မှု ပြုထား သည့် စာများ တက်ရောက် လာခဲ့ သည်။
ဦးကျော်ဆန်း နှင့် ဦးသိန်းစိန် ၏ တိုက် ပွဲ ကြား တွင် လျှပ်တပျက် ဂျာနယ် အယ်ဒီတာ ချုပ် ဦး
မြတ် ခိုင် ၊ The Voice ဂျာနယ် နှင့် Envoy ဂျာနယ် တို့  မြေစာ ပင် ဖြစ်ရသည် ဟု ရန်ကုန်
မြို့  မှာ စစ်တပ် အရာ ရှိ စာရေး ဆရာ တစ်ဦး က FNG udk ပြောသည်။
ဦးသိန်းစိန် အား လိုလား သူများ က ဦးကျော်ဆန်း ၏ လူယုံ တစ်ယောက် ဖြစ်သော ဦးမြတ်
ခိုင် အား တရား စွဲ ဆို ထား သည့် အမှု များ နောက်ကွယ် က ပါရှိ နေ ပြီး ဦးကျော်ဆန်း က
လက် စားချေ သော အား ဖြင့် ပြည်တွင်း ဂျာနယ် ၂ စောင် ကို ထုတ်ဝေ ခွင့် ပိတ် ပင် မှု ပြု
လိုက် သည် ဟု ဆိုသည်။
အဆိုပါ ထုတ်ဝေခွင့် ပိတ် ပင် ခဲ့ မှု ကြောင့် သတင်းထောက် နှင့် စာနယ်ဇင်း သမား များ ချီတက်
ဆန္ဒပြ မှု ပြု ကြ ပြီး နောက် တွင် ဦးသိန်းစိန် က ဦးကျော်ဆန်း ကို သတိပေး စကား ဆို ကာ
ခေါ်ယူ တွေ့ ဆုံ ပြီး ၊ နှုတ် ထွက် စာ တင် ခိုင်း ခြင်း ဖြစ်သည်။
Myanmar , President, Information Department
by F N G

*** အာဏာရှင်နေ၀င်းအကြောင်းတစေ့တစောင့်း ****

လက်ရှိအချိန်မှာတော့မြန်မာပြည်သူတွေဟာစစ်အာဏာရှင်ဆိုတဲ့နက်ရှိုင်းကျယ်ပြောကြမ်းတမ်းသလောက် ကောက်ကျစ်စဉ်းလဲမှုတွေပြည့်နှက်နေတဲ့ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီးတဖက်ကမ်းခြေကိုအရောက်သွားနိုင်ဖို့ ပင်ပန်းတကြီးကူးခတ်နေရပါတယ်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးဟာ အုံကျင်းဖွဲ့တည်လာတဲ့အခြေခံအကြောင်းတရားတွေအရရော လတ်တလောအကြောင်းတရားအရပါကျိုးကြောင်းခိုင်လုံမှုအပြည့်အ၀ရှိတဲ
့အပြင်အဲဒါရဲ့အကျိုးဆက်အဖြစ်နိုင်ငံတနံတလျားကပြည်သူတရပ်လုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပါဝင်ဆင်နွှဲခဲ့ကြပြီး တကမ္ဘာလုံး ရင်သပ်ရှုမောအံ့သြချီးကျူးရလောက်အောင်စည်းကမ်းရှိပြီးညီညွတ်တဲ့လူထုဆန္ဒဖော်ထုတ်ပွဲ ၀ါ အုံကြွမှုကြီး ဖြစ်ပါတယ်။ (၁၉၃၈ ခုနှစ်ကကျောင်းသားခေါင်းဆောင်ကိုအောင်ကျော်ကျဆုံးခဲ့ ရတဲ့အဖြစ် အပျက်ကို အောင်ကျော်အရေးအခင်းလို့မခေါ်ပဲ ၁၃၀၀ ပြည့်အရေးတော်ပုံလို့) ခေါ်မယ်ဆိုရင် ရှစ်ဆယ့်ရှစ်ကို 'ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးလို့' မခေါ်နိုင်စရာအကြောင်းမရှိပါဘူး။

အင်မတန်ပရိယာယ်ကြွယ်ဝ ပါးနပ်ကောက်ကျစ်တဲ့မြင်းသမားတဦးအဖြစ်သူနဲ့ခေတ်ပြိုင်တွေရဲ့ဖော်ပြခြင်းကိုခံရတဲ့ နေ၀င်းဟာဆိုရှယ်လစ်အရေးဆိုတဲ့ကြွေးကြော်သံနဲ့ဆိုဗီယက်အုပ်စုကိုမျက်စပစ်ထားနိုင်ခဲ့တယ်။ ဗမာကွန်မြူနစ်ပါတီကိုဆက်လက်တိုက်ခိုက်ခြင်းအားဖြင့်အမေရိကန်အုပ်စုကိုလှမ်းထိန်းထားနိုင်တဲ့အပြင် လွပ်လပ်ပြီးတက်ကြွသော်လည်းဘက်မလိုက်တဲ့နိုင်ငံခြားရေးမူဝါဒဆိုတာနဲ့ တတိယကမ္ဘာနိုင်ငံတွေရဲ့ရင်ငွေ့ကိုလှုံထားနိုင်ခဲ့တယ် ။

နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ကုလသမဂအထွေထွေညီလာခံတွေမှာကမ္ဘာ နိုင်ငံခေါင်းဆောင်တွေတက်ရောက်ပြီး မိန့်ခွန်းပြောကြတာအစဉ်အလာဖြစ်ပေမယ့် ၁၉၈၈-ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့အခုထိနှစ်ပေါင်း (၂၀) ကျော်အတွင်းန၀တ ၊နအဖအကြီးအကဲတွေ တက်ရောက်မိန့်ခွန်းပြောတာတကြိမ်မှမရှိခဲ့ဖူးပါဘူး။ ကမ္ဘာ့နိုင်ငံရေးမှာဗိုလ်ကျစိုးမိုးရေးဝါဒကျင့်သုံးနေတယ်လို့ (န၀တ)(နအဖ) တို့ကစွပ်စွဲထားတဲ့အမေရိကန်သမ္မတရဲ့ ခါးသီးတဲ့ရန်ဖက်တွေဖြစ်တဲ့ ကပ်စရိုတို့လို၊ အာမက်ဒီနီဂျက်၊ ဟူဂိုချာဗက်၊ တို့တောင်မိန့်ခွန်းသွားပြောကြပေမယ့်မြန်မာနိုင်ငံက (န၀တ)(နအဖ) အကြီးအကဲတွေဟာကုချုပ်ဌာနချုပ်တောင်မရောက်ဖူးတာ ကျန်းမာရေးကြောင့်မဟုတ်ပါဘူးမအားလို့လည်းမဟုတ်ပါဘူး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့အကြည့်တွေအပြောတွေမခံနိုင်မှာသူတို့ကို သူတို့သေချာနေလို့ပါ။

အာဏာရှင်မှန်သမျှဟာစစ်တပ်ကိုအသုံးပြုပြီးလူထုကိုဖိနှိပ် ၊ လူထုအုံကြွမှုကိုဖြိုခွင်းခဲ့တာချည်းပဲ။ စစ်တပ်ကသာလူထုဘက်ကရပ်တည်ရင် အာဏာရှင်တွေတိုင်းပြည်ကသေပြေးရှင်ပြေးထွက်ပြေးကြရ။ ဆက်ပြီးခေါင်းမာနေရင်တော့အသတ်ခံရတဲ့အထိကြုံရပြီး စစ်တပ်ကအာဏာရှင်ဖက်ကရပ်တည်ရင်တော့ လူထုဖက်မှာအကြီးအကျယ်နစ်နာဆုံးရှုံးမှုတွေပေါ်ပေါက်နိုင်ပါတယ်။

စစ်တပ်ခေါင်းဆောင်တွေဟာလူထုနဲ့ပူးပေါင်း သို့တည်းမဟုတ် လူထုကိုနှိပ်ကွပ်ဖြိုခွင်းဖို့ဆိုတဲ့အာဏာရှင်တွေရဲ့အမိန့်ကိုမနာခံတဲ့အတွက်အဲဒီနိုင်ငံကလူထုတော်လှန်ရေးတွေ အောင်မြင်ပြီးအာဏာရှင်တွေပုံစံအမျိုးမျိုးနဲ့ပြုတ်ကျကုန်တာဖြစ်ပါတယ်။(ဥပမာ - ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတဲ့အထိဦးတည်သွားစေတဲ့ စစ်ခေါင်းဆောင်တစုက သမ္မတဂေါ်ဘာချက်ထံကအာဏာသိမ်းဖို့ကြိုးစားတဲ့ဖြစ်ရပ်၊ ဘာလင်တံတိုင်းပြိုကျသွားတဲ့ဖြစ်ရပ် ၊ …နောက်ဆက်တွဲ ရော်နယ်ရေဂင်ရဲ့ဒီတံတိုင်းကိုဖြိုချပစ်ပါ မကြာခင်တင်ပေးပါမည် KN….)ကျနော်တို့အမိမြန်မာပြည်ဆယ်စုနှစ်အတော်များများကံခေခဲ့ပါတယ် အကြောင်းကတော့ ဖိလစ်ပိုင်ကရာမို့စ်တို့လို ၊ အင်ဒိုနီးရှားက၀ီရန်တို့လိုပြည်သူလူထုဖက်ကရပ်တည်တဲ့စစ်တပ်အကြီးအကဲမျိုး မပေါ်ထွန်းခဲ့လို့ပါပဲ၊ (ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားနေချိန် စစ်တပ်အကြီးအကဲဖြစ်တဲ့ဗိုလ်ချုပ်စောမောင်ဟာ တဘက် ဖက်ကနေပြတ်ပြတ်သားသားရပ်တည်ဖို့ဆုံးဖြတ်တဲ့အခါ တချိန်ကအရှေ့တောင်အာရှမှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ဖွံ့ဖြိုးတိုးတက်ဖို့အလားအလာအကောင်းဆုံးဖြစ်တဲ့နိုင်ငံကို LDC ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်အောင်ပုံဖော်ခဲ့တဲ့မောင်နေ၀င်းဖက်ကနေရပ်တည်ခဲ့ပါ တယ်။)

၁၉၆၂ ခုနှစ်မှာမလွှဲသာလို့စစ်တပ်ကသိမ်းပိုက်လိုက်ရတဲ့အာဏာကို (၁၉၇၄- အခြေခံဥပဒေအရပြည်သူလက်ဝယ်လွှဲပြောင်းပေးတယ်ဆိုတာကလည်းအောက်ခြေဒေသန္တရအဆင့်တကယ့် အရပ်သားအစစ်တွေအာဏာယန္တယားထဲပါဝင်လာတယ်ဆိုပေမယ့် တကယ့်ထိပ်ဆုံးအဆင့်မှာတော့ ဦးနေ၀င်းအပါဝင် ထိပ်တန်းခေါင်းဆောင်အားလုံးဘောင်းဘီချွတ်ပြီးပုဆိုးဝတ်လိုက်ကြတဲ့အပြင်အဲဒီပုဆိုးပြင် ၀တ်လိုက်တဲ့ခေါင်းဆောင်တွေကပဲစစ်တပ်ရဲ့သော့ချက်နေရာတွေအားလုံးကိုထိန်းချုပ်ထားတာမမြန်မာနိုင်ငံဟာအနှစ်သာရအားဖြင့် စစ်အစိုးရလက်အောက်မှာပဲရှိနေခဲ့ပါတယ်။
ခေတ်ဟောင်းဖြစ်ဖြစ်ခေတ်သစ်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် တပ်မတော်ကအလေးထားပြီး ဦးထိပ်ပန်ဆင်ရမယ့်အမြင့်မားဆုံးသစ္စာတရားက ပြည်သူလူထုအကျိုးစီးပွားပဲဖြစ်တယ်။ အဲဒီအခြေခံ အနှစ်သာရကနေ မြန်မာစစ်တပ်ဟာသွေဖြည်လာမှုဟာ ဗိုလ်မောင်မောင်လက်ထက် မှာစတင်သ န္ဒေတည် လာပြီး ဗိုလ်နေ၀င်းလက်ထက်မှာလူလားမြောက်တယ် ဗိုလ်သန်းရွှေလက်ထက်မှာတော့ အဖွံ့ဖြိုးဆုံး အကြီးမားဆုံးအဆင့်ကိုရောက်နေပြီလို့ဆိုရမယ်။
ဗိုလ်မောင်မောင်စစ်တပ်ဟာအမျိုးသားပြန်လည်ထူထောင်ရေးကြေးကြော်သံနဲ့ဒီမိုကရေစီကိုကျောခိုင်းပြီးမြို့ပြဆင်းရဲသားပြည်သူတွေ၊တိုင်းစွန်နယ်ဖျားကတိုင်းရင်းသားပြည်သူတွေကိုငိုကြွေးစေခဲ့တယ်။ အတိုက်အခံနိုင်ငံရေးသမားတွေကိုတကျွန်းပို့ပြီးညှဉ်းပန်းနှိပ်စက်တယ်။ ဗိုလ်နေ၀င်းစစ်တပ်ကအဲဒီလုပ်ထုံးလုပ်နည်းတွေကိုထိန်းထားနိုင်တဲ့အပြင်ဆိုရှယ်လစ်ကြွေးကြော်သံနဲ့ဒီမိုကရေစီကိုအပြီးတိုင်မြေမြှုပ်သဂြိင်္ုလ်လိုက်တယ်။အရေးအခင်းအဆက်ဆက်ရန်ကုန်မန္တလေးအပါဝင် မြို့ကြီးမြို့ငယ်တွေရဲ့မြို့လယ်ခေါင်နေ့ခင်းကြောင်တောင်မှာ ကျောင်းသားအလုပ်သမားရဟန်းပြည်သူတွေကို ရက်စက်စွာနှိမ်နှင်းခဲ့တယ်။ ဗိုလ်သန်းရွှေစစ်တပ်ကဘယ်လိုအခြေအနေရှိသလဲ အထက်ပါပြောခဲ့တဲ့သွေဖည်မှုတွေ အထွဋ်အထိပ်ရောက်သွားတဲ့ခေတ်လို့ဆိုနိုင်တယ်။ သူ့လက်ထက်မှာရှိခဲ့တဲ့ တပ်မတော်သာအမိတပ်မတော်သာအဖ ဆိုတဲ့ကြွေးကြော်သံဟာပြည်သူလူထုကိုအဆုံးစွန်စော်ကားလိုက်တဲ့ ကြွေးကြော်သံပါပဲ။

ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရင် နိုင်ငံတကာရဲ့နည်းသဏ္ဍန်မျိုးစုံနဲ့ပေးတဲ့ဖိအားမပါပဲသူ့အလိုအလျောက်စေတနာသဒ္ဒါပေါက်ပြီး ပြည်သူကိုလွပ်လပ်မှုအပ်နှင်းသွားတဲ့အာဏာရှင်တဦးမှမပေါ်ခဲ့ပါဘူး (ဘွဲ့ဖြူ၊ ထိုင်းနိုင်ငံတွင်ထုတ်သောဒီမိုကရေစီအမေးအဖြေစာအုပ်မှ)

မှတ်ချက် ။ ။ အထက်ပါ စာများသည် ဆရာဘွဲ့ဖြူ ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံတွင်ထုတ်ဝေသည့် ဒီမိုကရေစီအမေးအဖြေများထဲမှ ကျနော်ဖတ် ပီးသမျှကောက်နှုတ်ချက်များမျှဝေခြင်းဖြစ်သည်။

byး LWIN PWIN

Wednesday, August 8, 2012

''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ'' ဥက္ကဌဒေါ် အောင်ဆန်းစုကြည်ဖြစ်/ရုပ်/သံ



လွှတ်တော်က အသစ်ဖွဲ့လိုက်တဲ့ ''တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ'' ဥက္ကဌအဖြစ် ဒေါ် အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်က တာဝန်ပေးလိုက်ပါတယ်။ ဦးအံ့ဘုန်းမြတ် တင်ဆက်ထားပါတယ်။ ရိုက်ကူး - ခွန်ခေါင်း
by;DVB TV News'